ကမ္ဘောဇဘဏ် ပိုင်ရှင်အပါအဝင် သျှမ်းပြည်တွင် တရားဝင် လက်နက်ကိုင်ဆောင်သူ အရပ်သား ၄ ဦးရှိ

သျှမ်းပြည်အတွင်း လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ပြုထားသူ အရပ်သား ၄ ဦး လက်နက် ၅ လက်အား ကိုင်ဆောင်ခွင့်ပြုထားကြောင်း ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့က သျှမ်းပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင် က လွှတ်တော်တွင်း ပြောကြားသည်။

အဆိုပါ လက်နက်ကိုင်ဆောင်ခွင့်ပြုထားသူ အရပ်သား (၄) ဦးသည် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်း ၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ဒေါက်တာ စိုင်းခမ်းလှိုင် (တောင်ကြီးမြို့ ဇီဝိတဒါန သံဃာ့ ဆေးရုံအုပ်) နှင့် ကွတ်ခိုင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် (ပြည်သူ့စစ်ခေါင်းဆောင်) ဦးမြင့်လွင် တို့သည် လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ထားသူ များဖြစ်ကြကြောင်း ဆိုပါသည်။

ဒီဇင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်သော ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပင်းတယ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးညီလေးချမ်း က လွှတ်တော်တွင်း ကြယ်ပွင့်ပြမေးခွန်း မေးခဲ့ပါသည်။

“ပြည်သူလူထုလုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေး အတွက်မေးတာပါ၊ ပစ္စုပ္ပာန် မှာပဲပြောပြော အနာဂတ်မှာပဲ ပြောပြော ဒီကာလ လက်နက်တွေကိုင်ထားတာ ဂုဏ်သရေရှိတဲ့ ပုဂ္ဂိုလ်တွေ ဆီမှာရှိသလား ၊ ဒါမှမဟုတ် မထင်မှတ်တဲ့သူတွေဆီမှာ ရှိတာလား ဒါတွေ ခွဲခြားနိုင်အောင်လို့ အဲ့သဘောနဲ့ မေးတာပါ” ဟု ပင်းတယ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးညီလေးချမ်း က ပြောသည်။

သျှမ်းပြည်နယ် လုံခြံုရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင် က လက်နက်ကိုင်ဆောင်ခွင့်ပြုထားသူ ၄ ဦးသည် ဒေါက်တာစိုင်းခမ်းလှိုင် ကိုင်ဆောင်ထားသည့် ပွိုင့် ၃၂ ပစ္စတို တစ်လက်၊ ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) အောင်သန်းထွဋ် ကိုင်ဆောင်ထားသည့် ပွိုင့် ၃၈ စမတ်အမ် ဝီဆင် တစ်လက် နှင့် ပွိုင့် ၃၂ အမေရိကန် သေနတ် တစ်လက် ၊ ဦးအောင်ကိုဝင်း ဆီဇက် ( CZ) ၂၀၇၅ နိုင်းမီလီမီတာ တစ်လက် နှင့် ဦးမြင့်လွင် မှာမူ ဂျာမနီ ပစ္စတို တစ်လက် စုစုပေါင်း သေနတ် (၅) လက် ကိုင်ဆောင်ခွင့်ပြုထားကြောင်း လွှတ်တော်တွင်း ဖြေကြားခဲ့သည်။

ဦးအောင်သန်းထွဋ် မှာမူ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၂) အထူးစစ်ဆင်ရေး အထူးအဖွဲ့မှူး (သျှမ်း နှင့် ကယား ထိန်းချုပ်) တာဝန်ထမ်းဆောင်ဖူးသူ၊ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဖြစ်သည်။ လက်ရှိတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လောက်ကိုင်မဲဆန္ဒနယ် အမှတ်(၁) မှ သျှမ်းပြည်နယ် လွှတ်တော်အမတ် တစ်ဦးဖြစ်သည်။

သျှမ်းပြည်သည် လက်နက်ကိုင်အဖွဲ့အစည်း အများဆုံး၊ ပြည်သူ့စစ်တပ်အဖွဲ့အများ၊ အစိုးရတပ်မတော် တပ်ရင်း အများဆုံးရှိသည့် ပြည်နယ်ဖြစ်သည်။ သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အရပ် သားများအား လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ပြုထားသူ မည်မျှရှိပြီး ၊ မည်သည့် လက်နက်အမျိုးအစား ဖြစ်ကြောင်းကို သိရှိလိုသည့် ကြယ်ပွင့်ပြ မေးခွန်းမှ နယ်လုံဝန်ကြီးက ထိုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

ထိုင်း တင်းနစ်ကစားသမားဟောင်း သေဆုံးမှုနှင့် ရွှေ့ပြောင်းမြန်မာတစ်ဦး၏ ဘဏ်အကောင့်သို့ သံယဖြစ်ဖွယ် ငွေလွဲထားမှု

0
ထိုင်းနိုင်ငံ၏ လက်ရွေးစင် တင်းနစ်ကစားသမားဟောင်း ဖြစ်သူ အသက် ၆၄ နှစ်အရွယ် မစ္စတာ နတ်သဝီး နေအိမ်အတွင်း သံသယဖြစ်ဖွယ် သေဆုံးခဲ့သည့် ဖြစ်စဉ်တွင် သေဆုံးသူ၏ iPad မှတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး၏ ဘဏ်အကောင့်ထဲသို့ ဘတ် ၃၀,၀၀၀ မသင်္ကာဖွယ် လွှဲပြောင်းထားသည်ကို စုံစမ်းတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

ထိုင်းဟိုတယ်တခုတွင် တရုတ်လောင်းကစားနှင့် လိင်ဝန်ဆောင်မှုပေးသည့်အုပ်စုဖမ်းမိ မြန်မာနိုင်ငံသား ၃ ဦးပါဝင် 

0
ထိုင်းနိုင်ငံ၊ နွန်သဘူရီ (Nonthaburi) ခရိုင်ရှိ အဆင့်မြင့် ဟိုတယ်တခုတွင်း တရုတ်ဂိုဏ်းတခုက  ငှားရမ်းပြီး တရားမဝင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးပါတီနှင့် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးနေကြောင်း သတင်းရသဖြင့် ထိုင်းနိုင်ငံဗဟိုစုံစမ်းရေးဗျူရို (CIB) က ဝင်ရောက်စီးနင်းခဲ့သည်။​ အဆိုပါ ထဲတွင် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း သိရသည်။ နွန်သဘူရီခရိုင်၊ ဘာင်ခေန်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...