Tuesday, January 27, 2026

သျှမ်းမြောက်ဒေသတွင် အောက်တိုဘာ အတွင်း မြေမြှုပ်မိုင်း ၄ ဦးနင်းမိ

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် အောက်တိုဘာလအတွင်း အရပ်သား ၄ ဦး မြေမြှုပ်မိုင်း နင်းမိကြောင်း သတင်းရရှိသည်။

Photo from ရွှေဟင်္သာ

အဆိုပါ မြေမြုပ်မိုင်းနင်းမိသည့် အရပ်သားများမှာ အောက်တိုဘာ ၁၉ ရက်တွင် နမ့်ဆန်မြို့နယ် မန်ကန်အုပ်စု၊ မန်ကန်ကျေးရွာ တွင် တဦး၊ အောက်တိုဘာ ၂၁ ရက်နေ့ တွင် မန်ပန်ကျေးရွာသား တဦး၊ အောက်တိုဘာ ၂၄ ရက်နေ့တွင် ဟိုကမ်ကျေးရွာ တွင် တဦး နှင့် အောက်တိုဘာ ၂၅ ရက်နေ့တွင် မန်ကန်ကျေးရွာတွင် တဦး တို့ဖြစ်ကြောင်း သိရသည်။

“ ဦးဇင်း သိသလောက်ကတော့ တပတ်အတွင်းမှာ မြေမြှုပ်မိုင်းနင်းမိတဲ့သူတွေ ၃ ယောက်ရှိပြီး၊ မန်ကန်ကျေးရွာ က ဒကာကြီးဆိုရင် ခြေထောက်ဖြတ်လိုက်ရတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှိဘူး” ဟု နမ့်ဆန်မြို့ မှ ဦးဇင်း အရှင်ဥတ္တမ က မိန့်ကြားသည်။

မြေမြှုပ်မိုင်း အများစုသည် ပြည်သူများ အသုံးပြုသည့် လမ်းတွင်ထောင်ထားကြကြောင်း၊ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂ ါဆုံးရှုံးမှုများရှိကြသည်ဟု အရှင် ဥတ္တမ က မိန့်သည်။

တချို့ မြေမြှုပ်မိုင်းနင်းမိသည့် ပြည်သူများသည် လက်ဖက်ခြံထဲသို့ လက်ဖက်ခူးရန် ဆိုင်ကယ်ဖြင့် သွားနေစဉ် မိုင်းနင်းမိသကဲ့သို့ တချို့မှာ တရွာ နှင့် တရွာ အကူးတွင် မိုင်းနင်းမိကြောင်း လည်း သိရသည်။

“ ဒီတနှစ်အတွင်းမှာ မိုင်းနင်းမိတဲ့ပြည်သူပိုများလာတယ်။ တပတ်တည်းကို ၃ ၊ ၄ယောက်လောက်ရှိတယ်။ ပြည်သူတွေ တောင်ယာတွေ၊ လက်ဖက်ခြံတွေ သွားတဲ့အချိန်ဖြစ်တယ်” ဟု နမ့်ဆန်ဒေသခံ အမျိုးသား တဦး က ပြောသည်။

မြေမြှုပ်မိုင်းထောင်သည့် အဖွဲ့အစည်းအားလုုံးအနေဖြင့် ပြည်သူသွားလာ အသုံးပြုသည့် လမ်းတွင် မထောင်ကြရန်၊ ပြည်သူနှင့် လွှတ်ကင်းသည့်နေရာတွင်သာ မိုင်းများထောင်ရန် လည်း နမ့်ဆန်ဒေသခံများက ပြောဆိုကြသည်။

ပွင့်လင်းရာသီ ဖြစ်လာပြီ ဖြစ်သဖြင့် မြန်မာ တပ်မတော်ထိုးစစ်များပိုမိုများလာနိုင်သဖြင့် ဒေသခံပြည်သူများ မိုင်းအန္တရာယ် ကင်းဝေးရန် နှင့် မိုင်းအန္တရာယ် သတိထားရှောင်ရှားနိုင်ရန် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှလည်း အောက်တိုဘာ ၂၆ ရက်နေ့တွင် အသိပေး ကြေငြာခဲ့သည်။

