သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေး ပင်လုံလူထုနှင့်ကွင်းဆင်းတွေ့ဆုံပွဲ မြန်မာ့တပ်မတော်ဟန့်တား

နေပြည်တော်တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အတွက် အထောက်အကူပြုရန် လင်း ခေးမြို့တွင် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ကျင်းပရေး ကော်မတီ မှ သျှမ်းပြည်တောင်ပိုင်းအတွင်း လူထုနှင့် ကွင်းဆင်းတွေ့ဆုံစဉ် တပ်မတော်မှ အင်အားသုံး ဟန့်တား လိုက်သည်ဟုသိရသည်။

၂၀၁၇ ဒီဇင်ဘာ ၁၇ ရက်နေ့ က သျှမ်းပြည်တောင်ပိုင်း ၁၁ မြို့နယ်မှ ဒေသခံများအား နမ့်စန်မြို့ နှင့် ပင်လုံမြို့ တို့တွင် တွေ့ဆုံပွဲကျင်းပ ခဲ့ကြောင်း၊ ထိုတွေ့ဆုံပွဲအား မြန်မာ့တပ်မတော် အရှေ့အလယ်ပိုင်းတိုင်း လက်အောက်ခံ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးကြီးအောင်ဌေး က တပ်အင် အားဖြင့် လာရောက်ဟန့်တားခြင်း ဖြစ်ကြောင်းသိရသည်။

“၂၁ ရာစု ပင်လုံမှာ အထောက်အကူပြုဖို့ ကျနော်တို့ လုပ်တာဘဲ။ တပ်မတော်က ဒီလိုမလုပ်သင့်ဘူး။ နိုင်ငံတော်ကို ပုန်ကန်တာလဲမလုပ်ဘူး။ အခု လုပ်လိုက်တာက သျှမ်းပြည်တောင်ပိုင်းက ၁၁ မြို့နယ်က လူထု တအား နစ်နာတယ်” – ဟု တက်ရောက်သည့် လူငယ်ခေါင်းဆောင် တဦးကပြောသည်။

တွေ့ဆုံပွဲအားလာရောက်တားမြစ်သောအဖွဲ့သည် အရှေ့အလယ်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် အမိန့်နှင့် လာ ခြင်းဖြစ်ကြောင်း၊ အထက်အမိန့်အရ ဆက်လက်ကျင်းပခြင်းမပြုရန် ပြောလိုကြောင်း ပြောသည်ဟု အဆိုပါလူငယ်က ဆက်လက်ပြောပြသည်။

လင်းခေးမြို့ တွင် ကျင်းပမည့် သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီ ဝင်တဦးက အခု “အခု လို ဟန့်တားပေမယ့် စီစဉ်ထား တဲ့ အတိုင်း ဆက်လုပ်သွားမယ်။ ဟန့်တားတာ မဟန့်တားတာ သူတို့အလုပ်၊ ကျနော်တို့တော့ စီစဉ်ထား တဲ့အတိုင်း ဆက်လုပ်မယ်” – ဟု ပြောသည်။

နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝ သယံဇာတ ခေါင်းစဉ် ၅ ခု နှင့်ပတ်သက်၍ လူထုသဘောထားရယူပြီး လင်းခေးမြို့တွင် ကျင်းပမည့် သျှမ်းအမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲသို့ တင်သွင်းဆွေးနွေးရန် လူပေါင်း ၁၆၀ ကျော်က အုပ်စု ၅ ခုခွဲကာ သျှမ်းပြည်တောင်ပိုင်းမှာ ၂ ဖွဲ့၊ မြောက်ပိုင်းမှာ တဖွဲ့၊ အရှေ့ပိုင်းတဖွဲ့၊ ကချင်၊ မန္တလေး၊ ကယား – ပူးတွဲ အဖွဲ့ တို့ ဖြင့် ကွင်းဆင်းနေ ကြောင်း သိရသည်။

“ဒီလုပ်ရပ်က တပ်မတော်က ငြိမ်းချမ်းရေးမရချင်ဘူးဆိုတာပြသ လိုက်တာဘဲ။ သျှမ်းတွေကို လက်နက်ကိုင်တော်လှန်ရေးခရီး ဆက်လုပ်အောင် သူတို့လုပ်နေတာဘဲ” – ဟု သျှမ်းပြည်တပ်မတော် RCSS/SSA မှ ခေါင်းဆောင် ပိုင်းတဦးက ပြောသည်။

သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် ၂၀၁၇ နှစ်ဦးပိုင်းကတည်းက ပြင်ဆင်လာ၏။ သျှမ်းအမျိုးသားခေါင်းဆောင်များက မြို့တော် တောင်ကြီး သို့မဟုတ် ပြည်ထောင်စု သန္ဓေတည်ရာ သမိုင်းဝင် ပင်လုံမြို့တွင် ကျင်းပရန်ပြင်ဆင်၏။ သို့သော် တပ်မတော် က ဟန့်တားပြီး ဝေးလံခေါင်သီ သည့် သံလွင်အရှေ့ခြမ်း မိုင်းတော့ မြို့တွင်သာကျင်းပရန် ပြောဆို၏။ လွန်ခဲ့သည့်လ နေပြည်တော် တွင် နှစ်ဦးနှစ်ဘက် ဆွေးနွေးကာ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင် ကျင်းပရန် သဘောတူသည်။ ထို့အတွက် အဆိုပါအစည်းဝေးကျင်းပနိုင်ရေး လူထုသဘောထား ရယူရန် ကွင်းဆင်း တွေ့ဆုံစဉ် မြန်မာ့တပ်မတော်မှ ထိုသို့ ဝင်ရောက်ဟန့်တားခြင်းဖြစ်သည်။

ဓါတ်ပုံ- ပင်လုံမြို့တွင်ပြုလုပ်သော သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီမှ လူထုနှင့်တွေ့ဆုံပွဲသို့ အစိုးရတပ်မတော်မှ အင်အားသုံးဝင်ရောက်ဟန့်တားနေပုံ (Photo by Panglong Youth)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဘိန်းစိမ်း ဈေးနှုန်း ကျဆင်းလာမှုကြောင့် တောင်ကြီးခရိုင်အတွင်း ကော်ဖီအစားထိုး စိုက်ပျိုးမှုတွေရှိလာ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်းဘက်တွင် ဘိန်းစိမ်း စျေးနှုန်း ကျဆင်းလာမှုကြောင့်   ကော်ဖီအစားထိုး စိုက်ပျိုးမှုများ ရှိလာကြောင်း သိရသည်။ ထိုသို့ ကော်ဖီပင်များစိုက်ပျိုးသူများလာသော်လည်း အချို့သော နေအိမ်များတွင် သက်ကြီးရွယ်အိုများသာ ကျန်ရှိသောကြောင့် သီးနှံများ စိုက်ပျိုးနိုင်သူ နည်းလာကြောင်း ဟိုပုံးဒေသခံအမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “ဘိန်းစိမ်းက ဈေးမရဘူး။ကုန်ကြမ်းဆို...

ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တောင်ကြီးရောက် စစ်ရှောင်များကို စစ်တပ်က နေရပ်အတင်းပြန်ခိုင်း၊ မပြန်လျှင် မြေသိမ်းမည် ခြိမ်းခြောက်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း ကရင်နီပြည်ဘက်မှ လာရောက်စစ်ရှောင်သူများကို စစ်ကော်မရှင်တပ်က နေရပ်ပြန်ရန် အတင်းဖိအားပေးနေပြီး၊ မပြန်လာလျှင် အိမ်ခြံမြေများ သိမ်ဆည်း မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် စစ်ကော်မရှင်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး...