လဲချားမြို့ SNLD မြို့နယ်ဉက္ကဌ ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမွန်း နှလုံးရောဂါဖြင့်ကွယ်လွန်

သျှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဉက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမွန်း အသက် ( ၅၇ နှစ်) သည်နှလုံးရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ကျန်ရှိ ရုပ်အလောင်းအား ဒီဇင်ဘာလ ၇ ရက်နေ့တွင်လဲချားမြို့ရပ်ကွက် ၄ ရှိနေအိမ်တွင် အသုဘအခမ်း အနားပြုပြီး လဲချားမြို့သုသာန်သို့ပို့ဆောင်သဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။

ဦးစိုင်းမွန်းသည် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်လာစဉ်ကတည်းက ပါဝင်လာသူတဦးဖြစ်ပြီး ပါတီအရေး၊ လူငယ်အရေးတို့တွင်အစဉ်တက်ကြွပါဝင်လာခဲ့သူဖြစ် ကြောင်း SNLD ပါတီ ပြောခွင့်ရစိုင်းလိတ်က ၎င်းနှင့်ပတ်သက်၍ ဤကဲ့သို့ပြောသည်။

“လုံးမွန်းက SNLD ထဲဝင်လာတာ ၁၉၈၈ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ကျနော်တို့ ခေါင်းဆောင်တွေ ထောင်ကျနေစဉ်တုန်းက ရွေးကောက်ပွဲဝင်ဖို့ ကျနော်တို့ ပါတီအသစ်တခုတည်ထောင်လိုက် တယ်။အဲဒီပါတီဟာ နောက်ပိုင်း SNDP သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဖြစ်လာတယ်။ အဲတုန်းက ကျနော်ကိုယ်တိုင် သူ့ကို အဲဒီပါတီအတွက် စည်းရုံးရေးလုပ်ခိုင်းပါတယ်။ အဲဒီတုန်းက သူက- ကျနော်တို့ခေါင်းဆောင်တွေ အကျပ်အတည်းတွေ့နေချိန်မှာသူတို့ကိုအသိမပေးဘဲနဲ့ ပါတီအသစ်ထပ် ထောင် တာကိုတော့ ကျနော် မလုပ်ချင်ဘူး။ သူတို့ကို သစ္စာဖောက်ရာရောက်တယ်လို့ပြောတယ်။ ကျနော်တို့သူ့ကို ရှင်းပြရပါတယ်။ ဒါလည်းကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ ပါတီခွဲတခုဘဲဖြစ်တယ်။ ကျနော်တို့ရည်မှန်းချက်တခုပါဘဲလို့ပြောမှ သူက လုပ်ငန်းမှာ ကူညီဖို့ သဘောတူခဲ့တာပါ။ ၂၀၁၂ ခုနှစ် SNLD ပါတီကိုပြန်လည်ဖွဲ့စည်းရာမှ သူက ကျားဖြူပါတီကနေထွက်ပြီး ဒီမိခင်ပါတီကိုပြန်လည် အလုပ်လာကူပါတယ်။လဲချားဒေသခံလူထုတောင်းဆိုမှုကြောင့် သူက ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ်ပြန်လည်ရွေးကောက်ခံခဲ့တာပါ။”

စိုင်းမွန်းသည် လဲချားမြို့တွင် လူငယ်များအတွက် အရည်အချင်းမြှင့်တင်ရေး သင်တန်းများ နှစ်စဉ် ဦးဆောင် စီစဉ်ပေးခဲ့သူဖြစ်သည်။ “ လွှတ်တော်ထဲမှာဆိုရင်လည်း သူအလုပ်အကိုင်တွေလက်ခံထားတာအများကြီးပါဘဲ။ သူကလုပ်ငန်းကို တိတိကျကျလုပ်တတ်တယ်။ အခက်အခဲတွေပြသနာတွေကြုံလာရင်လည်း စိတ်အေးအေးထားပြီး ဖြေရှင်းတတ်တယ်။ တခြားဌာနတွေအဖွဲ့အစည်းတွေနဲ့လည်း ဆက်ဆံရေးကောင်းတယ်။လက်တွဲနိုင်တဲ့အတွက် သူဟာလူချစ်လူခင်များတယ်။ မြို့နယ်အတွက်လည်း သူဟာ ဦးဆောင်မှုကောင်းတဲ့သူတယောက်ဖြစ်တယ်။ စံပြကောင်းတယောက်ဖြစ်တယ်။ နောက်လိုက်တပည့်တပန်းများတယ်။ ရပ်ရွာလူထု ချစ်ခင်နှစ်သက်ကြတယ်သူ့ကို။ အစိုးရ ဌာနဆိုင်ရာကိုလည်းဝင်ထွက်ဆက်ဆံတတ်လို့ သူလိုလူရှာရခက်ပါတယ်။ ကျနော်တို့ပါတီအနေနဲ့လည်း သူလိုလူတော်တယောက်ရှာဖို့ခက်ခဲပါတယ်တကယ်လို့ UEC ကနေ ကြားဖြတ်ရွေးကောက်ပွဲမလုပ်ပေးမချင်း လဲချားလူထု အခက်အခဲတွေ့မှာမလွဲပါဘူး။ ကျနော်တို့အနေနဲ့လည်းတန်ဖိုးရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ကောင်းတယောက် ဆုံးရှုံးခဲ့ရလို့ အကြီးမားဆုံး ဆုံးရှုံးမှုတရပ်ဖြစ်ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် လေ့ကျင့်ပျိုးထောင်ပေးခဲ့တဲ့ မျိုးဆက်သစ်လူငယ်အများကြီးရှိတာမို့လို့ သူ့ကိုအစားထိုးအလုပ်လုပ်စေဖို့အတွက် အဲဒီထဲကဘဲ ပြန်လည်ရွေးကောက်ရှာယူရမှာဖြစ်ပါတယ်။” – ဟု စိုင်းလိတ်က ပြောသည်။

လက်ရှိတွင် လဲချားမြို့ဒေသခံများအတွက် ကြိုးတံတားတည်ဆောက်ပေးရန် စီစဉ်လုပ်ဆောင်နေဆဲဖြစ်ပြီး တံတားမပြီးမြောက်သေးဘဲ စိုင်းမွန်း ကွယ်လွန်သွားသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း မိုးနဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမွန်းလိန်ကပြောသည်။

“လဲချား SNLD ပါတီနဲ့ ကျနော်တို့ ပူးပေါင်းပြီး ဒေသခံလူထုအတွက်ကြိုးတံတား တည်ဆောက်ဖို့ အတွက် မပြီးမြောက်သေးဘူး။ ပြည်သူကို ချစ်သော သူ့ရဲ့စိတ်ဓာတ်ကို လေးစားတဲ့အနေနဲ့ သူ့ဆန္ဒပြည့်၀အောင် ကြိုးတံတား ပြီးတဲ့ အထိ ကျနော်တို့ ဆောင်ရွက်ပေးသွားပါမယ် လို့ ပြောချင်ပါတယ် ”- ဟု ပြောဆိုသည်။

စိုင်းမွန်းသည် နှလုံးသွေးကြောကျဉ်းရောဂါဖြင့် ယခုလဆန်းပိုင်းက မန္တလေးဆေးရုံသို့ပို့ဆောင်ကုသရာ မသက်သာသဖြင့်လဲချားသို့ပြန်လည်ခေါ်ဆောင်သွားပြီး ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် ကွယ်လွန်သွားခဲ့သည်။

SNLD ပါတီစတင်တည်ထောင်စဉ်ကတည်းကပါဝင်တာဝန်ထမ်းဆောင်လာခဲ့သော ဦးစိုင်းမွန်းသည် လဲချားမြို့ ဦးလုံးအာရိယ(ချိုခမ်း)နှင့် ပါနန်းယိင်းတို့၏ သား ၄ ဦးအနက် သားကြီးဖြစ်ကြောင်းသိရသည်။ မွေးချင်း ညီအကိုများမှာ (၁) စိုင်းမွန်း (ယခုကွယ်လွန်သူ)၊ (၂) စိုင်းထွန်း၊(၃) စိုင်းပန်းစိန်(ကွယ်လွန်) ၊(၄) စိုင်းပန်းအောင် – တို့ဖြစ်ကြပါသည်။

လက်ရှိတွင် ဇနီးဒေါ်သင်းသင်းလှိုင်နှင့်သားသမီး ၄ ယောက်၊ မြေး ၄ ယောက် ကျန်ရစ်ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သေနတ်ပုံ ဖုန်းကာဗာ ကိုင်လာသည့် သံဃာကြောင့် ဆေးရုံမှ လူနာများ အထိတ်တလန့်ဖြစ်

0
ထိုင်းနိုင်ငံ၊ ချိုင်နတ်ခရိုင်ရှိ Chai Nat Narenthorn Hospital ၌ ယနေ့ (ဩဂုတ် ၁၀ ရက်) ဆေးဝါးထုတ်ယူသည့် နေရာတွင် ဆေးစောင့်ယူနေသည့် သံဃာတစ်ပါး၏ သင်္ကန်းအတွင်းမှ သေနတ်ပုံစံ အရာတစ်ခု ပြူးထွက်နေသည်ကို တွေ့ခဲ့သဖြင့် ဆေးရုံလာရောက်ပြသသည့် လူနာများ အထိတ်တလန့် ဖြစ်ပွားခဲ့ကြောင်း...

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

ချင်းရိုင် ကျောင်းထိုင်ဆရာတော်တစ်ပါး ဘတ် ၉ သန်းနီးပါး အွန်လိုင်းငွေလိမ်ခံရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်တွင် နာမည်ကျော်ကြားသော ကျောင်းထိုင်ဆရာတော်တစ်ပါးထံ Call Center ငွေလိမ်ဂိုဏ်းတခုက ငွေ ဘတ် ၉သန်း နီးပါး လိမ်လည်သွားကြောင်း ချင်းရိုင်းသတင်းတွင် ဖော်ပြထားသည်။ ထိုငွေများသည့် ကျောင်းတိုက်၏ ဘဏ်အကောင့်ရှိ ငွေကြေးများဖြစ်ပြီး၊ ကျောင်းတိုက်၏ ဘဏ်အကောင့်များအတွင်းရှိ ငွေကြေးအားလုံးနီးပါး ဆုံးရှုံးခဲ့ရသဖြင့် ကျောင်းထိုင်ဆရာတော်အဖြစ်မှ နုတ်ထွက်ရကြောင်း သိရသည်။ ယခုဖြစ်စဉ်သည်...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...