စစ်ရေးအပြိုင်လှုပ်ရှားမှုကြောင့်တိုက်ပွဲဖြစ်ပွါးမည်ကို လားရှိုးကျေးလက်ဒေသခံများစိုးရိမ်

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့နယ်အတွင်း အစိုးရတပ်အပါအဝင် လက်နက်ကိုင်တပ်များ လှုပ်ရှားသွားလာမှုများကြောင့် တိုက်ပွဲဖြစ်ပွါးမည်ကို လားရှိုးကျေးလက် ဒေသခံများစိုးရိမ်နေကြပါသည်။

လားရှိုးမြို့အရှေ့တောင်ဘက် ၂၆ မိုင်ခန့်ဝေးသော နမ့်ပေါင်အုပ်စုနှင့်နားနန်းအုပ်စုဘက်တွင် တအာင်းတပ်ဖွဲ့ TNLA နှင့် အစိုးရတပ်မတော်တို့ ဖြတ်သန်းသွားလာသည့်အပေါ်တိုက်ပွဲဖြစ်ပွားမည်ကိုဒေသခံများ ကြောက်လှန့်နေကြခြင်းဖြစ်ပါသည်။

“ပြီးခဲ့တဲ့၃-၄ ရက်က အင်အား ၁၀၀ ကျော် ရှိ ပလောင်စစ်သားတွေလာတယ်။ ရက်ပိုင်းခြားပြီး မြန်တပ် နဲ့ ပြည်သူ့စစ်တွေ စစ်ကား နဲ့ရောက်လာတယ် ။ ဆိုတော့ တိုက်ပွဲဖြစ်မှာကိုစိုးရိမ်နေကြတာ။ ပြောင်းချိုးချိန် လယ်ယာသီးနှံဆွတ်ချိန်ဖြစ်နေတော့လေ”- ဟု နမ့်ပေါင်ဒေသခံ စိုင်းအွမ်က ပြောသည်။

နမ့်ပေါင်ချောင်းအရှေ့ခြမ်းတွင် အင်အားအပြည့်တင်သည့်စစ်ကား ၂ စီးသည် ၀မ့်ပန်-နောင်လျန်- လွယ်မော်ဘက် တက်သွားပြီး နမ့်ပေါင်ချောင်းမြောက်ဘက်ခြမ်းတွင်လည်းအလားတူ စစ်ကားကြီး ၂ စီး ၀မ့်စေ့၊ မုံးပိုင်၊ တွန်းနေ၊နားမန်း ဘက်တို့တက်သွားကြောင်း၊ တအာင်းတပ်ဖွဲ့မှာမူ နမ့်ပေါင်ချောင်းမြောက်ဘက်ခြမ်း စယ့်ပေါင် ကွန်ဟျိုးဘက်တွင်လှုပ်ရှားနေကြောင်း နမ့်ပေါင်ဒေသခံကဆိုပါသည်။

ဒီဇင်ဘာ ၁၁ ရက် တနင်္လာနေ့က နားနန်းအုပ်စုဘက်တွင် လက်နက်ကြီးသံကြားရသဖြင့် နားနန်းဒေသခံများ နမ့်ပေါင်ဘက်သို့တိမ်းရှောင်လာကြကြောင်းလည်း စိုင်းအွမ်ကပြောသည်။

လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စိုင်းဝမ်းလျန်းခမ်းက – ငြိမ်းချမ်းရေးတည်ဆောက်နေချိန်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်နေရင်လူထုကိုဘဲထိခိုက်မယ်။ ဒီနှစ် ရာသီဥတုမမှန်လို့ လယ်ယာထွက်ကုန်တွေမအောင်မြင်ဘူး။ တိုက်ပွဲတွေလာဖြစ်နေမယ်ဆိုရင် မိဘပြည်သူကိုထိခိုက်မယ်။ ဒါကြောင့်တိုက်ပွဲတွေမဖြစ်စေချင်ဘူး- ဟု ပြောသည်။

တအာင်းတပ်မတော်သည် ၀ တပ်ဖွဲ့ဦးဆောင်သောမြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ FPNCC တွင်ပါ၀င်ပြီး NCA ကိုလက်မခံဘဲ နည်းလမ်းအသစ်ဖြင့် နိုင်ငံရေးဆွေးနွေးလိုသည့်အဖွဲ့ဖြစ်ပါသည်။ အစိုးရ၏တပ်မတော်ဘက်ကလည်း TNLA အား အကြမ်းဖက်အဖွဲ့ဟုပြောဆိုကာ NCA လက်မှတ်ရေးထိုးရန်လက်မခံဘဲ လက်နက်ချရန်သာ ပြောဆိုနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...

ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများကို အာဏာသိမ်းသမ္မတ ဖိတ်ခေါ်

0
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် စီးပွားရေး အကြီးအကျယ် ကျဆင်းနေချိန်တွင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဗီယက်နမ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Melia Hotel တွင်...

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...