Wednesday, January 28, 2026

အမျိုးသမီး နှင့် ကလေးသူငယ်များ အခွင့်အရေး ဖေါ်ဆောင်နိုင်ရေး SSPP/SSA ပံ့ပိုးကူညီမည်

အမျိုးသမီးအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားအား သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA ကမကထ ပြုမှုဖြင့် သျှမ်းပြည်အမျိုးသမီးကြီးများအဖွဲ့ SSWO မှ ၀မ့်ဟိုင်းဌာနချုပ်တွင် ကျင်းပရာ ဒုတိယ ဗိုလ်ချုပ်ကြီး ခေးတိုင်းက တက်ရောက်ကာ အမှာစကားပြောကြားခဲ့ပါသည်။

၂၀၁၇ ခု နို၀င်ဘာ ၂၅ ရက် SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းတွင်ကျင်းပသော အဆိုပါ အခမ်းအနား သို့ ဒုတိယ ဗိုလ်ချုပ်ကြီးခေးတိုင်း က – သျှမ်းအမျိုးသမီးများ ယခုကဲ့သို့ စုံစုံညီညီ တက်ရောက်သည့် အတွက် ၀မ်းသာအားရ ကြောင်း၊ ကလေးသူငယ်များနှင့် အမျိုးသမီးများအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသည့် သူများအသင်း အဖွဲ့များအား SSPP/SSA အနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးကူညီမှု ပေးသွားမှာဖြစ်ကြောင်း – အခမ်းအနားမိန့်ခွန်း တွင် ပြောကြားသွားသည်။

အခမ်းအနားသို့တက်ရောက်သည့် ခေါင်းဆောင်များကလည်း အမှာစကားများအသီးသီးပြောဆိုကြရာတွင် အမျိုးသမီးအရေးလှုပ်ရှားနေသည့်လုပ်ငန်းစဉ်များအတွင်း ကျားမ မရွေး၊ အသက်အရွယ်မရွေး လူတိုင်းစေ့ ပါ၀င်လာနိုင်ရေးအတွက် အရေးကြီးကြောင်း ပြောဆိုသွားခဲ့သည်။

“အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနား ကျင်းပရတဲ့ရည်ရွယ်ချက် ကတော့ ၃ ခု ရှိပါတယ်။ ၁- ဒီနေ့ဟာ အမျိုးသမီးတွေအတွက် အရေးကြီးတဲ့နေ့တနေ့ဖြစ်ပါတယ်။ ၂- ကတော့ ရပ်ရွာအတွင်းရော တပ်တွင်းမှာပါ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုမရှိအောင်ရည်ရွယ်တယ်။ ၃-က ကျမတို့ အမျိုးသမီးအဖွဲ့ဖွဲ့စည်းလာတာ ၅ နှစ်ပြည့်တော့မှာဖြစ်တဲ့အတွက် ရှေ့ဆက် အခြေခိုင်ပြီး ဆက်လက်ရပ်တည်သွားနိုင်အောင် သျှမ်းပြည်နဲ့အဝှမ်းကအမျိုးသမီးတွေ နဲ့လက်တွဲပြီးအမျိုးသမီးရေးရာ အတွက်လှုပ်ရှားသွားနိုင်အောင် ရည်ရွယ်ပါတယ် ”- ဟု SSWO မှ အမျိုးသမီးအရည်အချင်းမြှင့်တင်ရေး လုပ်ငန်းတွင် ဦးဆောင်ဦးရွက်ပြုနေသည့် ဆရာမ နန်းဟိန်းခမ်းက သျှမ်းသံတော်ဆင့်အား ပြောသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးနေ့နှင့်ပတ်သက်ပြီး မိုင်းရှူးမြို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းကောင်ခမ်းက – အမျိုးသမီးအကြမ်းဖက်မှုပပျောက်အောင် မျိုးဆက်သစ် လူငယ်လေးတွေအပါအဝင် နေရာဒေသတိုင်းမှာ ဗဟုသုတပညာပေးလှုပ်ရှားမှုတွေပြုလုပ်သွားသင့်တယ်- ဟုမှတ်ချက်ပြုပြောဆိုသည်။

အဆိုပါအခမ်းအနားကို ညနေ ၃ နာရီမှ ၈ နာရီအထိ မျိုးဆက်သစ်ကျောင်းတွင်ကျင်းပရာ ကျောင်းသားလေး များနှင့် ထမင်းလက်ဆုံစားခြင်း၊ အမျိုးသမီးအကြမ်းဖက်မှုရပ်တန့်ရေးအထိမ်းအမှတ်တီရှပ်များပေးဝေခြင်း၊ သံစုံတီးဝိုင်းဖြင့် တီးခတ်ဖျော်ဖြေခြင်းများရှိကြောင်းသိရပါသည်။

အဆိုပါ အခမ်းအနားသို့ SSPP/SSA ဒုတိယ ဥက္ကဌ ၊ ဒုတိယ ဗိုလ်ချုပ်ကြီးခေးတိုင်း နှင့် အတူ ဗိုလ်ချုပ်ဆိုင်ဖှ ၊ ခေါင်းဆောင် ပိုင်းအချို့ နှင့် အမျိုးသမီးခေါင်းဆောင်များ၊ အမျိုးသမီးငယ်များ၊ လူငယ်ခေါင်းဆောင်များ၊ မျိုးဆက်သစ်ကျောင်းမှ ဆရာမ များစုစုပေါင်းလူဦးရေ ၁၀၀၀ ကျော်တက်ရောက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နိုင်ငံခြားဆေးဝါးများ ပြတ်လပ် နာတာရှည်လူနာများ အခက်တွေ့နေ

0
နိုင်ငံခြားကုန်ပစ္စည်းများ တင်ဆောင်ခွင့်ကို စစ်ကော်မရှင်က ယာယီပိတ်ပင်ထားသည်မှာ ၅ လနီးပါး ရှိလာပြီဖြစ်သဖြင့် သျှမ်းပြည်တောင်ပိုင်းတွင် အခြေခံဆေးဝါးများ ပြတ်လပ်ကာ ဈေးနှုန်းများမှာ ယခင်ထက် ၃ ဆခန့်အထိ အဆမတန် မြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၅ သြဂုတ်လ ဒုတိယပတ်မှစတင်၍ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်ဖြင့် နိုင်ငံခြားမှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

လားရှိုးတွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါး လုပ်ကြံသတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါးကို အမည်မသိ လူတစ်စုက သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၆ နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌...

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...