သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် CSSU အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန်အတွက် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU မှ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်နေကြောင်း သိရသည်။

“သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လင်းခေးမြို့မှာ ကျင်းပဖို့ သူတို့ခွင့်ပြုတယ်။ အမျိုးသား အဆင့် မကျင်းပခင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပတယ်။ ဒီအလုပ်ဆွေးနွေးပွဲပြီးရင် ပြည်သူတွေနဲ့ ကွင်းဆင်း တွေ့ဆုံပြီး ပြည်သူ့အသံနားထောင်မယ်။ ဆန္ဒကောက်ယူမယ်။ ၁၆ နေရာပေါ့ ” ဟု RCSS/SSA ၏ ပြည် တွင်းပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဦး ကပြောသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ၅ ရက်အထိ ပြုလုပ်သွားမည့် အလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံရေး ကဏ္႑၊ လုံခြုံရေးကဏ္႑၊ လူမှုရေးကဏ္႑၊ စီးပွားရေးကဏ္႑ နှင့် မြေယာနှင့်သဘာဝသယံဇာတကဏ္႑ ဆိုသည့် ခေါင်းစဉ်ကြီး ၅ ခုဖြင့် ကဏ္႑အလိုက် အဖွဲ့ ၅ ဖွဲ့ခွဲကာ ဆွေးနွေးနေကြောင်း RCSS/SSA ၏ ပြည်တွင်း ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဦး ကပြောသည်။

“သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြိုကို တောင်ကြီးမှာလုပ်ဖို့ စီစဉ်ထားတယ်။ လင်းခေးမှာ သျှမ်းအမျိုးသားအဆင့် နို်င်ငံရေးဆွေးနွေးပွဲ လုပ်မယ်။ ဂျန္နဝါရီလအတွင်းလောက်မှာဖြစ်မယ်” ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး ကပြောသည်။

သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လင်းခေးမြို့၌ ကျင်းပရန် ၆ ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)တွင် သဘောတူဆုံးဖြတ်ခဲ့ကြသည်။

သျှမ်းပြည်ညီညွှတ်ရေးကော်မတီ (CSSU) အဖွဲ့သည် သျှမ်းပြည်တပ်မတော် RCSS/SSA ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၊ သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC ၊ မင်္ဂလာစည်တော်ပါတီ ESSDDP ၊ သျှမ်းလူငယ်ကွန်ယက် TYN ၊ လူမှုအဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားသည်။ ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က သျှမ်းပြည်ညီညွှတ်ရေးကော်မတီ (CSSU) ၏ ဥက္ကဌ အဖြစ် တာဝန်ယူထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တောင်ကြီးရောက် စစ်ရှောင်များကို စစ်တပ်က နေရပ်အတင်းပြန်ခိုင်း၊ မပြန်လျှင် မြေသိမ်းမည် ခြိမ်းခြောက်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း ကရင်နီပြည်ဘက်မှ လာရောက်စစ်ရှောင်သူများကို စစ်ကော်မရှင်တပ်က နေရပ်ပြန်ရန် အတင်းဖိအားပေးနေပြီး၊ မပြန်လာလျှင် အိမ်ခြံမြေများ သိမ်ဆည်း မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် စစ်ကော်မရှင်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး...

စွန့်ပစ်ခံ ASEAN သဘောတူညီချက် – စစ်အစိုးရ၏ အာခံမှုနှင့် အာဆီယံအတွင်း အက်ကွဲကြောင်းများ

0
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်သည့် သံတမန်အခင်းအကျင်းသည် အလှည့်အပြောင်းမြန်ဆန်စွာဖြင့် မရေမရာဖြစ်လာနေပြီး အရေးကြီးသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ပြီဖြစ်သည်။ လက်ရှိအခြေအနေသည် အတုအယောင်ဖန်တီးထားသော တရားဝင်မှု၊ အချင်းချင်း သစ္စာဖောက်မှု၊ ဒေသတွင်း ဘုံသဘောတူညီချက်များ ပျက်ပြားခြင်းကဲ့သို့ အန္တရာယ်ရှိသော အခြေအနေများဖြင့် စုပေါင်းဖြစ်ပေါ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်က ဘန်ကောက်တွင်ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးအတွက်...

တောင်ထီဗွာကျေးရွာအုပ်စု ရှိ စစ်ရှောင်ကော်မတီများ ဆန်ပြန်ရောင်းချနေသည့် သတင်း မဟုတ်ဟုဆို

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များအတွက် ထောက်ပံ့ပေးသည့် ဆန်များကို စစ်ဘေးရှောင်ကော်မတီများမှ ပြန်ရောင်းချနေသည် သတင်းသည် မမှန်ကန်ကြောင်း စစ်ရှောင်ကော်မတီဝင်များက ပြောသည်။ တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ရှောင်ကော်မတီဝင်များသည် စစ်ရှောင်များကိုထောက်ပံ့ပေးသည့် ဆန်များပြန်ရောင်းနေသည့်သတင်းကို ဇူလိုင် လဆန်ပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။ “တောင်ထီဗွာကျေးရွာအုပ်စု” တွင် ကျေးရွာပေါင်း ၂၁ ရွာရှိပြီး စစ်ဘေးရှောင်များသည်...