အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင်ကျင်းပရန် JICM အစည်းအဝေးတွင် RCSS သဘောတူ

RCSS ၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့တွင်ကျင်းပရန် နေပြည်တော်တွင် ကျင်းပသည့် JICM ၆ ကြိမ်မြောက်အစည်းအဝေးတွင် သဘောတူခဲ့ကြကြောင်းသိရသည်။

“ဘယ်နေ့လဲဆိုတာတော့အတိအကျမသိရသေးဘူး။ ၂၁ ရာစုပင်လုံ တတိယအကြိမ်ကိုတော့ ဖေဖော်ဝါရီလမှာ လုပ်မယ် လို့ကြားထားတယ်။ RCSS က NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်တဲ့အတွက်ကြောင့် သျှမ်းအမျိုး သားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကိုသီးသန့်လုပ်ဆောင်ပိုင်ခွင့်ရှိတယ်။ သူ့အနေနဲ့လုပ်ပိုင်ခွင့်ရှိသလို လုပ်မယ်ဆိုရင်လည်း မမှားဘူးပေါ့နော်။ အစိုးရကိုယ်တိုင်ကလည်းဘဲ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးပြောပြီးတော့မှ အဖွဲ့ပေါင်း ၂၁ ဖွဲ့မှာ ၈ ဖွဲ့နဲ့ဘဲ လက်မှတ် ထိုးထားတော့ တနိုင်ငံလုံးကိုကိုယ်စားပြုမလားပေါ့။”- ဟု CSSU အဖွဲ့ဝင် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရစိုင်းလိတ်ကပြောပါသည်။

၆ ကြိမ်မြောက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး JICM အစည်းအဝေးကို နို၀င်ဘာလ ၂၇ ရက်နေ့က နေပြည်တော်တွင်ကျင်းပရာ NCA လက်မှတ်ရေးထိုး သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ ခေါင်းဆောင်များ၊ JICM ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ် ဘက်မှ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အဆိုပါအစည်းအဝေးတွင် အချက် ရ ချက်ကို ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ရာ RCSS-SSA ၏ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဇန်နဝါရီလအတွင်း သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင် ကျင်းပပြုလုပ်ရန်ဟူသည့် အချက်ပါရှိပါသည်။

“RCSS/SSA က သူ့မှာလုပ်ခွင့်ရှိလို့သူလုပ်သွားတဲ့အပေါ် ကျနော်တို့ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမယ့် သူ့ရဲ့လုပ် ဆောင်မှုဟာ သျှမ်းအမျိုးသားအဆင့် ဆိုပေမယ့်လို့ သျှမ်းတမျိုးသားလုံးကို ကိုယ်စားပြုတယ်မပြုဘူး ဆိုတာ ကတော့ ဝိဝါဒကွဲစရာအများကြီးရှိပါတယ်။ ကန့်သတ်ချက်တွေ အများကြီးရှိဦးမှာပါ။ ” – ဟု SNLD ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး Myanmar State Counsellor Office ၏ ထုတ်ပြန်ချက် တွင် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆိုသည့် အသုံးအနှုန်း အသုံးမပြုဘဲ RCSS-SSA ၏ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲ ဟု သုံးနှုန်းထား သည့် အတွက် သျှမ်းတမျိုးသားလုံးအတွက် ကိုယ်စားမပြုမည်မပြု ကိုတော့ အတည်ပြုချက် မရသေးပေ။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU မှ ကျင်းပသည့် အစည်းအဝေးများတွင် သျှမ်းအဖွဲ့အစည်းများ၊ သျှမ်း ခေါင်းဆောင်များ အများစုက သျှမ်းအမျိုးသားတို့၏ နိုင်ငံရေး ဂုဏ်သိက္ခာ နှင့်အညီ တောင်ကြီး သို့မဟုတ် ပြည်ထောင်စု သမိုင်းဝင် ပင်လုံမြို့တွင် ကျင်းပရန် ယမန်နှစ်နှောင်းပိုင်းမှစ၍ ပြင်ဆင်လာသော်လည်း အစိုးရ တပ်မတော်က ကျင်းပခွင့်မပြုသောကြောင့် လင်းခေးမြို့တွင်ကျင်းပရန် ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် RCSS/SSA ၏ကိုယ်စားလှယ်အဖွဲ့က သဘောတူလိုက်သည်။

အဆိုပါ ဆုံးဖြတ်ချက်ပါ JICM အစည်းအဝေး၏ သဘောတူညီချက် ၇ ချက်မှာ – (၁) တစ်နိုင်ငံလုံးပစ်ခတ် တိုက် ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်း ဆိုင်ရာ အလုပ်အဖွဲ့၏ အစီရင်ခံစာကိုအတည်ပြုခြင်း၊(၂) RCSS-SSA ၏ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ဇန်နဝါရီလအတွင်း သျှမ်းပြည်နယ် လင်းခေးမြို့တွင် ကျင်းပပြုလုပ်ရန်၊ (၃) ALP ၏ အမျိုးသားအဆင့်နိုင်ငံရေးပွဲ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်၊ (၄) ပြည်ထောင်စု သဘောတူစာချုပ် အကောင် အထည် ဖော်ခြင်း ဆိုင်ရာကိစ္စရပ်များကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အတိုင်း ဆက်လက်ဆောင်ရွက်သွားရန်၊ (၅) ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ တတိယ အစည်း အဝေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးသီတင်းပတ်တွင် ကျင်းပရန်၊ (၆) ၇ ကြိမ်မြောက် JICM အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးသီတင်းပတ်တွင် ကျင်းပရန်၊ (၇) ဆက်လက်ဆွေးနွေးရန် အချက်အချို့မှအပ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်၊ လုပ်ငန်းလမ်းညွှန် ToR များနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း ဆိုင်ရာလုပ်ထုံလုပ်နည်း Standard Operating Procedure-SOP များကို အတည်ပြုခြင်း စသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး Myanmar State Counsellor Office က ထုတ်ပြန်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အယုဒ္ဓယတွင် ချစ်သူမိန်းကလေးထံ ကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော်လွှဲပေးသည့် ကျောင်းထိုင်ဘုန်းကြီးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် ဘုန်းကြီးကျောင်းတစ်ခုတွင် သက်တော် ၆၆ နှစ်အရွယ််ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သူမှ ဘုန်းကြီးကျောင်း ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် (မြန်မာကျပ် ၁၂ ဘီလီယံ နီးပါး) အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (စက်တင်ဘာ ၁၀ ရက်) မနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ...

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

0
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး...