RCSS/SSA ဆက်သွယ်မှုဖြင့် ဖမ်းဆီးရာမှ ဟိုပုံးဒေသခံ ၈ ဦး အမှု ၁၃ မှုဖြင့်တရားစွဲခံရ

ဂျုလိုင်လလယ်ပိုင်းက အစိုးရတပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ဟိုပုံးမြို့နယ်အတွင်းက ကျေးလက်ရွာသား ၈ ဦးအားတရားရုံးတော်မှာ တပ်မတော် ဘက်မှ အမှု ၁၃ မှု အမှုဖွင့် တရားစွဲဆိုထားသည်ဟု သိရသည်။

“ဟိုပုံးဒေသ ၈ ယောက်ပေါ့၊ အမှုက ၁၃ မှု လက်နက်မှု ၊ ဥပဒေမှု နဲ့ အရေးယူတာပါတယ်၊ ပို့ကုန်သွင်းကုန် ဥပဒေနဲ့လဲပါတယ်၊ ဆက်သွယ်ရေး ဥပဒေနဲ့ စစ်ဆင်ရေးနယ်မြေအတွင်းမှာ ဝင်ရောက်တယ်ဆိုပြီးတော့မှ ကာကွယ်ရေးဥပဒေနဲ့ အရေးယူထားတာပါတယ်။ ဒါကြောင့်မလို့ အမှုတွေက များသွားတယ်” ဟု အမှုလိုက် ပေး သည့် ရှေ့နေ စဝ်မြဝတီ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ဖမ်းဆီးခံထားသည့် ဒေသခံ ၈ ဦးအား ၁၀ ကြိမ်ထက်မနည်း တရားရုံးတက်ရကြောင်း၊ တစုံတရာ ချမှတ်စီရင်ခြင်းမရှိဘဲ ရုံးဆက်တိုက် ချိန်းဆိုနေကြောင်း လာမည့် နို၀င်ဘာ ၂၉ ရက်နေ့တွင်လည်း ထပ်မံရုံးချိန်းထားသည်ဟုဆိုသည်။

“ရုံးချိန်းက ၁၀ ခါလောက်ရှိပြီထင်တယ် ၊ တစ်ချို့အမှုကတော့ တရားလိုသက်သေပြီးသွားပြီ သက်သေကုန်တဲ့ အမှုကတော့ စွဲချက်တင်ဖို့ သင့်မသင့်ဆိုတာ လျှောက်လဲချက် ပေးရမှာ။ ပုဒ်မနဲ့ အကြုံးဝင်တယ် မဝင်ဘူး ဆို တာပေါ့ ၊တစ်ချို့အမှုကတော့ သက်သေကျန်သေးတယ်၊ ၂၉ ရက်နေ့ ပြန်ချိန်းတယ် ၊ ဖမ်းခံရသူတွေက အချုပ် ထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ပဲ အာမခံရထားတယ်၊ ကျန်တဲ့လူတွေက အချုပ်ခန်းထဲမှာ ၄ လလောက်ဖြစ်သွားပြီ” ဟု ရှေ့နေ စဝ်မြဝတီ ကပြောသည်။

ဂျုလိုင် ၁၇ ရက်နေ့က ဟိုပုံးမြို့နယ် နမ့်ခုတ် ရွာသား ၈ ဦးအား အစိုးရတပ်မတော် ခြေလျင်တပ်ရင်း ခလရ အမှတ် ၂၂၅ နှင့် ၂၄၉ တို့မှ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ သတင်းမေးမြန်းရာ သတင်း မပေးဟုဆိုကာ ၄င်းတို့အား ဖမ်းဆီးခေါ်ဆောင်သွား အချုပ်ခန်းသို့ပို့ဆောင်ချုပ်နှောင်ထားခြင်းဖြစ်သည်။

အလားတူ RCSS/SSA ၏ တပ်သား ၂ ဦး စိုင်းလုံနှင့် စိုင်းဆေလုံကို မိုင်းပျင်းမြို့နယ် မိုင်းပူးလုံအုပ်စု ကိန်းဟင်ရွာတွင် ဂျူလိုင်လ ၂၅ ရက်နေ့က မိုင်းဆတ်အခြေစိုက် ခမရ ၅၂၇ စစ်ကြောင်းက ဖမ်းဆီးလိုက်ပြီး ကျိုင်းတုံအကျဉ်းထောင်သို့ပို့ဆောင်ချုပ်နှောင်ထားသည်။

သို့သော် ဩဂုတ်လ ၁၁ ရက်နေ့က မိုင်းကိုင်မြို့ မိုင်းခွန်အုပ်စု ကွန်ယုံးရွာရှိ RCSS/SSA ထံ လက်နက်ချ သည့် မိုင်းပန်မြို့အခြေစိုက် ခမရ ၅၇၇ မှ တပ်သားသက်ဆွေကိုမူ RCSS/SSA က အောက်တိုဘာလ ၁၃ ရက်နေ့က လဲချားမြို့ရှိ အစိုးရတပ်မတော်ထံ ပြန်ပေးအပ်ခဲ့သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရ တပ်မတော် နှင့် တစ်နို်င်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသောကြောင့် နေပြည်တော်အစိုးရမှ ၂၀၁၅ အောက်တိုဘာ က မတရားအသင်းမှ စာရင်းပယ်ဖျက်ထားသည့် သျှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ် တခုဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

0
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး...

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...