အမျိုးသမီး နှင့် ကလေးသူငယ်များ အခွင့်အရေး ဖေါ်ဆောင်နိုင်ရေး SSPP/SSA ပံ့ပိုးကူညီမည်

အမျိုးသမီးအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားအား သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA ကမကထ ပြုမှုဖြင့် သျှမ်းပြည်အမျိုးသမီးကြီးများအဖွဲ့ SSWO မှ ၀မ့်ဟိုင်းဌာနချုပ်တွင် ကျင်းပရာ ဒုတိယ ဗိုလ်ချုပ်ကြီး ခေးတိုင်းက တက်ရောက်ကာ အမှာစကားပြောကြားခဲ့ပါသည်။

၂၀၁၇ ခု နို၀င်ဘာ ၂၅ ရက် SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းတွင်ကျင်းပသော အဆိုပါ အခမ်းအနား သို့ ဒုတိယ ဗိုလ်ချုပ်ကြီးခေးတိုင်း က – သျှမ်းအမျိုးသမီးများ ယခုကဲ့သို့ စုံစုံညီညီ တက်ရောက်သည့် အတွက် ၀မ်းသာအားရ ကြောင်း၊ ကလေးသူငယ်များနှင့် အမျိုးသမီးများအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသည့် သူများအသင်း အဖွဲ့များအား SSPP/SSA အနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးကူညီမှု ပေးသွားမှာဖြစ်ကြောင်း – အခမ်းအနားမိန့်ခွန်း တွင် ပြောကြားသွားသည်။

အခမ်းအနားသို့တက်ရောက်သည့် ခေါင်းဆောင်များကလည်း အမှာစကားများအသီးသီးပြောဆိုကြရာတွင် အမျိုးသမီးအရေးလှုပ်ရှားနေသည့်လုပ်ငန်းစဉ်များအတွင်း ကျားမ မရွေး၊ အသက်အရွယ်မရွေး လူတိုင်းစေ့ ပါ၀င်လာနိုင်ရေးအတွက် အရေးကြီးကြောင်း ပြောဆိုသွားခဲ့သည်။

“အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနား ကျင်းပရတဲ့ရည်ရွယ်ချက် ကတော့ ၃ ခု ရှိပါတယ်။ ၁- ဒီနေ့ဟာ အမျိုးသမီးတွေအတွက် အရေးကြီးတဲ့နေ့တနေ့ဖြစ်ပါတယ်။ ၂- ကတော့ ရပ်ရွာအတွင်းရော တပ်တွင်းမှာပါ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုမရှိအောင်ရည်ရွယ်တယ်။ ၃-က ကျမတို့ အမျိုးသမီးအဖွဲ့ဖွဲ့စည်းလာတာ ၅ နှစ်ပြည့်တော့မှာဖြစ်တဲ့အတွက် ရှေ့ဆက် အခြေခိုင်ပြီး ဆက်လက်ရပ်တည်သွားနိုင်အောင် သျှမ်းပြည်နဲ့အဝှမ်းကအမျိုးသမီးတွေ နဲ့လက်တွဲပြီးအမျိုးသမီးရေးရာ အတွက်လှုပ်ရှားသွားနိုင်အောင် ရည်ရွယ်ပါတယ် ”- ဟု SSWO မှ အမျိုးသမီးအရည်အချင်းမြှင့်တင်ရေး လုပ်ငန်းတွင် ဦးဆောင်ဦးရွက်ပြုနေသည့် ဆရာမ နန်းဟိန်းခမ်းက သျှမ်းသံတော်ဆင့်အား ပြောသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးနေ့နှင့်ပတ်သက်ပြီး မိုင်းရှူးမြို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းကောင်ခမ်းက – အမျိုးသမီးအကြမ်းဖက်မှုပပျောက်အောင် မျိုးဆက်သစ် လူငယ်လေးတွေအပါအဝင် နေရာဒေသတိုင်းမှာ ဗဟုသုတပညာပေးလှုပ်ရှားမှုတွေပြုလုပ်သွားသင့်တယ်- ဟုမှတ်ချက်ပြုပြောဆိုသည်။

အဆိုပါအခမ်းအနားကို ညနေ ၃ နာရီမှ ၈ နာရီအထိ မျိုးဆက်သစ်ကျောင်းတွင်ကျင်းပရာ ကျောင်းသားလေး များနှင့် ထမင်းလက်ဆုံစားခြင်း၊ အမျိုးသမီးအကြမ်းဖက်မှုရပ်တန့်ရေးအထိမ်းအမှတ်တီရှပ်များပေးဝေခြင်း၊ သံစုံတီးဝိုင်းဖြင့် တီးခတ်ဖျော်ဖြေခြင်းများရှိကြောင်းသိရပါသည်။

အဆိုပါ အခမ်းအနားသို့ SSPP/SSA ဒုတိယ ဥက္ကဌ ၊ ဒုတိယ ဗိုလ်ချုပ်ကြီးခေးတိုင်း နှင့် အတူ ဗိုလ်ချုပ်ဆိုင်ဖှ ၊ ခေါင်းဆောင် ပိုင်းအချို့ နှင့် အမျိုးသမီးခေါင်းဆောင်များ၊ အမျိုးသမီးငယ်များ၊ လူငယ်ခေါင်းဆောင်များ၊ မျိုးဆက်သစ်ကျောင်းမှ ဆရာမ များစုစုပေါင်းလူဦးရေ ၁၀၀၀ ကျော်တက်ရောက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

ထိုင်းဟိုတယ်တခုတွင် တရုတ်လောင်းကစားနှင့် လိင်ဝန်ဆောင်မှုပေးသည့်အုပ်စုဖမ်းမိ မြန်မာနိုင်ငံသား ၃ ဦးပါဝင် 

0
ထိုင်းနိုင်ငံ၊ နွန်သဘူရီ (Nonthaburi) ခရိုင်ရှိ အဆင့်မြင့် ဟိုတယ်တခုတွင်း တရုတ်ဂိုဏ်းတခုက  ငှားရမ်းပြီး တရားမဝင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးပါတီနှင့် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးနေကြောင်း သတင်းရသဖြင့် ထိုင်းနိုင်ငံဗဟိုစုံစမ်းရေးဗျူရို (CIB) က ဝင်ရောက်စီးနင်းခဲ့သည်။​ အဆိုပါ ထဲတွင် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း သိရသည်။ နွန်သဘူရီခရိုင်၊ ဘာင်ခေန်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

သီပေါဟော်နန်းကို ယဉ်ကျေးမှုအထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းတွင် သီပေါဟော် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဗုဒ္ဓကောလိပ် တည်ဆောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို သီပေါဟော်နန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ သီပေါမြို့ပေါ်ရှိ သံဃာတော်များနှင့် ဖိတ်ကြားထားသူများ...