သျှမ်းပြည်တောင်ပိုင်း ၇ မြို့နယ်မှ သျှမ်းစာပေယဉ်ကျေးမှုအသင်း စည်းလုံးညီညွတ်ရေးအတွက် တွေ့ဆုံဆွေးနွေး

သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ် ရ မြို့နယ်မှ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ၇ ဖွဲ့ စုပေါင်းကာ လူမှုရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့် ဒေသတွင်းလူထုအရေး ပူးပေါင်းဆောင်ရွက်ရန်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် ဦးစိုင်းပီးအိမ်တွင်ကျင်းပရာ မြို့နယ်အသီးသီးမှ သျှမ်းစာ/ယဉ် ကိုယ်စားလှယ် ၃၀ ထက်မနည်းတက်ရောက်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးမှုတွင် ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်နေသော သျှမ်းပြည်သားများ နေရပ်ပြန်ပါက အလုပ် အကိုင်ရရှိရေး နေရာထိုင်ခင်းအဆင်ပြေလွယ်ကူစေရေး နိုင်ငံသားမှတ်ပုံတင် ရရှိရေး အိမ်ထောင်စုစာရင်းရရှိရေး အတွက် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်သွားကြရန် သဘောတူခဲ့ကြကြောင်း သိရသည်။

“ထိုင်းနိုင်ငံရောက် ကျနော်တို့အမျိုးတွေ ရွာပြန်ရင် အလုပ်အပိုင်မရှိမှာကို အားမငယ်ပါနဲ့။ ကျနော်တို့ ဘက်က ကူညီဖို့ အခုပြင်ဆင်နေပါတယ်။ နေရာထိုင်ခင်းကအစ အလုပ်အကိုင်တွေရရှိရေး တွေအတွက် ကူညီထောက်ပ့ံမှုပေးဖို့ သျှမ်းပြည်နယ်အစိုးရကို စာရေးသားတင်ပြဖို့စီစဉ်နေပါတယ်”- ဟု မိုင်းပန်မြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်း အတွင်းရေးမှူး က ပြောဆိုသည်။

ထိုအကြောင်းအချက်များအပြင် ရ မြို့နယ် သျှမ်းစာပေယဉ်ကျေးမှုအသင်းက အသင်းအမှတ်တံဆိပ်တခုတည်းအသုံးပြုကြရန် ၊ သျှမ်းနှစ်သစ်ကူးပွဲတော်အပါအဝင် ရိုးရာပွဲတော်များကို တနေရာပြီးတနေရာ အလှည့်ကျ စုပေါင်း ပြီး ပြုလုပ်ကျင်းပသွားရန်ကိုပါ ဆွေးနွေးနိုင်ခဲ့ကြောင်းသိရသည်။

စည်းလုံးညီညွတ်ရေးအတွက် ဆွေးနွေးပွဲပြုလုပ်သည့် သျှမ်းပြည်တောင်ပိုင်း မြို့နယ် ရ ခုမှာ လင်းခေး၊ မိုင်းပန်၊ မောက်မယ်၊ မိုးနဲ၊ ပန်လျန်းဆိုင်၊ ဟိုမိန်း၊ ကျိုင်းတောင်း မြို့နယ်များဖြစ်ကြသည်။ ယခုတွေ့ဆုံမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမ အကြိမ်စတင်တွေ့ဆုံမှုမှာ လင်းခေးမြို့နယ် နားကုန်းအုပ်စုတွင် ဒီဇင်ဘာလ ၄ ရက်နေ့က ကျင်းပသော ၂၁၁၂ ခုနှစ် သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲတွင် ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေပြီး ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...