Tuesday, January 27, 2026

သုံးနှစ်အတွင်းမူးယစ်ဆေးဝါးအပြီးရှင်းလင်းဖို့တရုတ် ယူနန်အစိုးရမှ ၀ ကိုစာပို့

တရုတ်နိုင်ငံယူနန်ပြည်နယ် ဗဟိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနကနေ သုံးနှစ်အတွင်းမူးယစ်ဆေးဝါးပျောက် ကင်းဖို့ UWSA ဌာနချုပ်ပန်ဆန်းကို စာရေးသားပေးပို့လာတဲ့နောက်ပိုင်း ၀ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွေဆက်တိုက်ပြုလုပ်လာနေပါတယ်။

တောင်ပိုင်းဝတပ်ဖွဲ့လှုပ်ရှားသည့် ပုံပါကျင်- မိုင်းတုံလမ်းပြမြေပုံ by Google Map

စက်တင်ဘာလ ပထမ ပတ်ကစပြီးကနေ့ထိ မိုင်းမော၊ မိုင်းပေါက်၊ မိုင်းဖျန် ဟိုတောင်း ပန်ဆန်း စတဲ့ တရုတ် နယ်စပ်မြို့ မြောက်ပိုင်း ၀ ထိန်းချုပ်နယ်မြေအပါအဝင် ၀ တပ်ဖွဲ့ အခြေချ လှုပ်ရှားတဲ့ ထိုင်းနယ်စပ် မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်ဘက်မှာလဲ ဂိတ်ထောင်ပြီး ဒေသခံတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

“လမ်းသွားလမ်းလာတွေကို စောင့်ကြပ်စစ်ဆေးဖို့ဆိုတာက ကျနော်တို့အထက်အမိန့်အရ လုပ်ရတာပါ။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်ဖြစ်ပါတယ်။ စစ်ရေးနဲ့လဲဆိုင်တယ်လို့ပြောရတာပေါ့။ ထုတ်ပြောလို့တော့မရဘူးလေ” – ဟု မိုင်းတုံမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ UWSA အရာရှိ ယီလူး ကပြောပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့က ပုံပါကျင်နဲ့မိုင်းတုံကြား နားပါကောင်လမ်းခွဲ၊ မိုင်းခစ် လမ်းခွဲနဲ့ မိုင်းဟန်ဂူလမ်းခွဲတွေမှာ ၂ နေရာ ဂိတ်ထောင်ပြီး လမ်းသွားလမ်းလာတွေကို စောင့်ကြပ်စစ်ဆေးကြောင်း ယခင်က အဲဒီနေရာတွေမှာ စစ်ဆေးမှုမပြုကြောင်း မိုင်းဟန်အုပ်စု နားပါကောဝ်ရွာက ရွာသားကပြောပါတယ်။

“မိုင်းတုံဒေသခံ စိုင်ဆိုင်က – လမ်းသွားလမ်းလာတွေကိုအကုန်စစ်ဆေးတာ။ ကားတွေဘာတွေရပ်ခိုင်းပြီး ခရီးသည်တွေကိုပါဆင်းခိုင်းတယ်။အိတ်တွေထဲ ကားတွေထဲ ၀င်ရှာတယ်။ မူးယစ်ဆေး ယာဘ တွေ့မိရင် အိမ်ယာ ခြံမြေပိုင်ဆိုင်မှုတွေအကုန်လုံးကိုသိမ်းမယ်လို့ ပြီးခဲ့တဲ့ ရ လ လောက်က ဒီအပိုင်း က ရွာသားတွေကို သူတို့ အရင်ကခေါ်ပြောတယ်လေ။ ပြီးတော့ ထောင်ချ မယ်လို့လဲပြောတယ်။ ”- ဟု သျှမ်းသံတော်ဆင့် ကိုပြောပါတယ်။

၀ တပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်း ဘိန်းခင်းတွေမရှိတော့ဘူးလို့ လွန်ခဲ့တဲ့ ၁၀ ခန့်ကတည်း ၀ တပ်ဖွဲ့ ထုတ်ပြန်ကြေငြာထားပေမယ့် တခြားဒေသမှ လာတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရေးဂိုဏ်းတွေက ၀ ထိန်းချုပ် ဒေသအတွင်း လျှို့ဝှက်ဝင်ရောက်ထုတ်လုပ်မှုတွေရှိနေတယ်လို့ မိုင်းမောမြို့နယ် မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့ ခေါင်းဆောင် ဦးပေါက်ညီမိုင်းက ပြောပါတယ်။ ဒါပေမယ့် ဘယ်သူဘယ်ဝါဆိုတာ တော့ပြောမသွားပါဘူး။

အမေရိကန်နဲ့ ထိုင်း နိုင်ငံအစိုးရတို့ကတော့ ၀ ထိပ်ပေါင်းခေါင်းဆောင်ပိုင်းမှာပါ၀င်တဲ့ ဝေရှော်ကန်းကို မူးယစ်ဆေးဝါး မှုနဲ့ ဖမ်းဝရမ်းထုတ်ထားပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...

UWSA က မူးယစ်မှောင်ခိုဂိုဏ်းကို နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ တရုတ်ထံ လွှဲပြောင်းပေးဟုဆို

0
တရုတ်နိုင်ငံထဲ မူးယစ်ဆေးဝါး ခိုးသွင်းရန် ကြိုးပမ်းခဲ့သည့် မူးယစ်မှောင်ခိုဂိုဏ်းကို ‘ဝ’တပ်ဖွဲ့ UWSA မှ နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများတွင် စိတ်ကြွဆေး၊ ဘိန်း၊ ဘိန်းဖြူ စသဖြင့် (၇၅၀) ကီလိုဂရမ်ကျော်၊...

မူးယစ်ဆေးဝါးကိစ္စ UWSA ကို စစ်ကောင်စီ မဖြေရှင်းနိုင်ပါက ထိုင်းကိုယ်တိုင်ဖြေရှင်းရန် တောင်းဆိုမည်ဟု သက်ဆင်ပြော

0
သျှမ်းပြည်တွင် အခြေစိုက်ပြီး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေသည့် ‘ဝ’တပ်ဖွဲ့ UWSA နှင့် ဆက်နွှယ်နေသော မူးယစ်ဂိုဏ်းများကို နှိမ်နှင်းရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်မှ တိုက်တွန်းတောင်းဆိုလိုက်သည်။ ယနေ့ (မေလ ၂၇ ရက်) တွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ချုပ် (ONCB) တွင် ပြုလုပ်သည့်...

ဓာတ်ပုံဟောင်းကိုအသုံးပြုပြီး TNLA ၏မူးယစ်းဆေးဝါးတွေကို PDF ကဖမ်းဆီးရမိဟု သတင်းအမှားဖြန့်

0
ဓာတ်ပုံဟောင်းကို အသုံးပြုပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ စစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီး တာဟိုပလန်၏ သိန်းပေါင်း ငါးသောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပြည်သူ့ကာကွယ်ရေးတပ် PDF က ဖမ်းဆီးရမိကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။ ဆိုင်းလိတ် (နာမည်) ဆိုသည့် လူမှုကွန်ရက်အကောင့်တစ်ခုမှ “TNLA တာဟိုပလန်ရဲ့ သိန်းပေါင်းငါးသောင်းကျော်...