ဂိမ်းဆိုင်၊ လောင်းကစားဝိုင်းတွေကို အမှန်တကယ်ရှင်းလင်းပေးပါ

သို့- သျှမ်းသံတော်ဆင့် သတင်းဌာန

သက်ဆိုင်ရာအာဏာပိုင်များသိစေရန်ဖော်ပြပေးပါ။

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ရှိတဲ့ လောင်းကစားရုံ ဂိမ်းဆိုင်တွေဟာ ကျနော်တို့ မျိုးဆက်သစ် လူငယ်တွေ အကျင့်စာရိတ္တ ပျက်ပြားစေတယ်လို့ ဒေသခံ တစ်ယောက်အနေနဲ့ တင်ပြချင်ပါတယ်။

မူဆယ်မြို့ဟာ တရုတ်နယ်စပ် နဲ့ ထိစပ်နေပြီး ဝင်ထွက် လွယ်ကူသလို လောင်းကစားရုံ၊ ဂိမ်းဆိုင်၊ မူးယစ်ဆေးဝါးတွေ များစွာ ရှိနေပါတယ်။ ဒီလို ဂိမ်းဆိုင်တွေ ၊ လောင်းကစားရုံတွေ များစွာရှိတဲ့အတွက် ဒေသခံ ပြည်သူတွေရဲ့ အကျင့်စာရိတ္တပျက်ပြားကြတယ်။ မိသားစုတွေ ပြိုကွဲ၊ စီးပွားရေးပျက်ကြတာတွေ အများအပြားရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူဘက်က ထိထိရောက်ရောက ်အရေးယူတာ မတွေ့ရပါဘူး။

နိုဝင်ဘာ ၂၄ ရက်နေ့ ၁၀ နာရီလောက်က သက်ဆိုင်ရာ ဌာန တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဂိမ်းစက် ငါးမန်းစက် တွေ ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒါပေမယ့် သက်ဆိုင်ရာ တာဝန်ရှိရဲတွေ ဂိမ်းစက်တွေ မီးရှို့တာဟာ အကြောင်းပြချက်တစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ တကယ်ထိထိရောက်ရောက် အရေးယူတာမရှိဘူး၊ ဘယ်ဆိုင်က စက်ဘယ်နှစ်လုံးဖမ်းဆီးတယ်ဆိုတာလည်းမကြေငြာပါဘူး။ ကျနော်တို့ ကြားတာက ဂိမ်းဆိုင်ပိုင်ရှင်တွေဟာ တာဝန်ရှိသူတွေဆီကို ပိုက်ဆံပေးလာဘ်ထိုးကြတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေကနေ ဂိမ်းဆိုင်တွေ အရေးယူ ဖမ်းဆီးတယ်ဆိုတဲ့သတင်းတွေဖြန့်ပေမယ့် ဂိမ်းဆိုင်တွေ လျှော့နည်းသွားတာတော့မတွေ့ရဘူး။ မူဆယ်မြို့ ဇွမ်ဇော်ရပ်ကွက်မှာဆိုရင် ဂိမ်းဆိုင်တွေ အများအပြားရှိပါတယ်။ ၁၀၅ မိုင်မှာလည်း များစွာရှိပါတယ်။ဒေသခံ ပြည်သူတွေဘက်က လူငယ်တွေ အကျင့်စာရိတ္တ ပျက်ပြားမှာ စိုးရိမ်ပူပန်နေကြပါတယ်။အာဏာပိုင်တွေဘက်က ထိရောက်စွာအရေးယူပေးဖို့နဲ့အမှန်တကယ်ရှင်းလင်းပေးဖို့ မူဆယ်လူထုတရပ်လုံးက တောင်းဆိုတိုက်တွန်းလိုကြောင်း မူဆယ်လူထုကိုယ်စား စာရေးသားပေးပို့လိုက်ပါတယ်။

မူဆယ်လူငယ်
စိုင်းသားငယ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...

ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများကို အာဏာသိမ်းသမ္မတ ဖိတ်ခေါ်

0
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် စီးပွားရေး အကြီးအကျယ် ကျဆင်းနေချိန်တွင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဗီယက်နမ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Melia Hotel တွင်...

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...