SSPP/SSA မေတ္တာရပ်ခံချက်ကြောင့် နန်းမိုဟွမ်ကို ယနေ့ လွတ်ပေးလိုက်ပြီဟု TNLA ထုတ်ပြန်

ရက်ပေါင်း ၆၀ နီးပါး ဖမ်းဆီးထားသော နမ့်ခမ်းမြို့သူ နန်းမိုဟွမ်အား SSPP/SSA မေတ္တာရပ်ခံချက်ကြောင့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း TNLA ဥက္ကဌ မှ ကြေငြာချက်တစောင် ထုတ်ပြန် လိုက် သည်။


Photo: PSLF -TNLA News & Information Department/ နန်းမိုဟွမ် ကို မိသားစုဝင်တွေဖြစ် တဲ့ ဦးစိုင်းထွန်းလှိုင်၊ ဒေါ်နန်းမြရင်၊ စိုင်းခန်းဆိုင် တို့ထံ ပြန်လည်အပ်နှံစဉ်

အဆိုပါကြေငြာချက်တွင် FPNCC ၏ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုအရသော်လည်းကောင်း၊ မဟာမိတ်အဖွဲ့ အစည်း ဖြစ်သည့် SSPP/SSA ၏ မေတ္တာရပ်ခံချက်ကြောင့်လည်းကောင်း နန်းမိုဟွမ်အား ပြစ်ဒဏ်မှ ချွင်းချက် မရှိ လွှတ်ငြိမ်းသက်သာခွင့်ပေး လိုက်ပြီဖြစ်ကြောင်း TNLA ဥက္ကဌ ဗိုလ်ချုပ် တားအိုက်ဘုန်းက အောက်တိုဘာလ ၁၅ ရက်နေ့ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန် ခဲ့သည်။

“ကျနော်တို့သိရသလောက်တော့ နန်းမိုဟွမ်ရဲ့မိသားစုဝင်တွေနဲ့ SSPP/SSA ကနေ သွားကြိုနေပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်ပေါ့။ နက်ဖြန်ကျရင် ၀မ်ဟိုင်းဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ကြား သိရပါတယ်။ ” – ဟု နမ့်ခမ်းမြို့ခံလူငယ်ခေါင်းဆောင် စိုင်းသိန်းရွှေ ကသျှမ်းသံတော်ဆင့်အားပြောသည်။

နန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ FPNCC ခေါင်းဆောင်များထံ နမ့်ခမ်းဒေသခံလူငယ်ခေါင်းဆောင် ၄ ဦးက သွားရောက်တွေ့ဆုံပြီး တအာင်းတပ်ဖွဲ့ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က တွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။

နန်းမိုဟွမ်အားအမြန်ဆုံးပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ကြေငြာချက်တစောင်ပါထုတ်ပြန်ခဲ့သည်။

“ခုထိတော့အိမ်မရောက်သေးဘူးခင်ဗျ ။ နန်းမိုဟွမ်ကို ပြန်လွှတ်ပေးတဲ့အတွက် ကျနော်တို့တော့ အတိုင်းမသိ ၀မ်းသာပါတယ်။ “- ဟု ခင်ပွန်းဖြစ်သူ စိုင်းစောရွှေက သျှမ်းသံတော်ဆင့်အား ပြောသည်။

ယမန်နှစ် ၂၀၁၇ က နန်းမိုဟွမ် အိမ်မှ အခွန် ၁၁ သိန်းကောက်ခံပြီးအပြန် တအာင်းတပ်သား ၂ ဦးအား လမ်းတွင် အစိုးရတပ်မှ ချောင်းမြောင်းပစ်ခတ်ရာ တဦးသေ တဦးဖမ်းဆီးခံရသည့်အပေါ် TNLA က နန်းမိုဟွမ် သည် တအာင်းအကောက်ခွန် ၀န်ထမ်းအား တာဝန်ဝတ္တရားနှောင့်ယှက်သည်ဟုဆိုကာ သူမအား စက်တင်ဘာ ၁၇ ရက် နေ့ မနက် ၈ နာရီခွဲ ( သူမ၏ ကလေး အား ထမင်းကျွေးနေချိန် ) လက်နက်ကိုင် တအာင်းတပ်ဖွဲ့ဝင် ၅ ဦးက သေနတ်ထိုးချိန်ကာ ကားပေါ် တင်ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည် ။

နန်းမိုဟွမ်အား ရာဇသတ်ကြီး ပုဒ်မ ၃၃၃ ဖြင့် အရေးယူမည်ဖြစ်ကြောင်း၊ မိဘများရှေ့မှောက်တွင်တရားစီရင်မည်ဖြစ်ကြောင်း TNLA ၏ ပြန်ကြားရေးဌာနက ကြေငြာချက်ထုတ်ပြန်ခဲ့ပြီးနောက် မိဘများအားမခေါ်ယူဘဲ နန်းမိုဟွမ်အား ပြစ်ဒဏ် ၃ နှစ် ချမှတ်ကြောင်း အောက်တိုဘာ ၃ ရက်နေ့က TNLA ထုတ်ပြန်ထားရာမှ ၄င်း၏မဟာမိတ် SSPP/SSA ၏ မေတ္တာရပ်ခံချက်ကြောင့် ဟုဆိုကာ ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...