အလွှာအသီးသီးပါ၀င်သည့် သျှမ်းပြည်ကွန်ဂရက် အစည်းအဝေးကြီးကို ဗိုလ်ချုပ်ကြီးယွက်စစ် ကမကထပြု ကျင်းပမည်

သျှမ်းပြည်တိုင်းရင်းသား အဖွဲ့အစည်းအစည်းများ၊ အလွှာအသီးသီးမှ လူထု ၊ အသင်းအဖွဲ့များ ပါ၀င်သည့် သျှမ်းပြည်ကွန်ဂရက်ကို မကြာမှီ ကျင်းပသွားမည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

အဆိုပါ သျှမ်းပြည်ကွန်ဂရက်အစည်းအဝေးကြီးကို လာမည့် ဒီဇင်ဘာ – ဂျန်နဝါရီ လ အတွင်း ကျင်းပမည့်ဖြစ်ပြီး နေရာမှာမူ သျှမ်းပြည်တပ်မတော် ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် လျာထားကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ဤကဲ့သို့ပြောသည်။

“သျှမ်းပြည်မှာနေထိုင်တဲ့တိုင်းရင်းသားအားလုံးညီညွတ်ရေး ရစေဖို့အတွက် သျှမ်းပြည်ကွန်ဂရက်ကို RCSS အနေနဲ့ ဒီဇင်ဘာ- ဂျန်နဝါရီလလောက်မှာလုပ်ဖို့ရည်ရွယ်ထားတယ်။ သျှမ်းပြည်က လူငယ်အဖွဲ့အစည်းအားလုံး ကိုဖိတ်ခေါ် မယ်။ တိုင်းရင်းသားအားလုံးကို ဖိတ်ခေါ်မယ် ”- ဟု ပြောသည်။

အဆိုပါ ကွန်ဂရက်အစည်းအဝေးကြီး ပြီးဆုံးသွားပါက သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အစည်းအဝေးကြီး ဆက်တိုက်ပြုလုပ်သွားမည်ဟုလည်းဆိုသည်။

“CSSU ဖွဲ့စည်းထားတာက သျှမ်းအတွက်ချည်းဘဲမဟုတ်ဘူး။ သျှမ်း ပြည် ညီညွှတ်ရေးကော်မတီ ဆိုတော့ သျှမ်းပြည်သားတွေ အားလုံး ပါ၀င်လာဖို့ လုပ်မယ်။ ရဟန်းသံဃာတွေ လည်းပါမယ် ။ သျှမ်းအပါ အဝင် သျှမ်းပြည်တိုင်းရင်းသားအားလုံး ပါတီတွေအားလုံးကို ဖိတ်ခေါ်မယ် ၊ TNLA အပါအဝင် ဖိတ်မယ် ”- ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

RCSS/SSA သည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် တော်လှန်ရေး တပ် ၈ ဖွဲ့ ပါ၀င်သည့် သျှမ်းလက်နက်ကိုင်တပ် တခုဖြစ်သည်။ ဗိုလ်ချုပ်ကြီးယွက်စစ်သည်လည်း လက်ရှိတွင် သျှမ်းပြည်ညီညွတ်ရေးကော်မတီ ၏ အလှည့်ကျ ဥက္ကဌ ဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စျေးရောင်းသူ ဟန်ဆောင်၍ တို့ဆေးဖြင့် ပစ္စည်းလုယူသည့် အုပ်စုဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေး‌ရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့်...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...

ကျိုင်းတုံမြို့ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂ ရက်) နေ့လည်တွင် ကျိုင်းတုံမြို့ ၊ ရပ်ကွက်(၄)  နွဲနော်ရပ်ကွက်ရှိ ပရိဘောဂ နှင့် အိမ်သုံးပစ္စည်း အရောင်းဆိုင်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက်ကာ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

သီပေါတံတားကို ၈ လနီးပါး ပိတ်ထား လူနာပို့ဆောင်ရေး အခက်ကြုံ

0
သျှမ်းပြည် မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကို စစ်ကော်မရှင်တပ်က ၈ လနီးပါး ပိတ်ထားဆဲဖြစ်သဖြင့် ဒေသခံများ၏ သွားလာရေးနှင့် အရေးပေါ်လူနာများ ပို့ဆောင်ရေးတို့တွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကို စစ်ကော်မရှင်တပ်နှင့် ကိုကန့်တပ်ဖွဲ့ MNDAA တို့  ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်စပြီး ရက်အကန့်အသတ်မရှိ အပြန်အလှန် ပိတ်ထားခဲ့သည်။  လက်ရှိ အချိန်ထိစစ်ကော်မရှင်က သီပေါတံတားကို ဆက်လက်ပိတ်ထားပြီး မော်တော်ယာဉ်များ ဖြတ်သန်းခွင့်မပြုသေးကြောင်း သီပေါမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သီပေါတံတားက ပိတ်ထားတုန်းပါ။ ကားကတော့ သွားလာလို့မရဘူး။ လူတွေတော့ အရင်လို လမ်းလျှောက်သွားနေကြရတယ်။ လူနာပို့ရင်တော့ လမ်းလျှောက်ဖြတ်ရတုန်းပဲ။ စက်လှေနဲ့လည်း  ကူးတာတော့ရှိတယ်။”ဟု...