Wednesday, January 28, 2026

ကျိုင်းတုံတက္ကသိုလ်တွင် ဥပဒေအထူးပြုဘာသာရပ်ပြန်ထားပေးရန် ကျိုင်းတုံအမတ်တောင်းဆို

ကျိုင်းတုံတက္ကသိုလ်တွင် မူလကဖွင့်ထားသော ဥပဒေပညာအထူးပြုဘာသာရပ် Law department ကို ၂၀၁၇ ခုနှစ်ကပိတ်ထားခဲ့ရာ ပြန်လည်ဖွင့်လှစ်ပေးပါရန် ကျိုင်းတုံမြို့နယ်မဲ ဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ်မှ ကြယ်ပွင့် ပြမေးမြန်းခဲ့သည်ဟု သိရသည်။

Photo By SHAN/ ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး

၂၀၁၈ ခု စက်တင်ဘာ ၂၄ ရက်နေ့ တောင်ကြီးမြို့တွင်ကျင်းပသော ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်း အဝေး ဆဌမမြောက်နေ့ ၌ “ကျိုင်းတုံတက္ကသိုလ် တွင် ဥပဒေအထူးပြု ဘာသာ ရပ် သင်ကြားခွင့်ရရှိရေး (Law Department) ဥပဒေဌာန ထားရှိပေးနိုင်ရန် မည်ကဲ့သို့ဆောင်ရွက် ပေးမည်ကို သိရှိလို ကြောင်း ” – ကျိုင်းတုံမြို့ နယ်မဲ ဆန္ဒနယ်အမှတ်(၂) မှ ဒေါက်တာဝဏ္ဏစိုး ကြယ်ပွင့် ပြမေးခွန်းဖြင့် မေးမြန်းခဲ့ပါသည်။

“အခု ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်မြို့တွေက ဆယ်တန်းအောင်ကျောင်းသားတွေ ဥပဒေပညာ အထူး ပြုဘာသာရပ်ကို တက်ရောက်လေ့လာချင်တယ်ဆိုရင် တောင်ကြီးတက္ကသိုလ်သွားတက်ရမယ်။ သူတို့အတွက် အခက်အခဲများစွာရှိနေပါတယ်။ သျှမ်းပြည်အရှေ့ပိုင်း မှာ ပြည်သူ့ အကျိုးပြု ဥပဒေပညာရှင်တွေပေါ်ထွန်းဖို့ အတွက် ကျိုင်းတုံတက္ကသိုလ်မှာ ဥပဒေပညာ အထူးပြုဘာသာရပ်အထူးပင်လိုနေပါတယ်” – ဟု ဒေါက်တာ ၀ဏ္ဏစိုး က လွှတ်တော်တွင်တင်ပြသွားဟုဆိုသည်။

ကျိုင်းတုံတက္ကသိုလ် တွင် ဥပဒေအထူးပြုဘာသာရပ်အပြင် စိတ်ပညာ၊ စီးပွားရးဆိုင်ရာ အထူးပြုဘာသာ ရပ်လည်း ဖွင့်လှစ်ထားခြင်းမရှိသေးကြောင်း၊ ဌာနအသစ်တိုးချဲ့ ဖွင့်လှစ်ရန်အတွက် – တက်ရောက်မည့် ကျောင်းသားဦးရေ ၊ ခန့်ထား ရမည့်ဆရာ ဆရာအင်အား၊ ၀န်ထမ်းအင်အား၊ အသုံးပြုရန်လိုအပ်မည့်ငွေကြေး ပမာဏ – စသည့်အချက်များ သက်ဆိုင်သည့်ဝန်ကြီးဌာနမှ ခွင့်ပြုချက်ကျမှသာလျှင် ဖွင့်လှစ်နိုင်မည်ဖြစ်သည်ဟု လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဖြေကြားသည်ဟု ဆိသိရသည်။

” ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမနှစ်မှစ၍ ဥပဒေပညာ ၊ စိတ်ပညာ၊ စီးပွားရးပညာများအတွက် သင်တန်း များ ကျိုင်းတုံတက္ကသိုလ်မှာ ဖွင့်လှစ်ပေးနိုင်ခြင်းမရှိဟု” – လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ ရှင်းလင်းဖြေကြား ခဲ့ ပါသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ်တွင် ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်ဟူ၍ တက္ကသိုလ်သုံးခုရှိသည်။

ကျိုင်းတုံတက္ကသိုလ်၌ ၁၉၈၈ ခုနှစ်တွင်ကောလိပ်စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှစ၍တက္ကသိုလ်အဖြစ် စတင် ဖွင့်လှစ်ပေးခဲ့ပါသည်။ ကျိုင်းတုံတက္ကသိုလ်တွင် ဥပဒေဘာသာရပ်အထူးပြုဘာသာရပ်ထားရှိစဉ် ၂၀၀၈ မှ ၂၀၁၇ ခုနှစ်အထိ တက်ရောက်ဆည်းဖူးခဲ့သည့် ကျောင်းသူကျောင်းသား ၅၂၄ ဦး ရှိသည်ဟုလည်း သိရှိရ သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်ထံ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာတွေ့

0
သျှမ်းပြည် ကျိုင်းတုံမြို့တွင် ဝစီပိတ်ဆရာတော် တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၈ ရက်) နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီး ယမန်နှစ် မေလအတွင်းက သရဖူ...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

ကျိုင်းတုံ-တောင်ကြီးလမ်းပေါ် ယာဉ်တိမ်းမှောက်မှု ခရီးသည်နှစ်ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-တောင်ကြီးလမ်းပေါ်တွင် ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်ခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် စပယ်ရှယ်တောင် အဆင်းလမ်း၌ လိုက်ထရပ်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်မှု...

ကျိုင်းတုံတွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရန်အတွက် စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂ ရက်)တွင် ကျိုင်းတုံမြို့နယ် ပန်ဆံကျကျေးရွာ အဝင်တွင် အမျိုးသမီးတစ်ဉီးကို အမည်မသိ အမျိုးသားမှ ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွားသည့်အပြင်၊ ကတ်ဖကျေးရွာအုပ်စု ယမ်းလှကျေးရွာအနီးတွင်လည်း အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဉီးက လက်သီးဖြင့်...

ကျိုင်းတုံ တောင်ပေါ်ကျေးရွာအချို့ ဆန်ပြတ်လပ် အငတ်ဘေးကြုံနေရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ဒေသ ကျေးရွာအချို့တွင် ဆန်ပြတ်လပ်မှုကြောင့် အငတ်ဘေးကြုံနေရကြောင်း စုံးစမ်းသိရသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ဒေသရှိ ကျေးရွာ ၃၀ ဝန်းကျင်သည် ယမန်နှစ် ၂၀၂၄ တွင် ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများ ကြုံတွေ့ခဲ့ရသည်။ ထို့နောက် တောင်ပေါ်တွင် စိုက်ပျိုးထားသည့် ဆန်များကို ကြွက်များက ဖျက်စီးခြင်းကြောင့် ဆန်စပါး...