ဒေသခံပြည်သူများ မိုင်းအန္တရာယ် ကင်းဝေးရန် အတွက် သတိထားသွားလာရန်၊ အထူးသဖြင့် မြန်မာတပ်မတော် စခန်းချသည့်နေရာ အနီးတဝိုက်နှင့် သွားလာလှုပ်ရှားသည့်နေရာဝန်းကျင်များ နင်းမိုင်းများထောင်ထားလေ့ရှိသည် ဟု TNLA ၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အစိုးရပိုင် သတင်းမီဒီယာကလည်း အဆိုပါ မြေမြှုပ်မိုင်းထောင်ထားမှု သည်သောင်းကျန်းသူများ၏ လက်ချက်ဟု ထုတ်ပြန်ကြေငြာထားသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း ဆက်လက် သုံးစွဲမှုများရှိနေသေးပြီး၊ မြေမြှပ်မိုင်းကြောင့် သေဆုံးမှု အများဆုံးမှာ ရှမ်းပြည်နယ် ဖြစ်ကြောင်း မြေမြှုပ်မိုင်း အသုံးပြုမှု တားဆီးရေး နိုင်ငံတကာ လှုပ်ရှားမှု အဖွဲ့ ICBL ၏ ၂၀၁၇ ဒီဇင်ဘာလတွင် ကမ္ဘာတဝှမ်းလုံးမြေမြှုပ်မိုင်း အသုံးပြုမှု အစီးရင်ခံစာတွင် ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လွိုင်ကော်မြို့တွင်း မြေမြှုပ်မိုင်းကြောင့် သုံးလအတွင်း ၇ဦးထိခိုက် ၃ဦးသေဆုံး

0
ကရင်နီပြည်(ကယား) လွိုင်ကော်မြို့တွင် သုံးလတာ ကာလအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၀)ဉီးထိရှိပြီး ထိုထဲတွင် (၃)ဦးသေဆုံးခဲ့ကြောင်း ဒေသအတွင်း သတင်းရင်းမြစ်များက ပြောသည်။ လွိုင်ကော်မြို့တွင်း တိုက်ပွဲများငြိမ်သက်နေပြီး အခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်သည့် စစ်ဘေးရှောင်များသည် နေရပ်သို့ ပြန်လာကြသည်။ ထိုသို့နေရပ်ပြန်လာချိန်တွင်လည်း လွိုင်ကော်မြို့အတွင်း မြေမြှုပ်မိုင်းများရှင်းလင်းမှုမရှိကာ ပြီးခဲ့သည့် စက်တင်ဘာလမှ နိုဝင်ဘာ (၃)လတာကာလအတွင်းမြေမြှုပ်မိုင်းထိခိုက်ဒဏ်ရာရရှိသူ...

ကျောက်မဲ ပြောင်းခြံထဲ မပေါက်ကွဲသော မိုင်း၊ လက်နက်ကြီးများတွေ့ရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် မပေါက်ကွဲသေးသည့် စစ်လက်နက် အကြွင်းအကျန်နှင့် မြေမြှုပ်မိုင်းများကို တောင်ယာထဲတွင် တွေ့ရှိရခြင်းကြောင့် တောင်ယာ သီးနှံရိတ်သိမ်းရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းများကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး...

မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသည့် လွိုင်ကော်ဒေသခံများ သတင်းဖုံးဖိခံထားရ

0
ကရင်နီပြည် အမည်ရ ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း မြေမြှုပ်မိုင်း နင်းမိ၍ ဒဏ်ရာ ရနေသူများကို စစ်ကောင်စီက သတင်းဖုံးကွယ်ထားသည်ဟု မြို့ခံများက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်က လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်တွင် နေအိမ်ခြံဝင်း အတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး...

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...

ဖယ်ခုံ နေရပ်ပြန် စစ်ရှောင်များ မြေမြှုပ်မိုင်းကြောင့် လယ်ယာလုပ်ရန် အခက်အခဲဖြစ်နေ

0
သျှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် နားဟီးရွာ နေရပ်ပြန်စစ်ဘေးရှောင်များသည် မြေမြှုပ်မိုင်းများကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်ခဲဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ဇွန်လဆန်းပိုင်း မှ စတင်ပြီး ဇူလိုင်လအထိ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့ တကျော့ ပြန်လည် ထိန်းချုပ်နိုင်ရန် တော်လှန်ရေး...