လင်းခေးမြို့တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရေး နေရာ၊ ထိုင်ခင်း ခက်ခဲဖွယ်ရှိ

သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့တွင် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် နေပြည်တော် JICM အစည်းအဝေးတွင် RCSS/SSA သဘောတူဆုံးဖြတ်လိုက်ပြီးနောက် နေရာထိုင်ခင်းအတွက် တာဝန်သိ ဒေသခံများ က စိုးရိမ်နေကြသည်။

အဆိုပါအစည်းအဝေးကျင်းပမည့်ရက် အတိအကျမသိရသေးသော်လည်း အစည်းအဝေးကျင်းပဖြစ်ပါက လူဦးရေ ငါးရာထက် မနည်းရှိမည်ဖြစ်ကြောင်း သျှမ်းနိုင်ငံရေးပါတီခေါင်းဆောင်များကပြောဆိုပါသည်။

“လင်းခေးမြို့မှာ တည်းခိုခန်းက ၃ ခုဘဲရှိပါတယ်။ ဟော်တယ်မရှိဘူး။ ကျနော်တို့ကြားရတဲ့လူအရည်အတွက်နဲ့တော့ မရနိုင်ဘူး။ ခေါင်းဆောင်ပိုင်းကို တည်းခိုခန်းမှာထားပြီး ကျန်တာကိုတော့ ဘုန်းကြီးကျောင်းဘဲထင်တယ်။ ဒါပေမယ့် ကျနော်တို့လည်းအခု သတင်းဘဲကြား ထားတယ်။ တရားဝင်ပြောဆိုလာတာမရှိသေးတော့ ဘာပြင်ဆင်မှု မှ မစရသေးဘူး” – ဟု လင်းခေးမြို့ ကျားခေါင်းပါတီလွှတ်တော် ကိုယ်စားလှယ် စိုင်းအောင်မျိုးကျော်ကပြောသည်။

လင်းခေးမြို့တွင် ပြည်သူ့စစ်တပ်ဖွဲ့တို့ပိုင်သော SSS တည်းခိုခန်း ၊ စျေးတန်းရပ်ကွက်တွင် ၀င်းသီရိတည်းခိုခန်းနှင့် လင်းတည်းခိုခန်း ၃ ခုသာရှိပြီး တခုလျင် ဧည့်သည် ၃၀ ၀န်းကျင်ခန့်သာ လက်ခံနိုင်ကြောင်း၊ မြို့ကြီးပြကြီးကဲ့သို့ ဟော်တယ်ကြီးများမရှိကြောင်း လင်းခေးမြို့ခံ ပါ့နန်းကပြောသည်။

“ ဒီမှာတကယ်လုပ်ဖြစ်မယ်ဆိုရင် ဒီမှာက မြို့သေးဘဲဆိုတော့ မြို့ကြီးနဲ့တော့ ဘယ်တူမလဲနော်။ မြို့ကြီးလောက်တော့ ဘယ် အဆင်ပြေလွယ်ကူပါ့မလဲနော်။ ဒါပေမယ့် ကျနော်တို့ကမြို့ခံဖြစ်တဲ့အညီ နွေးထွေးစွာကြိုဆိုတယ်။ လုပ်ဖြစ်မယ်ဆိုရင် အစည်းအဝေးကတော့ နွယ်ဝတီခန်းမ မှာလူ ၄၀၀- ၅၀၀ လောက်အထိ ၀င်နိုင်တယ် ။ တည်းဖို့က ခန်းမ နဲ့နီးတဲ့ ဘုန်းကြီးကျောင်းဆိုရင် ကျောင်းတောရှိမယ်၊ ကျောင်းဟိုနားရှိမယ် ၊ နောက် ကျောင်းဝါဆို ရှိမယ်။ ကမ္မဌာန်းကျောင်းက တရားကျင့်တဲ့ယောဂီတွေရှိနေတုန်းမို့ အဲဒီမှာတော့နားလို့မရနိုင်သေးဘူး။ စားရေးသောက်ရေးကတော့ ကျနော်တို့လင်းခေးလူထု ချက်တဲ့ဟင်းကို ခံတွင်းတွေ့မယ်ဆိုရင်တော့ အခက်အခဲမရှိပါဘူး။ ရေဆိုရင်လည်း တိန်းချောင်းရေရှိပါတယ်။ နောက်ပြီးသွားရေးလာရေးလည်း လွယ်ကူပါတယ်။ တောင်ကြီး – လင်းခေး ကားနဲ့ဆိုရင် နေ့ချင်းပြန်ရနေပါပြီ ” – ဟု ကျေးရွာဥက္ကဌလည်းဖြစ်သည့် ဦးစိုင်းမိန်း ကပြောသည်။

သျှမ်းပြည်တောင်ပိုင်း ခရိုင် ၃ ခုအနက် တခုဖြစ်သော လင်းခေးခရိုင် လင်းခေးမြို့သည် တောင်ကြီးမြို့၏ အရှေ့ တောင်ဘက် မိုင်ပေါင်း ၁၇၀ ခန့်အကွာတွင်ရှိပါသည်။ ၂၀၀၄ ခုနှစ်က ခရိုင်အဆင့် တိုးမြင့်ဌာနပေါင်းစုံရုံးများ စိုက်ထူဖွင့်လှစ်ထားပါသည်။ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၉၇၇ တွင်တည်ရှိကာ ရာသီဥတုမှာ ပူပြင်းခြောက် သွေ့သည်ဟုဆိုသော်လည်း ဆောင်းရာသီတွင်မူ အခြားမြို့များကဲ့သို့ ချမ်းအေးသာယာသည်။
လက်ရှိတွင် ခရိုင်မှူးမှာ ဟိုပန်မှပြောင်းရွှေ့လာသည့် ဦးစန်းဌေးဖြစ်ကြောင်း၊ ဒေသတွင်းလူထုအတွက်ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းတွင် အားကြိုးမာန်တက်ဆောင်ရွက်သူတဦးဖြစ်ကြောင်းလည်း လင်းခေးမြို့ခံများကပြောဆိုနေကြသည်။

ဆက်စပ်သတင်းဖတ်ရှုရန် – http://burmese.panglong.org/?p=14427

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

ထိုင်း တင်းနစ်ကစားသမားဟောင်း သေဆုံးမှုနှင့် ရွှေ့ပြောင်းမြန်မာတစ်ဦး၏ ဘဏ်အကောင့်သို့ သံယဖြစ်ဖွယ် ငွေလွဲထားမှု

0
ထိုင်းနိုင်ငံ၏ လက်ရွေးစင် တင်းနစ်ကစားသမားဟောင်း ဖြစ်သူ အသက် ၆၄ နှစ်အရွယ် မစ္စတာ နတ်သဝီး နေအိမ်အတွင်း သံသယဖြစ်ဖွယ် သေဆုံးခဲ့သည့် ဖြစ်စဉ်တွင် သေဆုံးသူ၏ iPad မှတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး၏ ဘဏ်အကောင့်ထဲသို့ ဘတ် ၃၀,၀၀၀ မသင်္ကာဖွယ် လွှဲပြောင်းထားသည်ကို စုံစမ်းတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

ထိုင်းဟိုတယ်တခုတွင် တရုတ်လောင်းကစားနှင့် လိင်ဝန်ဆောင်မှုပေးသည့်အုပ်စုဖမ်းမိ မြန်မာနိုင်ငံသား ၃ ဦးပါဝင် 

0
ထိုင်းနိုင်ငံ၊ နွန်သဘူရီ (Nonthaburi) ခရိုင်ရှိ အဆင့်မြင့် ဟိုတယ်တခုတွင်း တရုတ်ဂိုဏ်းတခုက  ငှားရမ်းပြီး တရားမဝင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးပါတီနှင့် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးနေကြောင်း သတင်းရသဖြင့် ထိုင်းနိုင်ငံဗဟိုစုံစမ်းရေးဗျူရို (CIB) က ဝင်ရောက်စီးနင်းခဲ့သည်။​ အဆိုပါ ထဲတွင် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း သိရသည်။ နွန်သဘူရီခရိုင်၊ ဘာင်ခေန်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...