ကျိုင်းတုံတက္ကသိုလ်တွင် ဥပဒေအထူးပြုဘာသာရပ်ပြန်ထားပေးရန် ကျိုင်းတုံအမတ်တောင်းဆို

ကျိုင်းတုံတက္ကသိုလ်တွင် မူလကဖွင့်ထားသော ဥပဒေပညာအထူးပြုဘာသာရပ် Law department ကို ၂၀၁၇ ခုနှစ်ကပိတ်ထားခဲ့ရာ ပြန်လည်ဖွင့်လှစ်ပေးပါရန် ကျိုင်းတုံမြို့နယ်မဲ ဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ်မှ ကြယ်ပွင့် ပြမေးမြန်းခဲ့သည်ဟု သိရသည်။

Photo By SHAN/ ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး

၂၀၁၈ ခု စက်တင်ဘာ ၂၄ ရက်နေ့ တောင်ကြီးမြို့တွင်ကျင်းပသော ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်း အဝေး ဆဌမမြောက်နေ့ ၌ “ကျိုင်းတုံတက္ကသိုလ် တွင် ဥပဒေအထူးပြု ဘာသာ ရပ် သင်ကြားခွင့်ရရှိရေး (Law Department) ဥပဒေဌာန ထားရှိပေးနိုင်ရန် မည်ကဲ့သို့ဆောင်ရွက် ပေးမည်ကို သိရှိလို ကြောင်း ” – ကျိုင်းတုံမြို့ နယ်မဲ ဆန္ဒနယ်အမှတ်(၂) မှ ဒေါက်တာဝဏ္ဏစိုး ကြယ်ပွင့် ပြမေးခွန်းဖြင့် မေးမြန်းခဲ့ပါသည်။

“အခု ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်မြို့တွေက ဆယ်တန်းအောင်ကျောင်းသားတွေ ဥပဒေပညာ အထူး ပြုဘာသာရပ်ကို တက်ရောက်လေ့လာချင်တယ်ဆိုရင် တောင်ကြီးတက္ကသိုလ်သွားတက်ရမယ်။ သူတို့အတွက် အခက်အခဲများစွာရှိနေပါတယ်။ သျှမ်းပြည်အရှေ့ပိုင်း မှာ ပြည်သူ့ အကျိုးပြု ဥပဒေပညာရှင်တွေပေါ်ထွန်းဖို့ အတွက် ကျိုင်းတုံတက္ကသိုလ်မှာ ဥပဒေပညာ အထူးပြုဘာသာရပ်အထူးပင်လိုနေပါတယ်” – ဟု ဒေါက်တာ ၀ဏ္ဏစိုး က လွှတ်တော်တွင်တင်ပြသွားဟုဆိုသည်။

ကျိုင်းတုံတက္ကသိုလ် တွင် ဥပဒေအထူးပြုဘာသာရပ်အပြင် စိတ်ပညာ၊ စီးပွားရးဆိုင်ရာ အထူးပြုဘာသာ ရပ်လည်း ဖွင့်လှစ်ထားခြင်းမရှိသေးကြောင်း၊ ဌာနအသစ်တိုးချဲ့ ဖွင့်လှစ်ရန်အတွက် – တက်ရောက်မည့် ကျောင်းသားဦးရေ ၊ ခန့်ထား ရမည့်ဆရာ ဆရာအင်အား၊ ၀န်ထမ်းအင်အား၊ အသုံးပြုရန်လိုအပ်မည့်ငွေကြေး ပမာဏ – စသည့်အချက်များ သက်ဆိုင်သည့်ဝန်ကြီးဌာနမှ ခွင့်ပြုချက်ကျမှသာလျှင် ဖွင့်လှစ်နိုင်မည်ဖြစ်သည်ဟု လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဖြေကြားသည်ဟု ဆိသိရသည်။

” ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမနှစ်မှစ၍ ဥပဒေပညာ ၊ စိတ်ပညာ၊ စီးပွားရးပညာများအတွက် သင်တန်း များ ကျိုင်းတုံတက္ကသိုလ်မှာ ဖွင့်လှစ်ပေးနိုင်ခြင်းမရှိဟု” – လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ ရှင်းလင်းဖြေကြား ခဲ့ ပါသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ်တွင် ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်ဟူ၍ တက္ကသိုလ်သုံးခုရှိသည်။

ကျိုင်းတုံတက္ကသိုလ်၌ ၁၉၈၈ ခုနှစ်တွင်ကောလိပ်စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှစ၍တက္ကသိုလ်အဖြစ် စတင် ဖွင့်လှစ်ပေးခဲ့ပါသည်။ ကျိုင်းတုံတက္ကသိုလ်တွင် ဥပဒေဘာသာရပ်အထူးပြုဘာသာရပ်ထားရှိစဉ် ၂၀၀၈ မှ ၂၀၁၇ ခုနှစ်အထိ တက်ရောက်ဆည်းဖူးခဲ့သည့် ကျောင်းသူကျောင်းသား ၅၂၄ ဦး ရှိသည်ဟုလည်း သိရှိရ သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

ကျိုင်းတုံ ဆိုင်ကယ်သူခိုးသောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များ ခိုးယူခံရခြင်း၊ လုယက်ခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစပြီး ကျိုင်းတုံမြို့သည် ပြည်သူများ အတွက် လုံခြုံမှုကင်းမဲ့နေသည့်အပြင် စစ်ကော်မရှင် လက်အောက်ခံတာဝန်ရှိသူများမှ ဆိုင်ကယ်သူခိုးများ၊ လုယက်သူများကို ဖမ်းဆီး အ‌ရေးယူးဆောက်ရွက်မှုကြောင်း လည်း ကျိုင်းတုံမြို့ ဒေသခံ...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...