RCSS နှင့် ပတ်သက်၍ အဖမ်းခံရသည့် ဟိုပုံးဒေသခံရွာသားများလွှတ်ပေးရန် အစိုးရအား သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင်တောင်းဆို

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာအုပ်စုမှ အသက် ၁၂ နှစ်အရွယ် ကျောင်းသားတဦး အပါ အဝင် ဖမ်းဆီးခံရသူများအား ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် အစိုးရအား သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တောင်းဆိုလိုက်သည်။

NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ပတ်သက်ပြီး ၅ လ ကျော်ကြာဖမ်းဆီးခံထားရသည့် ရွာသားများအား တပ်မတော်မှ အမှု ၁၃ မှု ဖြင့် ဟိုပုံးတရားရုံးတွင် တရား စွဲဆိုထားရာ ထိုသူများထဲတွင် အသက် ၁၂ နှစ်အရွယ် ကျောင်းသား တဦးလည်းပါနေသည့်အတွက် ၄င်းတို့အားလုံးအား အမြန် ဆုံး လွှတ်ပေးရန် နို၀င်ဘာလ ၂၈ ရက်နေ့ရက်စွဲဖြင့် SHRF က ကြေငြာချက်ထုတ်ပြန်ကာတောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ဂျူလိုင်လ ကတည်းက ဖမ်းထားတာ။ ရွာသား ၉ ယောက်က လယ်သမားတွေပါ။ အစိုးရ အာဏာပိုင် တွေဘက်ကနေ အဲလိုအချိန်ဆွဲပြီး စစ်ဆေးနေတာမသင့်တော်ပါဘူး။ အမြန်ဆုံးအမှုပြန်ရုပ်သိမ်းပေးစေချင် ပါတယ်။ ဖမ်းဆီးမှုထဲမှာပါတဲ့ အသက် ၁၂ နှစ်အရွယ်ခလေးလေးကိုလည်း ပြန်လွှတ်လိုက်ပြီဆိုပေမယ့် လည်းဘဲ ကျန်တဲ့သူတွေ ရုံးတက်အမှုစစ်ဆေးတိုင်း သူကပါလိုက်လိုက်တက်နေရတော့ သူ့ပညာရေး ကိုထိခိုက်စေမယ်။ သူ့တက်လမ်းကိုထိခိုက်စေမယ်” – ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောခွင့်ရ စိုင်းဟော်ရှဲန်က ပြောသည်။

ဟိုပုံးမြို့နယ်မြောက်ဘက်တွင်လှုပ်ရှားနေသည့် ခမရ ၄၂၄၊ ခလရ ၂၂၅၊ ခလရ ၂၄၉ တို့သည့် အသက် ၁၂ နှစ်အရွယ် ကျောင်းသား တဦး အပါအဝင် လယ်သမား ၉ ဦးအား သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ အား ဆက်သွယ်ထောက်ပ့ံသူများဟုဆိုကာ ဂျူလိုင်လ ဆန်းက ဖမ်းဆီးလိုက်သည်။

လက်ရှိတွင် ချုပ်နှောင်ခံနေရသူများမှာ အကြိမ်ပေါင်း ဒါဇင်ထက်မနည်း ရုံးထုတ်စစ်ဆေးခံနေကြရပြီး တရားလိုဖြစ်သောတပ်မတော်ဘက်မှ ရုံးတက်ပျက်ကွက်သဖြင့် အမှုမှာလည်းတရားစီရင်နိုင်ခြင်း မရှိသေး ကြောင်း၊ ဟိုပုံး အချုပ်ခန်းနှင့် နမ့်ခုတ်ကျေးရွာမှာ ဝေးကွာသဖြင့်မိသားစုဝင်များ အမှုလာရောက်ကြား နာဖို့ အခက်အခဲရှိကြောင်း အဖမ်းခံရသူ တဦး၏ မိသားစုဝင်တဦးဖြစ်သည့် စိုင်းခမ်းက ပြောသည်။

“အခုချိန်မှာတော့ တက်ကြွကူညီဆောင်ရွက်ပေးနေတာဆိုလို့ စဝ်မြဝတီဘဲရှိတယ်။ အဲတာကြောင့် အမှုလိုက် ပေးဖို့ ရှေ့နေမလုံလောက်ဘူး။ မိသားစုဝင်တွေလည်း ရွာကနေ တရားရုံး သွားလာရေးမှာမလွယ် ကူလှဘူး။သူတို့မှာအကူအညီတွေလိုအပ်နေပါတယ် ” – ဟု စိုင်းဟော်ရှဲန်ကပြောသည်။

ရွာသားများ ဖမ်းဆီးချုပ်နှောင်ခံရခြင်းနှင့် ရွာသားများအား တရားမျှတမှုမရှိသော တရားစွဲဆိုမှုများ အစိုးရ တပ်မတော်မှုပြုလုပ်နေခြင်း၊ ရွာသူရွာသားများအားအခက်အခဲကြုံတွေ့စေရ ခြင်းများအပေါ် သျှမ်းလူ့အခွင့် အရေးမဏ္ဍိုင်မှ အပြင်းအထန်ရှုပ်ချကြောင်းနှင့် ရွာသားများအား ချွင်းချက်မရှိ လွှတ်ပေးစေလိုကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောဆိုလိုက်သည်။

“အခုချိန်မှာ NCA စာချုပ်ပါသဘောတူညီချက်ကိုအကောင်အထည်ဖော်နေတဲ့အချိန်မို့ အခုလို တရားမျှတမှု မရှိတဲ့လုပ်ရပ်တွေ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို အစိုးရအာဏာပိုင် တွေဘက်ကဆက်လက်ကျူးလွန် နေရင် ငြိမ်းချမ်းရေးကိုအားမပေးရာကျသလို NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်း တွေကိုလည်း NCA လက်မှတ်ရေးထိုးဖို့ မဝ့ံမရဲဖြစ်အောင်လုပ်ရာရောက်တယ် ”- ဟု စိုင်းဟော်ရှဲန်က ပြောသည်။

အဖမ်းခံရသည့်ဒေသခံ ၉ ဦး အား အစိုးရတပ်မတော်ကအမှု ၁၃ မှုဖြင့်တရားစွဲဆိုထားရာ လက်နက်မှု၊ ပို့ကုန်သွင်းကုန် ဥပဒေ ၊ ဆက်သွယ်ရေး ဥပဒေနှင့် စစ်ဆင်ရေးနယ်မြေအတွင်းဝင်ရောက်မှု ကာကွယ်ရေးဥပဒေတို့ ဖြင့်အရေးယူထားကြောင်း အမှုလိုက် ပေး သည့် ရှေ့နေ စဝ်မြဝတီ က သျှမ်းသံတော်ဆင့် အားပြောပြသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရ တပ်မတော် နှင့် တစ်နို်င်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသောကြောင့် နေပြည်တော်အစိုးရမှ ၂၀၁၅ အောက်တိုဘာ က မတရားအသင်းမှ စာရင်းပယ်ဖျက်ထားသည့် သျှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ် တခုဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...