သီပေါမြို့နယ်အတွင်း အစိုးရတပ်မတော် နယ်မြေစိုးမိုးရေး၊ ရှင်းလင်းရေး လှုပ်ရှားရာမှ SSPP/SSA နှင့် တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း အစိုးရတပ်မတော် ခလရ ၁၄၇ လှုပ်ရှားစစ်ကြောင်း သည်နယ်မြေစိုးမိုးရေး၊ ရှင်းလင်းရေး လုပ်ရာမှ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် ယနေ့တိုက်ပွဲ ဖြစ်ပွားသည်။

တိုက်ပွဲ ဖြစ်ပွားသည့်နေရာသည် သီပေါမြို့ အရှေ့တောင်ဘက် မိုင် ၄၀ ကျော်အကွာ ဝမ့်မော့ကျေးရွာ အုပ်စု ပါကန်း နမ့်တိုက်ဖိုင်း ကျေးရွာ ဘက်တွင် လှုပ်ရှားစဉ် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်ရင်းအမှတ် ၈၅၅ နှင့် နိုဝင်ဘာ ၂၉ ရက် နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။

“ဒီစစ်ကြောင်းက မနေ့က ဘဲ ဝင်လာတယ်။ သဲတင်တဲ့ကားကြီးနဲ့ ညတွင်းချင်း ရောက်လာတယ်။ SSA တပ်ကတော့ ဒီဘက်မှာ အမြဲနေတယ်။ ဝင်လာတော့ ဖြစ်ပြီပေါ့။ ” – ဒေသ အတွင်းနေ ရပ်မိရပ်ဖ တဦးက ပြောသည်။

နောင်ကော်လုံ – ပန်နျု- တဆင့် စိန်ကျော့ ပန်ကန်းသို့ ရောက်ရှိလာကြောင်း၊ ပန်ကန်းကျေးရွာသား အချို့အား ချောဆွဲကာ နမ့်လင်း(ပလောင်)ရွာတွင် ညအိပ်ကြောင်း၊ ယနေ့ နံနက် ခြေလျင်ဖြင့် SSPP/SSA တပ်ရှိရာ ကောင်းမိုက်ဟုန်းသို့ ရောက်ရှိလာကာ SSPP/SSA အားတိုက်ခိုက်ခြင်းဖြစ် ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“တိုက်ပွဲက အခု ငြိမ်နေတယ်။ နာရီဝက် ကျော်ကျော်လောက်ဖြစ်တယ်။ ကောင်းမိုက်ဟုန်းမှာ ရှိတဲ့ ကျနော်တို့တပ်ကို လာတိုက်ပြီး ပြန်ဆုတ်သွားပြီ” – ဟု SSPP/SSA ပြောခွင့်ရ စိုင်းဘုန်းဟန်က ပြောသည်။

သီပေါမြို့နယ် နောင်ကော်လုံ အခြေစိုက် ခြေလျင်တပ်ရင်အမှတ် (ခလရ) ၁၄၇ အင်အား ၇၀ ခန့်က ဝမ့်မော့၊ ပါကန်းဘက် ဝင်ရောက် လှုပ်ရှားရာမှ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်ဟုဆိုသည်။

သီပေါမြို့ တပ်အသိုင်းအဝိုင်းက – “တာဝန်အရ နယ်မြေ ရှင်းလင်းဖို့ ဖြစ်တယ်။ သွားရင်တိုက်ပွဲ ဖြစ်မယ် ဆိုတာ ကျနော်တို့သိတယ်။ ဒါပေမယ့် ကျနော်တို့လဲ အထက်အမိန့်အရ သွားရတာဖြစ်တယ်။ ဝမ့်ဟိုင်း က လဲ သူတို့နေရာ သူတို့မနေဘူးလေ” – ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် အစိုးရ နှင့် ငြိမ်းချမ်းရေး တည်ဆောက်ထားသော်လည်း NCA လမ်းကြောင်း လက်မခံသည့် ဝ တပ်ဖွဲ့ခေါင်းဆောင်သည့် FPNCC မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ရှိ စစ်ရေးမဟာမိတ် အဖွဲ့တွင် ပါဝင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

မြန်မာဒုက္ခသည်များအား အလုပ်လုပ်ခွင့်ပြုသည့် ထိုင်းနိုင်ငံသည် အာရှနိုင်ငံများအတွက် စံပြဖြစ်ဟု ကုလသမဂ္ဂပြော

0
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော မြန်မာဒုက္ခသည်များအား ထိုင်းအစိုးရက အလုပ်အကိုင်ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပြီးနောက် လူပေါင်း ၅,၅၀၀ ကျော် အလုပ်အကိုင်ရရှိခဲ့သည်။ ထို လုပ်ဆောင်ချက်သည် ဒုက္ခသည်ပြဿနာရင်ဆိုင်နေရသည့် အာရှဒေသတွင်းနိုင်ငံများအတွက် ရှေ့ဆောင်လမ်းပြစံပြနမူနာတစ်ခု ဖြစ်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောကြားလိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားအကူအညီများကို...

နိုင်ငံရေးမတည်ငြိမ်တည့်ကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စစ်တပ်ဖိတ်ခေါ်

0
မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုများ ကြုံတွေ့နေရသော်လည်း အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုဝင်ဝင်ရောက်လာစေရန် ပြောကြားလိုက်သည်။ ယမန်နေ့ (ဇွန်လ ၉ ရက်) က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း...

ချင်းရိုင်တွင် အသက် ၁၄ မှ ၁၆ အရွယ် မူးယစ်ဆေးသယ်ဆောင်သူ လူငယ် ၄ ဦးထပ်မံဖမ်းမိ

0
ချင်းရိုင်ခရိုင်၊ မယ်ချန် (Mae Chan) နယ်မြေအတွင်း ဆယ်ကျော်သက်လူငယ်များကို ဘတ်ငွေ ၁၂,၀၀၀ ဖြင့် ငှားရမ်းကာ မူးယစ်ဆေးဝါးသယ်ဆောင်ခိုင်းသည့် သံသယရှိသူ ၄ ဦးနှင့်အတူ ဘတ်သန်းနှင့်ချီတန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သိန်းကျော်နှင့် ကီတမင်း ၁၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ဇွန်လ ၈...

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...