မူးယစ်သားကောင်ဖြစ်နေတဲ့ မူဆယ် လူငယ်များ

မြစ်ချောင်းဘေးမှာ ဆာလာအိတ်အခွံ အစုတ်တွေနဲ့ အကာအကွယ် ပြုလုပ်ထားတဲ့ တဲတွေ ကို မီး ရှို့နေပါတယ်။

အချိန် က ဒီဇင်ဘာ ၈ ရက်နေ့ မနက်ပိုင်း ဖြစ်ပြီး နေရာကတော့ မူဆယ်မြို့ ဝိန်နားကျေးရွာ နမ့်ပေါ်ချောင်းဘေး ဘိန်းစား စားကျက် တခုပါ။

အဲ့နေရာကတော့ တရုတ် မြန်မာ နယ်စပ် ဒေသ တခုလည်း ဖြစ်ပါတယ်။

“ ချောင်းဘေးမှာ တဲ ၃၀ကျော်ရှိပါတယ်။ ကျနော်တို့ ရောက်သွားတော့ အနံ့တွေ အရမ်းဆိုးတယ်” လို့ မူဆယ်မြို့ ဂရုဏာ လူမှု အဖွဲ့အစည်း က ဦးသောင်းထွန်းက ပြောပါတယ်။

အဆိုပါ နေရာကို ဘေးပတ်ဝန်းကျင်ရှိ ပြည်သူတွေ ၊ ရဲတွေ နဲ့သက်ဆိုင်ရာ အာဏာပိုင်တို့ ပူးပေါင်းပြီး ရှင်းလင်းခဲ့ကြတယ်လို့ လည်း သိရပါတယ်။

ရှင်းလင်းနေတဲ့ အချိန်မှာ တော့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို သာ တွေ့ရှိပြီး ရောင်းချသူကို မတွေ့ရကြောင်း၊ ဒါ့အပြင် သုံးစွဲသူတွေကို ရိုက်ကာ မောင်းထုတ်လိုက်ကြောင်းလည်း ယင်းနေရာ သို့ သွားရောက်ရှင်းလင်းစဉ် လိုက်ပါသွားတဲ့ ဒေသခံ တွေက ပြောဆိုပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသူ အများစု မှာ လူငယ် လူရွယ်တွေ ဖြစ်ကြပြီး၊ မူဆယ်မြို့ မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ပိုများလာတဲ့အတွက် ရင်လေးစရာ အရမ်းကောင်းတယ်လို့လည်း ဦးသောင်းထွန်းက ဆိုပါတယ်။

မူဆယ်မြို့မှာ မူယစ်ဆေးဝါး သုံးစွဲမှုတွေ က ယခင်ထက် ပိုများလာ သလို လောင်းကစားရုံတွေကလည်း လက်ညိုးထိုး မလွှဲရှိနေပါတယ်လို့ မူဆယ် ဒေသခံတွေ က ပြောကြပါတယ်။

“ မူးယစ်ဆေးဝါး ရောင်းချတဲ့သူတွေ၊ သုံးစွဲတဲ့သူတွေကို ရဲအင်အားနဲ့ ရှင်းဖို့ မလွယ်ပါဘူး။ ဖျက်ပြီး ရင် ခဏနေရင် ပြန်ဆောက်ကြမယ်” လို့ မူဆယ်မြို့ ဝိန်နားကျေးရွာ မှ ဒေသခံ စိုင်းထွေး က ပြောပါတယ်။

မူဆယ်မြို့ တဝိုက်မှာ မူးယစ်ဆေးဝါး သားကောင် လို ဖြစ်နေကြောင်း၊ ယခင်က ထက် အဆ ပေါင်းများစွာ ပိုများလာကြောင်း စိုင်းထွေးက ပြောပြပါတယ်။

“ အဓိကတော့ မူးယစ်ဆေးဝါးတွေကို အလွယ်တကူ ဝယ်လို့ ရတာလဲ ပါတယ်။ မူးယစ်ဆေးဝါး နဲ့ ပတ်သတ်ပြီး အရေးယူမှုတွေ ကထိရောက်မှု မရှိတာတွေလည်း ပါတယ်” လို့ စိုင်းထွေးက ဆိုပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်မှု သုံးစွဲမှု တွေနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေ က ဟန်ပြ ဖမ်းဆီးနေတာ ဟုလည်း မူဆယ် ဒေသခံတွေ က ဖွင့်ဟ ပြောဆိုလာကြပါတယ်။

“ ကျနော် အထင်ကတော့ မူးယစ်ဆေးဝါးကို ဟန်ပြ ဖမ်းတာ။ မပေးနိုင်တဲ့သူတွေကို အရေးယူတာ။ နောက် မူးယစ်ဆေးဝါးနောက်ကွယ်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ လုပ်ဆောင်နေတာ” လို့ မူဆယ် မြို့ တောင်ရပ်ကွက်နေ အသက် ၃၅နှစ်အရွယ် အမျိုးသားတဦး က ပြောပါတယ်။

