Tuesday, January 27, 2026

လဲချားမြို့နယ် SNLD ပါတီမြို့နယ်အထွေထွေအတွင်းရေးမှူး စိုင်းမိုင်းဇင့် ကွယ်လွန်

သျှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ် ကျားခေါင်းပါတီ မြို့နယ်အထွေထွေအတွင်းရေးမှူး စိုင်းမိုင်းဇင့် သည် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

Photo by Kyaw Zayya /လဲချားမြို့နယ် SNLD ပါတီမြို့နယ်အထွေထွေအတွင်းရေးမှူး စိုင်းမိန်းစင့်

အောက်တိုဘာလ ၁၅ ရက်နေ့ မနက် ၅ နာရီက လဲချာမြို့နယ် ကျားခေါင်းပါတီ မြို့နယ်အထွေထွေအတွင်းရေးမှူး စိုင်းမိုင်းဇင့် အသက် ၄၁ နှစ်သည် လဲချားရပ်ကွက် ၂ ရှိ ၄င်းနေအိမ်တွင် ရုတ်တရက်ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လဲချားမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်ဇေယျက – သူက စိတ်ကျရောဂါလို့လည်းဆိုနိုင်ပါတယ်။ ဒါမယ့်အကောင်းကြီးကနေ မနေ့ညက ရုတ်တရုတ်ဆုံးသွားတာ။ ကျနော်တို့အတွက်တော့ အကြီးမားဆုံး ဆုံးရှုံးမှုပေါ့ဗျာ။ စိုင်းမိန်းစင်ဟာ အချိန်မှန်တယ်။ ကြိုးစားမှုရှိတယ်။ မျိုးချစ်စိတ်ဓါတ်ထက်မြက်တယ်။ သူဟာ လူမှုရေးလုပ်ငန်းတွေမှာလည်း တက်ကြွစွာကူညီဆောင်ရွက်ပေးတယ်။ သူအရက်လည်းမသောက်ဘူး။ မူးယစ်ဆေးလည်းမသုံးဘူး။ ဆေးလိပ်လည်းကင်းတယ်။ သူအခုလို ရုတ်ချည်းဆုံးသွားတဲ့အပေါ် လုံးဝ စိတ်မကောင်းဖြစ်မိတယ်။ သူလိုလူ က ရှာရခက်ပါတယ်- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

စိုင်းမိုင်းဇင့် သည် လဲချားမြို့နယ်၏ ကျားခေါင်းပါတီအတွင်းရေးမှူးအဖြစ် ၂၀၁၅ ခုနှစ်က တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် ဇနီးဖြစ်သူ နန်းလှယဉ်နှင့် သားတဦး သမီးတဦးကျန်ရစ်ခဲ့သည်။


၄င်း၏ ကြွင်းကျန်သော ရုပ်အလောင်းအားအောက်တိုဘာလ ၁၇ ရက်နေ့ တွင် လဲချားမြို့သုသာန်၌သဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လဲချားမြို့နယ် စစ်ကောင်စီ ညမထွက်ရအမိန့်ထုတ်၊ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်

0
သျှမ်းပြည် လဲချားမြို့နယ် စစ်ကောင်စီမှ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး စစ်ဆေးရေးဂိတ်များတွင် ည (၆) နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခွင့်ကို တားမြစ်ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်) ညနေပိုင်းတွင် လဲချားမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များမှ မြို့ပေါ် ရပ်ကွက်များတွင် ည (၆) နာရီမှ...

နွားစာ မြက်သွားရိတ်သည့် မိုင်းနောင်ဒေသခံ (၃)ဦး မိုင်းနင်းမိပြီး တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး ဝမ်စိမ်းကျေးရွာတွင် နွားစာအတွက် ထော်လာဂျီဖြင့် မြက်သွားရိတ်သည့် အရပ်သား (၃) ဦး မိုင်းနင်းမိရာ တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာ ပြင်းထန်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၁) ရက် နံနက် (၇) နာရီကျော်တွင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး...

NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်

0
NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး သည် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက် ကုသနေစဥ် ယနေ့ (ဂျွန်လ ၁ ရက်) တွင် ကွယ်လွန် သွားသည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သူရဦးတင်ဦး သည်...

တရုတ် လူမျိုး ကျားဖြန့်သမားများ လဲချားမြို့နယ်အတွင်း ရောက်ရှိနေ

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း တရုတ်လူမျိုး ကျားဖြန့်လုပ်ကိုင်သူများ များစွာ ရောက်ရှိနေကြကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းမှ စတင်ကာ အွန်လိုင်းမှ တစ်ဆင့် ငွေကြေးလိမ်လည်မှု လုပ်ငန်း လုပ်ကိုင်ကြသည့် တရုတ်လူမျိုး ကျားဖြန့်သမားများသည် လဲချားမြို့အတွင်းသို့ စုစုပေါင်း ၅၀၀ ထက်မနည်း ရောက်ရှိလာကြောင်း အသက်...

စစ်ရေး ငြိမ်သက်သော်လည်း လဲချားမြို့နယ်အတွင်း ည ၆ နာရီ အပြင်မထွက်ရအမိန့် မရုတ်သိမ်းသေး

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား စစ်ရေးငြိမ်သက်နေသော်လည်း နှစ်ဘက် ထုတ်ပြန်ထားသည့် အမိန့်များ ပြန်လည်ရုပ်သိမ်းပေးခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ . ပြီးခဲ့သည့် သြဂုတ်လ ၆ ရက် နံနက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ် နှင့် SSPP/SSA...