Tuesday, January 27, 2026

မိုးသည်းထန်မှုကြောင့် ထိုင်းနယ်စပ် မိုင်းတုံမြို့ ဈေးအတွင်းရေလွှမ်း  

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် မိုးရွာသွန်းမှုကြောင့် မိုင်းတုံမြို့မ ဈေးအတွင်းရေလွှမ်းရာ ဒေသခံများ ဈေးသည်များ အခက်တွေ့နေရကြောင်းသိရသည်။

မိုးသည်းထန်မှုကြောင့် ထိုင်းနယ်စပ် မိုင်းတုံမြို့ ဈေးအတွင်းရေလွှမ်း

ဩဂုတ်လ ၂၉ ရက် ညက ညလုံးပေါက်မိုးရွာသွန်းမှုကြောင့်  ဩဂုတ်လ ၃၀ ရက် ယနေ့မနက်ပိုင်း မိုင်းတုံမြို့မဈေးအတွင်း ရေများပြည့်လျှံနေခြင်းဖြစ်ကြောင်း မွန်းလွဲပိုင်းအထိ ရေများမကျသေးကြောင်း မိုင်းတုံဒေသခံ စိုင်းဆိုင်ကပြောသည်။

ကျနော်တို့ရဲ့ဈေးက ခွက်လိုမျိုးပုံဖြစ်နေတော့ မိုးအရမ်းရွာရင်ရေပြည့်မယ်။ နောက်ပြီး ရေပြန်ထွက်ဖို့မြောင်းမရှိတော့ ရေပေါ်ဈေးဖြစ်နေတယ်။ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မိုးသည်းထန်ပါက ဈေးအတွင်းသာမက ရပ်ရွာအတွင်း လမ်းဘေးဝဲယာ တို့တွင်လည်းရေပြည့်လျှံကြောင်း ၊ အမှိုက်သရိုက်များပိတ်ဆို့သဖြင့် ရေမစီးနိုင်ခြင်းဖြစ်ရကြောင်း ဒေသခံများကပြောဆိုသည်။

ဈေးသည်တဦးကလည်း – ဒီနေ့ ဈေးမရောင်းနိုင်တော့ဘူး။ ပစ္စည်းချဖို့နေရာမရှိတော့ဘူး ။ ဈေးလာသုံးတဲ့လူလည်းမရှိဘူး။ စည်ပင်၊ ဈေးကောက် ကတော့ နေ့တိုင်းပိုက်ဆံလာကောက်တယ်။ ဘာကြောင့် မြောင်းတွေမဖောက်ပေးလဲမသိဘူး။ ဈေးထဲက မြေပြင်မညီလည်း မြေမဖို့ပေးဘူး။ အံ့ဩတယ်- ဟု ပြောသည်။

မိုင်းတုံမြို့အားဖြတ်သန်းစီးဆင်းသည့်နမ့်တုံချောင်းလည်း ချောင်းရေလျှံကာ ရပ်ရွာအတွင်းရေစီးဝင်ကြောင်း၊ မိုင်းတုံမြို့ကမ္မဌာန်းကျောင်းလည်း ရေများဝင်ရောက်လွှမ်းနေကြောင်း စိုင်းဆိုင်က ပြောသည်။

သံလွင်အရှေ့ခြမ်း ရှိ မိုင်းတုံမြို့သည် ထိုင်းနယ်စပ်နှင့် နီးစပ်သဖြင့် ၂ နိုင်ငံနယ်စပ်ရှိ ဒေသခံများကုန်ကူးသန်းသွင်းထုတ်ရာတွင်ဖြတ်သန်းရသောမြို့ဖြစ်သည်။ သံလွင်မြစ်နှင့်လည်း နီးစပ်ပြီး အထက်မိုင်းတုံ (တာ့ဆန်း)ရေကာတာတည်ဆောက်မည့်နေရာနှင့်လည်း မိုင် ၃၀ ခန့်သာ ဝေးပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပန်-မိုင်းတုံကြား သံလွင်တံတားသစ်(တာဆန်း)ကို စစ်ခေါင်းဆောင် လာရောက်ဖွင့်လှစ်

0
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက် ၁၁ နာရီခွဲတွင် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြားရှိ သံလွင်မြစ်ပေါ်တွင် အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို...

မိုင်းဆတ်-မိုင်းတုံသို့ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ဝမ်တုံကျေးရွာမှ မိုင်းတုံမြို့နယ် မဲကင်းကျေးရွာအနီးသို့ သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း (ဒေသတန်ဖိုး ငွေကျပ်သိန်း ၈,၀၀၀)ကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက် မနက် ၈ နာရီခွဲအချိန်တွင် မိုင်းဆတ်မြို့နယ် မယ်ပုလုံကျေးရွာအုပ်စု ဂျူးလုကျေးရွာအနီးတွင် ISUZU...

မိုင်းတုံမြို့နယ် စစ်မှုထမ်းစာရင်းပါသူများ ထွက်ပြေးလျှင် အရေးယူခံရမည်

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့တွင် စစ်ကောင်စီတပ်မှ စစ်မှုထမ်းအမှတ်စဉ် (၁၅)အတွက် စာရင်းကောက်ခံနေပြီး စစ်မှုထမ်းစာရင်းပါသူများ ထွက်ပြေးလျှင် အရေးယူခံရမည်ဟု စစ်ကောင်စီအဖွဲ့ဝင်များက ပြောဆိုကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇွန်လ ၁၆ ရက်)တွင် မိုင်းတုံမြို့၊ မြို့မရပ်ကွက်တွင် စစ်မှုထမ်းရန်အတွက် အစည်းအဝေးခေါ်ယူကာ ဝန်ထမ်းများ၊ ကျောင်းတက်နေသူများနှင့် မသန်စွမ်းသူများ ကင်းလွတ်ခွင့်ရပြီး...

မိုင်းတုံမြို့ စစ်ကောင်စီနှင့်လက်အောက်ခံများက ညအချိန် ရှောင်တခင် ဧည့်စာရင်းစစ်

0
ိသျှမ်းပြည် မိုင်းတုံမြို့နယ်တွင် စစ်မှုထမ်းစာရင်းပါသည့် နေအိမ်များကို စစ်ကောင်စီလက်အောက်ခံ တာဝန်ရှိသူများက ညအချိန် ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ၁၃ ရက်မှစ၍ မိုင်းတုံမြို့တွင် ညအချိန်၌ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းစာရင်းတွင် အမည်ပါဝင်ထားသော နေအိမ်များကို အဓိကထား၍...

မိုင်းတုံမြို့တွင် ဘိန်းစာရွက်ရည် သုံးစွဲသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ထောင်ဒဏ် နှစ် (၂၀)ကျော် ချမှတ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် ဘိန်းစာရွက်ရည် သုံးစွဲသူကို ရဲတပ်ဖွဲ့များ လာရောက်ဖမ်းဆီးပြီး ထောင်ဒဏ် အနှစ် (၂၀)ကျော် ချမှတ်ကြောင်း စုံစမ်းသိရသည်။ မိုင်းတုံမြို့တွင် နှစ်ကုန်အချိန် (ဒီဇင်ဘာလ အစ)တွင် မူးယစ်ဆေးဝါးသုံးစွဲများကို မူးယစ်ရဲတပ်ဖွဲ့က အမှုလိုအပ်မှုအတွက် လိုက်လံဖမ်းဆီးရာတွင် ထုံးစံဖြစ်နေကြောင်း ၊ ယခင်နှစ်ဖမ်းဆီးမိသူကို ငွေဖြင့် ပြန်လည် ရွေးခိုင်းပြီး...