Tuesday, January 27, 2026

မော်တော်ဆိုင်ကယ် လိုင်စင်နှုန်း ထားများ လျှော့ချပေးရန် သီပေါ လွှတ်တော်အမတ် တင်သွင်း

ဥပဒေနှင့် အညီ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များလျော့နည်း ပပျောက် စေရန်ဆိုင်ကယ် ယာဉ်မှတ်ပုံတင်ပြု လုပ်ရာတွင်ပေးဆောင်ရသော လိုင်စင် ကြေးနှုန်းလျှော့ချပေးရန်အတွက် သျှမ်းပြည်နယ်အစိုးရအဖွဲ့အားတိုက်တွန်း သည့် အဆိုအတည်ပြုလိုက်ကြောင်းသိရသည် ။

ဒီဇင်ဘာ ရ ရက်နေ့ တွင်ကျင်းပပြုလုပ်သော ဒုတိယအကြိမ်သျှမ်းပြည်နယ် လွှတ်တော် အဌမပုံမှန်အစည်းအဝေး(တတိယ) နေ့တွင် သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ နန်းစမ်းစမ်းအေးက ” သျှမ်းပြည် နယ်အစိုး၏ ကြီးကြပ်မှုဖြင့်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအားဒေသအ မှတ်သင်္ကေ တဖြင့်ယာဉ်မှတ် ပုံတင်ပြုလုပ်ရာတွင် ပေးဆောင်ရ မည့်လိုင်စင် ကြေးနှုန်း ထားများလျှော့ချပေး ရန်တိုက်တွန်းကြောင်း ” အဆိုကိုတင်သွင်းရာ အတည်ပြု ရန်ထောက်ခံသူ ကိုယ်စားလှယ်ပေါင်း ထက်ဝက်ကျော် ခန့်ရှိ သည့်အတွက် ယင်းအဆိုအားအတည်ပြုကြောင်းလွှတ်တော် ဥက္ကဌမှ ကြေငြာခဲ့သည် ။

” သျှမ်းပြည်ထဲက မော်တော်ဆိုင်ကယ်အစီးတိုင်း မှတ်ပုံတင်ရ ရှိဖို့ အင်မတန်မှ အရေးကြီးပါတယ်၊ ကျမတို့ ဆိုရှယ်မီဒီယာတွေမှာနေ့စဉ် တွေ့ရတယ် ဆိုင်ကယ်တိုက်မှုတွေ ယာဉ်တိုက်မှုတွေ။ အဲ့ဒီယာဉ်တိုက်မှု တွေကို အရးယူမယ်ဆိုရင် နံပါတ်ပြားမရှိတဲ့ အတွက် လိုင်စင်မှတ်ပုံတင် မရှိတဲ့အတွက် အရေးယူဖို့လည်းခက်ခဲတယ။ ဒါကြောင့် ဆိုင်ကယ်မှတ်ပုံ တင်ပြုလုပ်ဖို့ အရေးကြီးတယ် ။ အစိုးရရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ဥပဒေ များနှင့် အညီဖြစ်စေခြင်း ဆိုတဲ့အပေါ်မှာ လိုင်စင်မဲ့ယာဉ်များ လျော့နည်းပ ပျောက်သွားအောင်အရင်လုပ်ရမယ်လို့ကျမမြင်ပါတယ် ” ဟု နန်းစမ်းစမ်း အေး ကပြောသည် ။

ယင်းအဆိုနှင့် ပတ်သက်၍ သျှမ်းပြည်နယ်အစိုးရအဖွဲ့ မှ လမ်းပမ်းဆက်သွယ် ရေးဝန်ကြီး ဦးခွန်ရဲထွေးက မော်တော်ဆိုင်ကယ်ယာဉ်မှတ် ပုံတင်ပြုလုပ်ပုံ လုပ်ထုံးလုပ်နည်းအကြောင်းပြောဖြေကြားသွားခဲ့ပြီး လိုင်စင်စျေးနှုန်းများလျော့ချပေး ရန် အဆိုကို မှတ်တမ်းတင်ကာ အတည်ပြုရန် မဲခွဲ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည် ။

” အစိုးရအဖွဲ့များအနေနဲ့ကတော့ ထုံးစံအတိုင်း ဘယ်အဆို ကိုမဆို မှတ်တမ်းတင်ဖို့ပဲ တိုက်တွန်းတယ် လို့ပဲကျမမြင်ပါတယ် ကျမတို့လွှတ် တော်ကိုယ်စားလှယ်များ အနေနဲ့က လည်း ကျမတို့အဆိုအောင်မြင်ဖို့ ၊ အစိုးရရဲ့ကတိကဝတ်ဖြစ်မြောက်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်” ဟု နန်းစမ်းစမ်းအေးကပြောသည် ။

ဒုတိယအကြိမ်သျှမ်းပြည်နယ်လွှတ်တော် အဌမပုံမှန်အစည်းအဝေးကို ဒီဇင်ဘာလ(၄) ရက်နေ့မှ (၈) ရက်နေ့အထိ (၅) တိုင်တိုင်ကျင်းပမည်ဖြစ်ပြီး အဆိုပေါင်း (၆၀) ၀န်းကျင်ခန့် တင်သွင်း သွားမည်ဟု သိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...