ကျောက်မဲမြို့ ပေါက်ကွဲမှု အမြောက်တပ် ခြံစည်းရိုး ၁၀ ပေထက်မနည်းပြိုကျ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ အခြေစိုက် အမြောက်တပ်ရင်းအမှတ် ၃၅၂ ခြံစည်းရိုးအနီး လားရှိုး – ကျောက်မဲ – မန္တလေးလမ်းမ ပေါ် တွင် ပေါက်ကွဲမှု ယမန်နေ့ညက ဖြစ်ပွားခဲ့သည်။

၂၀၁၇ ခု နိုဝင်ဘာ ၂၇ ရက် ည ၈ နာရီ ၄၅ မိနစ် အချိန်တွင်ပေါက်ကွဲမှု ဖြစ်ပွားကြောင်း၊ ပေါက်ကွဲမှု အရှိန်ပြင်းထန်သောကြောင့် ဒေသခံများ ထိပ်လန့်ကြကြောင်း၊ သို့သော် တညလုံး ကားလမ်းပိတ် ဆို့ မှုမရှိဘဲ ယနေ့ နံနက်ပိုင်းမှ ခဏသာလမ်းပိတ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“ကျနော်တို့ သွားလေ့လာကြည့်တယ်။ အတွင်းကနေ အပြင်ကိုပေါက်ကွဲတယ်ဆိုတော့ စဉ်းစားစရာ။ သစ်ပင် နဲ့ ခြံစည်းရိုးက အတွင်းက အနေ အပြင်ဘက်ကို ပြိုကြလာတာ လမ်းဘက်ဆီကို” – ဟု ကျောက်မဲမြို့ နေ ဦးစိုင်းကျော် ကပြောသည်။

နိုဝင်ဘာ ၂၈ ရက် နံနက် ၈ နာရီထိုးခါနီးမှ ၁၀ နာရီကျော်အထိ လမ်းယာယီပိတ်ဆို့ကြောင်း၊ ယခု ပုံမှန် သွားလာမှုပြုနေကြကြောင်းဒေသခံများပြောကြားချက်အရသိရသည်။

အခု ပေါက်ကွဲမှုသည် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ သစ်ပင် နှင့် အမြောက်တပ်ခြံစည်းရိုး တခန်းကျော် ပြိုကျသွားခြင်းသာရှိကြောင်း ကျောက်မဲမြို့ရဲဌာန အ သိုင်းအဝိုင်းအက သတင်းဌာနများသို့ ဖြေကြားထားချက်အရသိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားစေသည့် လက်သည်လည်း ယနေ့ ညနေပိုင်းအထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

ကျောက်မဲမြို့နယ်အတွင်းတွင် အစိုးရတပ်မတော် တပ်ရင်း ၃ ရင်းအပြင် အမြောက်တပ်ကဲ့သို့ အခြား သော တိုက်ခိုက်ရေးပံ့ပိုးတပ်များ၊ ရဲတပ်ဖွဲ့များလည်းရှိသည်။ မြို့ပြင်ဘက်ပိုင်းတွင်မူ သျှမ်း လက်နက် ကိုင်တပ် ၂ ဖွဲ့၊ ပလောင်လက်နက်ကိုင်တပ် တဖွဲ့အပြင် ကချင် လက်နက်ကိုင် တပ်များလည်း မြောက်ပိုင်းမဟာမိတ်များနှင့်အတူ ရံဖန်ရံခါ ရောက်ရှိလှုပ်ရှားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...

ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများကို အာဏာသိမ်းသမ္မတ ဖိတ်ခေါ်

0
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် စီးပွားရေး အကြီးအကျယ် ကျဆင်းနေချိန်တွင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဗီယက်နမ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Melia Hotel တွင်...

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...