Wednesday, January 28, 2026

NCA လက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမည်ဟုသိရ

လာမည့်အောက်တိုဘာလ ၁၅ ရက်နေ့တွင်ကျရောက်မည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့်အခမ်းအနား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။

Photo by DVB/ NCA လက်မှတ်ရေးထိုးသည့် ထိပ်သီးခေါင်းဆောင်များ၏ ယခင်က အစည်းအဝေး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တလျှောက်တွင်ပါ၀င်လာခဲ့သည့် ပြည်ထောင်စုအင်စတီကျုမှ ဒါရိုက်တာ ဦးခွန်စိုင်းက – အောက်တိုဘာ ၁ ရက်နဲ့ ၂ ရက်နေ့တုန်းက အစိုးရနဲ့ တိုင်းရင်းသား ဘက်က ကိုယ်စားလှယ် တဖက် ရ ဦးစီ NRPC မှာတွေ့ဆုံတယ်။ အဲဒီအစည်းအဝေးကနေ ဒီ ၃ နှစ်ပြည့်မှာ ထိပ်သီး ၁၀+၁၀ လုပ်ဖို့ ဆုံးဖြတ်တယ်။ တဖက် ၁၀ ယောက်ပေါ့။ အဲဒီမှာ ခေါင်းစဉ်ကြီး ၅ ခုဆွေးနွေးမယ် ။ အောက်တိုဘာ ၁၅ ကနေ ၁၇ အထိ တွေ့ဆုံမယ်လို့ ကြားသိရတယ်- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

ခေါင်းစဉ်ကြီး ၅ ခုမှာ Package Deal ၊ Decision Making ၊ All Inclusive ၊ Time ၊ Frame Work စသည်တို့ဖြစ်ကြောင်းသိရသည်။

သွားရောက်ဆွေးနွေးမည့်အစိုးရဘက်မှအကြီးအကဲများမှာ နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ၊ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးအောင်ကြည်မြင့် နှင့် ဦးအောင်စိုး တို့ပါ၀င်သည့်အဖွဲ့ဖြစ်ကြောင်း နိုင်ငံရေးပါတီများအသိုင်းအဝိုင်းများထံမှသိရသည်။

သို့သော် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဘက်တွင်မူ တက်ရောက်မည့်ပုဂ္ဂိုလ်များစာရင်းမသိရသေးပေ။
အောက်တိုဘာ ၁၅ ကနေ ၁၇ အထိ အစည်းအဝေးကျင်းပမည့်နေရာမှာ ပုပ္ပါးတောင်အနီးတွင်ဖြစ်ကြောင်းလည်း ကြားသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

NCA (၁၀)နှစ်ပြည့်ပွဲ ကျင်းပနေစဉ် စစ်တပ်က သီပေါမြို့နယ်ကို လေကြောင်းဗုံးကြဲ ဖိအားပေးတိုက်နေ

0
စစ်ကော်မရှင်တပ်သည် နေပြည်တော်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပနေချိန် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသော သီပေါမြို့ကို စစ်ကော်မရှင်တပ်က...

တိုင်းရင်းသားများ ဖြစ်နိုင်တာကိုပဲ ပြောကြရန် NCA ၁၀ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင်ပြော

0
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနေသည်။ ယနေ့ (အောက်တိုဘာလ ၁၅ ရက်) တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ MICC-1 တွင်...

စစ်ကော်မရှင် NSPNC နှင့် အပစ်ရပ် ၇ ဖွဲ့တို့ NCA ၁၀ နှစ်ပြည့်ပွဲအတွက် နေပြည်တော်၌ ဆွေးနွေးနေ

0
NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေးအတွက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့နှင့် စစ်ကော်မရှင်၏ NSPNC တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၂ ရက်) နံနက်ပိုင်းမှ...

NCA ၁၀ နှစ်ပြည့်အခမ်းအနား ပူးတွဲကျင်းပရေး 7 EAO Alliance ဆွေးနွေး၊ လာမည့်ရွေးကောက်ပွဲ ကြားနေမည်ဟုဆို

0
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့မှ NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေး ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် အောက်တိုဘာလ (၁၅) ရက်တွင် ကျရောက်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA...