Friday, April 26, 2024

အလွှာအသီးသီးပါ၀င်သည့် သျှမ်းပြည်ကွန်ဂရက် အစည်းအဝေးကြီးကို ဗိုလ်ချုပ်ကြီးယွက်စစ် ကမကထပြု ကျင်းပမည်

Must read

သျှမ်းပြည်တိုင်းရင်းသား အဖွဲ့အစည်းအစည်းများ၊ အလွှာအသီးသီးမှ လူထု ၊ အသင်းအဖွဲ့များ ပါ၀င်သည့် သျှမ်းပြည်ကွန်ဂရက်ကို မကြာမှီ ကျင်းပသွားမည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

အဆိုပါ သျှမ်းပြည်ကွန်ဂရက်အစည်းအဝေးကြီးကို လာမည့် ဒီဇင်ဘာ – ဂျန်နဝါရီ လ အတွင်း ကျင်းပမည့်ဖြစ်ပြီး နေရာမှာမူ သျှမ်းပြည်တပ်မတော် ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် လျာထားကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ဤကဲ့သို့ပြောသည်။

“သျှမ်းပြည်မှာနေထိုင်တဲ့တိုင်းရင်းသားအားလုံးညီညွတ်ရေး ရစေဖို့အတွက် သျှမ်းပြည်ကွန်ဂရက်ကို RCSS အနေနဲ့ ဒီဇင်ဘာ- ဂျန်နဝါရီလလောက်မှာလုပ်ဖို့ရည်ရွယ်ထားတယ်။ သျှမ်းပြည်က လူငယ်အဖွဲ့အစည်းအားလုံး ကိုဖိတ်ခေါ် မယ်။ တိုင်းရင်းသားအားလုံးကို ဖိတ်ခေါ်မယ် ”- ဟု ပြောသည်။

အဆိုပါ ကွန်ဂရက်အစည်းအဝေးကြီး ပြီးဆုံးသွားပါက သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အစည်းအဝေးကြီး ဆက်တိုက်ပြုလုပ်သွားမည်ဟုလည်းဆိုသည်။

“CSSU ဖွဲ့စည်းထားတာက သျှမ်းအတွက်ချည်းဘဲမဟုတ်ဘူး။ သျှမ်း ပြည် ညီညွှတ်ရေးကော်မတီ ဆိုတော့ သျှမ်းပြည်သားတွေ အားလုံး ပါ၀င်လာဖို့ လုပ်မယ်။ ရဟန်းသံဃာတွေ လည်းပါမယ် ။ သျှမ်းအပါ အဝင် သျှမ်းပြည်တိုင်းရင်းသားအားလုံး ပါတီတွေအားလုံးကို ဖိတ်ခေါ်မယ် ၊ TNLA အပါအဝင် ဖိတ်မယ် ”- ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

RCSS/SSA သည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် တော်လှန်ရေး တပ် ၈ ဖွဲ့ ပါ၀င်သည့် သျှမ်းလက်နက်ကိုင်တပ် တခုဖြစ်သည်။ ဗိုလ်ချုပ်ကြီးယွက်စစ်သည်လည်း လက်ရှိတွင် သျှမ်းပြည်ညီညွတ်ရေးကော်မတီ ၏ အလှည့်ကျ ဥက္ကဌ ဖြစ်ပါသည်။

Leave a Comments

- Advertisement -spot_img

Latest article