မူဆယ်မြို့တွင် ယခု နှစ်တွင်း မကြာခဏ လုယက်မှု၊ ခိုးမှု နှင့် ဓားပြတိုက်မှု တွေဟာ နေ့စဉ် ဆက်တိုက် ကြားနေရသော်လည်း တရားခံကို ဖမ်းဆီးရရှိမှု မရှိသလောက်ပါပဲ လို့ မူဆယ်မြို့ ဒေသခံတွေက ပြောပါတယ်။

“ ခိုးမှုတွေ၊ ဓားပြတိုက်မှုတွေ၊ လုယက်မှုတွေကတော့ ညနေ ၅နာရီ မှောင်ချိန် ကစပြီး နေရာတိုင်းမှာ ကြောက်နေရတယ်။ လူနည်းတဲ့နေရာတွေဆို သိပ်မသွားရဲတော့ဘူး” လို့ မူဆယ်မြို့ စွမ်စော်ရပ်ကွက်နေထိုင်တဲ့ နန်းအေးအောင် က ပြောပါတယ်။

ဆက်လက်ပြီး နန်းအေးအောင် က“ ကျမတို့ ဘက်မှာ ဆိုရင် နေ့ခင်းလည်း အိမ်ကို သူခိုးကပ်တယ်။ အိမ်ရှေ့ မှာ ဆိုင်ကယ် ခဏထားရင်တောင် သူခိုး က လာခိုးတယ်” လို့ ဆက်လက်ပြောပါတယ်။

မူးယစ်ဆေးဝါး နောက်ဆက်တွဲ ကတော့ မူဆယ် ပြည်သူတွေ မလုံခြုံတော့ကြောင်း၊ ကိုယ့် အိမ်ကိုလည်း စိတ်မချရကြောင်း မူဆယ်မြို့တောင်ရပ်ကွက်နေ စိုင်းအောင် က ပြောပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေ နဲ့ ပတ်သတ်ပြီး စိုင်းအောင် က “ အခုနောက်ပိုင်း ဘိန်းစားတွေက ဘာရရ ခိုးတယ်။ ညသန်ခေါင်း ကားဘီးဖြုတ်တာတွေ၊ အဝတ်ခိုးတာတွေ အစုံပဲ။ ဆိုင်ကယ် ခိုးတာ ကတော့ အများဆုံးပဲလို့ ” ဆိုပါတယ်။

မူဆယ်မြို့ရဲ့ မူးယစ်ဆေးဝါး သားကောင်တွေ က တနေ့တခြားများလာသလို မူးယစ်ဆေးဝါး ရောင်းချသူတွေ ကို လည်း သက်ဆိုင်ရာ က ဖမ်းဆီး အရေးယူမှုတွေ မရှိတဲ့အတွက် ဒေသခံတွေ က စဉ်းစားစရာ ဟုလည်း ပြောဆိုကြပါတယ်။

“ ရောင်းသူတွေ ရှိသရွေ့ သုံးသူရှိသလို၊ သုံးသူရှိသရွေ့ ရောင်းသူတွေလည်းရှိမယ်။ ဒါပေမယ့် ရောင်းတဲ့သူတွေကို ထိရောက်တဲ့ ဥပဒေ အရ အရေးယူမယ်ဆိုရင်တော့ သုံးစွဲသူတွေ လျော့လာမယ်” လို့ လည်း စိုင်းအောင် က ထပ်မံဆိုပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူးယစ်ဆေးဝါး သုံးစွဲမှုက ပိုများလာပြီး၊ မိဘတွေ ထံက အမွေဆက်ဆံတဲ့ အတိုင်းဖြစ်နေတယ်လို့ လည်း ရှမ်းပြည်နယ် မြောက်ပိုင်း မှ ဒေသခံတွေ ကဆိုကြပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မုံးပေါ် ဒေသ မှာ ဆိုရင် အသက် ၁၂ အရွယ် ကစ မူးယစ်ဆေးဝါး သုံးစွဲ လာတဲ့ အတွက် ဓလေ့ထုံးစံအရ သောက်သုံးနေကြသလို ဖြစ်နေတယ်လို့ မုံးပေါ် ဒေသ အမျိုးသမီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ ဝင် တဦးကပြောပါတယ်။

မြန်မာ နိုင်ငံ ဟာ အာဖဂန် နစ္စတန် ပြီးရင် တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံတခု ဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ရုံး (UNODC) ရဲ့ ကမ္ဘာ့ မူးယစ်ဆေးဝါး အစီရင်ခံစာ တွင်ဖော်ပြထားပါတယ်။

နောက်ပိုင်း မှာ မြန်မာ နိုင်ငံဟာ “ရာဘ” သို့မဟုတ် “ရာမ” လို့ လူသိများတဲ့ အယ်ဖီ တမင်း အမျိုးအစား စိတ်ကြွဆေးပြားကို လည်း အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့တယ်လို့ မူးယစ်ဆေးဝါး မူဝါဒ ပြောင်းလဲ ခြင်း ထောက်ခံဆွေးနွေး ရေး အဖွဲ့ (မြန်မာ) ရဲ့ ၂၀၁၇ ခုနစ် ဖေဖော်ဝါရီ ထုတ် အစီရင်ခံစာ မှာ ရေးသားထားပါတယ်။

