Wednesday, January 28, 2026

ဂုတ်တွင်းလမ်းနှင့်မြို့ရှောင်လမ်းတည်ဆောက်ရေးစီမံကိန်းမှလူထုနစ်နာမှုအား နေပြည်တော်လွှတ်တော်တွင် SNLD အမတ်ဆွေးနွေး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်း ဂုတ်တွင်းလမ်းနှင့် ဂုတ်တွင်းရှောင်လမ်းစီမံကိန်းအခြေအနေ လူထုနစ်နာမှုအခြေအနေများအား SNLD အမျိုးသားလွှတ်တော် အမတ်က အစိုးရအားတိုက်ရိုက်မေးမြန်းခဲ့သည်။

ဂုတ်တွင်းလမ်းနှင့်မြို့ရှောင်လမ်းတည်ဆောက်ရေးစီမံကိန်းမှလူထုနစ်နာမှုအား နေပြည်တော်လွှတ်တော်တွင် SNLD အမတ်ဆွေးနွေး

မဲဆန္ဒနယ်အမှတ် ၄ မှ SNLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းအုန်းကျော်က – နောင်ချိုမြို့ရှောင်လမ်းဆောက်မယ်လို့ ၂၀၁၆ ခုနှစ်ကတည်းက အစိုးရစီမံကိန်းထဲမှာ ပါတယ်လို့ကြားရတယ်လေ။ ၂၀၁၇ ခုနှစ်တုန်းကလည်း ဂုတ်တွင်းရှောင်တဲ့ တံတားတစင်း ဆောက်မယ်လို့အစိုးရပြောပြန်တယ်။ ခုထိအကောင်အထည်မဖော်သေးတဲ့အပြင် ဒေသခံတွေလည်း နစ်နာကြေး အကုန်မရသေးဘူး။ ဒီအတွက်အစိုးရဘက်က ဘယ်လို ဆောင်ရွက်ပေးမလဲ – စသဖြင့် ဆွေးနွေးခဲ့ပါတယ်။ – ဟု စိုင်းအုန်းကျော်က ပြောသည်။

စိုင်းအုန်းကျော်၏ မေးမြန်းချက်အား ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်းက – လမ်းချဲ့ တံတားဆောက်ရာတွင် လယ်မြေသိမ်းခံရသည့် နစ်နာသူ တောင်သူလယ်သမားများအား လျော်ကြေးပေးပြီးပါက စီမံကိန်းစတင်မည်ဖြစ်ကြာင်း၊ စီမံကိန်းမှာ ၃ နှစ်ဖြစ်ကြောင်းပြန်လည်ဖြေကြားသည်ဟုသိရသည်။

လျော်ကြေးရသွားတဲ့လယ်သမား ၂၂၁ ယောက်ရှိပါတယ် ။ ၆၂ ဦး ကျန်ပါတယ်။၆၂ ဦး ကိုလျော်ကြေးပေးပြီးရင်တော့ ဆောက်လုပ်ရေးစီမံကိန်း စတင်ဆောင်ရွက်ပါမယ်။ နောင်ချိုမြို့ရှောင်လမ်းဟာ ၂၁ ကီလိုမီတာ သာရှည်ပါတယ်။ ပတ်ဝန်းကျင်ဆန်းစစ်မှု IEE တော့လုပ်ပြီးပါပြီ။ IEE ဆန်းစစ်မှုကိုဘဲယူပါမယ်။ – ဟု ပြောဆိုဖြေကြားကြောင်းသိရသည်။

မြန်မာပြည်အလယ်ပိုင်း မှ တရုတ်နိုင်ငံသို့ တိုက်ရိုက်ဆက်သွယ် သည့် မန္တလေး-လားရှိုး- မူစယ် ပြည်ထောင်စုလမ်းမ ကြီးသည် နောင်ချိုနှင့်ကျောက်မဲကြား ဂုတ်တွင်းတွင် အတက်အဆင်းကားကြီးများ ကြောင့် လမ်းပိတ်ကာခရီးသွားများနှောင့်နှေးကြန့်ကြာရကြောင်း ထို့အတွက် မြို့ရှောင်လမ်းတိုးချဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂုတ်တွင်းရှောင်လမ်းဖောက်လုပ်ရန်အတွက် ကျောက်မဲမြို့နယ်ဒေသခံများ၏ လယ်ယာမြေ ၁၆၉ ဧက ၊ နောင်ချိုမြို့ခံများလယ်ယာမြေ ၃၂၉ ဧက၊ စုစုပေါင်း ၄၉၉ ဧက ကိုပါ အသုံးပြုခဲ့ရကြောင်း ထိုအနက် ၃၆ ဧကမှာ အစိုးရ၏လယ်ယာမြေပါ၀င်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

SNLD ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ရန် ကိစ္စ ဆွေးနွေးမှုပြုလုပ်နေ

0
သျှမ်းလူထုထောက်ခံမှုအများဆုံးရသည့် ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ မှတ်ပုံပြန်တင်ရန်၊ မတင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီလက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ယခုရက်ပိုင်းတွင် လူမျိုးစုများဘက်မှ နိုင်ငံရေးပါတီများအဖြစ် ထပ်မံဖွဲ့စည်းခဲ့ကြပြီး ရွေးကောက်ပွဲ...

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

0
ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...

SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်ကွယ်လွန်

0
ရှမ်းတိုင်းရင်းသားများ ဒီမီကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) ၏ အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် ယနေ့ (မေလ ၁၇) ရက် နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။ SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်သည် လူကြီးရောဂါဖြင့် နေအိမ်တွင်ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း SNLD ရုံးအဖွဲ့မှူး...