မိုးဗြဲအနောက်ဘက်ခြမ်း စစ်တပ်က စစ်ကြောင်းထိုး၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

သျှမ်း-ကယား နယ်စပ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းကို စစ်တပ်မှ စစ်ကြောင်းထိုးနေပြီး၊ စစ်ရှောင်များတည်ရှိသည့် နေရာများကို ဉီးတည်ကာ လေကြောင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန်လ ဒုတိတယပတ်မှစပြီး မိုးဗြဲမြို့ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးခဲ့ပြီ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ များနှင့် ထိတွေ့တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။

ထို့အပြင် စစ်ကော်မရှင်တပ်က မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကောင်ဝှက်ကျေးရွာအနီးရှိ စစ်ရှောင်များ တည်ရှိသည့်နေရာကို ဉီးတည်ကာ ယနေ့ (ဇွန် ၁၈) ရက် မနက် ၁နာရီဝန်းကျင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ ညရောက်ရင် လေယာဉ်နဲ့ ဗုံးတွေကြဲတယ်။ လေယာဉ်သံကြားရင် ဗုံးခိုကျင်ထဲပြေးဆင်ရတာ အမောပဲ။ မနက် ၁နာရီ ဗုံးကြဲတော့ တော်သေးတယ် လူတော့မထိဘူး။ ညဆိုအိပ်မပျော်ဘူး။ ကြောက်နေရတယ်” ဟု စစ်ရှောင်အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိ အခြေအနေသည့် စစ်ရေးတင်းမာနေသည့်အတွက် သွားလာမှု သတိရှိနေရကြောင်း၊ စစ်ကော်မရှင်၏ စစ်ကြောင်းများလည်း ထပ်မံဖြည့်တင်းနေသည့်အတွက် တိုက်ပွဲပြင်းထန်လာမည်နှင့် လေကြောင်းဗုံးကြဲမှု ဆက်တိုက်ဖြစ်လာမည်ကိုလည်း စိုးရိမ်နေရသည်ဟု ၎င်းကဆိုသည်။

ထို့အပြင် သျှမ်း-ကယားနယ်စပ် ဖြစ်သည့် ပင်လောင်းမြို့နယ် ဆောင်းပြောင်း၊ နန်းနမ့်ဘက်တွင်လည်း စစ်ကော်မရှင်တပ်က အင်အား (၂၀၀)နီးပါး ဖြည့်တင်းထားပြီး စစ်ဆေးမှုများ တင်းကြပ်နေကြောင်း သိရသည်။

“ပင်လောင်းကနေ ကရင်နီနယ်စပ်ဘက် သွားမဲ့သူဆို ပိုစစ်တယ်၊ လမ်းမှာက ဂိတ်ဆယ်ခုလောက်ရှိတယ်၊ ဆိုင်ကယ်နဲ့သွားရင် တူးဘောက်တွေစစ်တယ်၊ မှတ်ပုံတင်စစ်တယ်၊ သူတို့မကြည်ရင် ရစ်တယ်၊ ပိုက်ဆံတောင်းတယ်။အဲဘက်သွားရင် ဘုရားတနေရတယ်။”ဟု ပင်လောင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၁၅)ရက်တွင်လည်း စစ်ကော်မရှင်တပ်က နန်းမယ်ခုံမြို့နယ်အတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင်း ဒေသခံ (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယခုလက်ရှိ မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့နယ်တွင် စစ်ကော်မရှင်တပ်က အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးမှုများ ပြုလုပ်နေပြီး မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...