ကချင် နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ တွေမှာ မူးယစ်ဆေးဝါး သုံးစွဲမှု အများဆုံ ဖြစ်ပြီး။ မူးယစ်ဆေးဝါး အကြောထိုးသွင်း သုံးစွဲသူ တွေ အတွင်း အိတ်ချ် အိုင်ဗွီ ပိုုးကူးစက် ပျံ့ပွားမှု ကို ကိုယ်တွယ် ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှု တွေ လိုအပ်နေကြောင်းလည်း UNAIDS အစီရင်ခံစာ တွင်ဖော်ပြထားပါတယ်။

မြန်မာ နိုင်ငံမှာ အသက် ၁၅ နှစ် အထက် မူးယစ်ဆေးဝါး ကို အကြောတွင်း ထိုးသွင်း သုံးစွဲသူ အရေအတွက် ၈၃၀၀၀ လောက်ရှိနေတယ်လို့လည်း UNAIDS အစီရင်ခံစာ မှာ ရေးသားထားပါတယ်။

မြန်မာ နိုင်ငံရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပြသာနာ တွေကတော့ ဆင်းရဲနွမ်းပါးမှု၊ စားနိပ်ရိက္ခာ မဖူလုံမှု၊ ဖွံ့ဖြိုး မှု နောက်ကျခြင်း၊ အားနည်းတဲ့ အုပ်ချုပ်စီမ့ရေး နဲ့ တရားဥပဒေ စိုးမိုးမှု အားနည်းနေခြင်း ဖြစ်ပါတယ် လို့လည်း အစီရင်ခံစာ မှာ ရေးသားထားပါတယ်။

မူဆယ်မြို့ ရဲ့ မူးယစ်ဆေးဝါး သားကောင် ဖြစ်နေတဲ့ လူငယ်တွေ ရဲ့ အနာဂတ်တွေဟာ တော့ လက်ရှိမှာ သေနေတဲ့ သူ လိုပါပဲ။

မူဆယ် မြို့ကို မူးယစ်ဆေးဝါး ကင်းစင်ပြီး လုံခြံုစိတ်ချတဲ့ ဒေသ တခု ဖြစ်လိုကြောင်း၊ မူးယစ်ဆေးဝါးနဲ့ ပတ်သတ်ပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးလိုကြောင်းလည်း မူဆယ်ဒေသခံများက တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါးရှင်- နန်းဆိုင်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့နယ်ရှိ စာသင်ကျောင်းများတွင် “အချိန်ပိုကြေး” အမည်ဖြင့် ငွေကြေးကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူမြို့နယ်ရှိ အစိုးရ စာကျောင်းများတွင် ကျောင်းသား/သူ များကို “အချိန်ပို” ဟုခေါ်ဆိုကာ တစ်ဦးလျှင် ငွေကျပ် ၁ သောင်းခွဲပေးဆောင်ရကြောင်း စုံစမ်းသိရပါသည်။ ယခု  ၂၀၂၆ - ၂၇ ပညာသင်နှစ် မိုင်းရှူးမြို့နယ် နားစံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း နှင့် ဖာယကျေးရွာ အခြေခံပညာ...

ချင်းမိုင်တွင် လုပ်ပိုင်ခွင့်ကျော်လွန်ပြီး ရေခဲမုန့်လှည့်လည်ရောင်းချသည့် မြန်မာနိုင်ငံသားတစ်ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသော လမ်းဘေးလှည့်လည်ဈေးရောင်းခြင်းလုပ်ငန်းကို လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးအရေးယူလိုက်ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နေ့က ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်၊ ဝိန်း (Wiang) တိုက်နယ်အတွင်းသို့ ချင်းမိုင်ပြည်နယ် အလုပ်အကိုင်ခန့်ထားရေးရုံးနှင့် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့တို့...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

မြန်မာဒုက္ခသည်များအား အလုပ်လုပ်ခွင့်ပြုသည့် ထိုင်းနိုင်ငံသည် အာရှနိုင်ငံများအတွက် စံပြဖြစ်ဟု ကုလသမဂ္ဂပြော

0
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော မြန်မာဒုက္ခသည်များအား ထိုင်းအစိုးရက အလုပ်အကိုင်ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပြီးနောက် လူပေါင်း ၅,၅၀၀ ကျော် အလုပ်အကိုင်ရရှိခဲ့သည်။ ထို လုပ်ဆောင်ချက်သည် ဒုက္ခသည်ပြဿနာရင်ဆိုင်နေရသည့် အာရှဒေသတွင်းနိုင်ငံများအတွက် ရှေ့ဆောင်လမ်းပြစံပြနမူနာတစ်ခု ဖြစ်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောကြားလိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားအကူအညီများကို...

နိုင်ငံရေးမတည်ငြိမ်တည့်ကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စစ်တပ်ဖိတ်ခေါ်

0
မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုများ ကြုံတွေ့နေရသော်လည်း အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုဝင်ဝင်ရောက်လာစေရန် ပြောကြားလိုက်သည်။ ယမန်နေ့ (ဇွန်လ ၉ ရက်) က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း...