ရလခတိုင်းမှူးဖြုတ်ခိုင်းသည့် မိုင်းနန်းအုပ်စုအဝင်ဆိုင်ဘုတ်အား မြန်မာစာဖြည့်ပြီးပြန်တင်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနန်းအုပ်စု၏ အုပ်စုအဝင် မိုင်းနန်း(ရွာမ)၏ ဆိုင်းဘုတ်အား “မိုင်းနန်း” ဟူသည့် မြန်မာစာထပ်မံဖြည့်ဆီးကာ နတ်တော်လဆန်း ၁ ရက် ၂၁၁၂ သျှမ်းနှစ်ကူးနေ့တွင် ပြန်တင်လိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါဆိုင်းဘုတ်အား ကျေးသီးမြို့နယ် ကျားခေါင်းပါတီ လွှတ်တော်အမတ်များက ကမကထပြုကာ ဒေသတွင်းလူထု ၊ သံဃာတော်များနှင့်စုပေါင်းပြီး နှစ်သစ်ကူးနေ့ဖြစ်သည့် နို၀င်ဘာလ ၁၉ ရက်နေ့တွင်ပြန်လည်တင်ခဲ့ကြခြင်းဖြစ်ကြောင်း ပြည်နယ်လွှတ်တော်အမတ် စိုင်းစံမိန်းက သျှမ်းသံတော်ဆင့်အားပြောသည်။

“ဆိုင်းဘုတ်ကို သျှမ်းစာနဲ့ မြန်မာစာ ရေးသားပြီးပြန်တင်လိုက်တယ်။ ဆိုင်းဘုတ်အသစ်ကို ကျနော်တို့ကျားခေါင်းပါတီအမတ် ၃ ယောက် ကျနော်စိုင်းစံမိန်းရယ်၊ စဝ်ခမ်းပိုင်ဖ ရယ်၊ ဆရာစိုင်းအောင်ကျော်ရယ် စုပေါင်းပြီးလုပ်ပေးလိုက်ပါတယ်။ ပြန်တင်ဖို့အတွက်လည်း ကျနော် ကျေးသီးမြို့နယ်ထွေအုပ်နဲ့သွားတိုင်ပင်ပြီးတော့ လုပ်တာပါ။ တရားဝင်စာတင်ရတာတွေဘာတွေမလုပ်ခဲ့ပေမယ့် ဒီဆိုင်းဘုတ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့ ဥပဒေလည်းသီးခြားမရှိသေးတော့ တကယ်တော့ဒါဟာ ဒီလောက်အထိ မဖြစ်သင့်တဲ့ကိစ္စ လို့မြင်ပါတယ်”- ဟု ဆိုပါသည်။

အဆိုပါ ဆိုင်းဘုတ်အား မြန်မာစာမပါဟုဆိုကာ ရလခတိုင်း တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်က နိုဝင်ဘာလ ၁၀ ရက်နေ့က ဖြုတ်ချရန် ညွှန်ကြားခဲ့သည်။

မိုင်းနန်းအုပ်စုသည် ကျေးသီးမြို့အရှေ့တောင်ဘက် တွင်တည်ရှိပါသည်။ မိုင်းနောင်မြို့နယ်ခွဲအတွင်းပါရှိပြီး မိုင်းနန်းအုပ်စုဝင်ကျေးရွာ ၁၄ ရွာရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်-နမ့်ခမ်းကြား TNLA နှင့် MNDAA တိုက်ပွဲပြင်းထန်၊ မိုင်းယုလေးဒေသကို MNDAA ထိန်းချုပ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA ကြား မြေပြင်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး နမ့်ခမ်းမြို့ဘက်သို့ ဦးတည်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၃ နာရီကျော်မှ စတင်၍ ကွတ်ခိုင်မြို့ပြင်ဘက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

သိန္နီတွင် MNDAA က ညမထွက်ရအမိန့်ထုတ်ပြန်၊ MNDAA နှင့် TNLAကြား စစ်ရေးတင်းမာနေ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ယနေ့ညမှ စတင်ကာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် ညမထွက်ရအမိန့်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ရုတ်တရက် ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမိန့်သည် ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ကြား တိုက်ပွဲများ...

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...