အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် စစ်ကောင်စီအတွင်းရေးမှူး ဦးအောင်လင်းဒွေးကို တင်မြှောက်

စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် အမျိုးသားလွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေး ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။

ယနေ့ (မတ်လ ၁၈ ရက်) တွင် နေပြည်တော်၌ အမျိုးသားလွှတ်တော် အစည်းအဝေးကို စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ယခင် စစ်ကောင်စီ အတွင်းရေးမှူး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ရာထူးအသစ် ဖန်တီးခဲ့သည့် အမှုဆောင်ချုပ် တာဝန်ယူခဲ့သူ ဦးအောင်လင်းဒွေး ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။

အလားတူ စစ်ကော်မရှင်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တို့တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) မှ ဦး Jeng Phang နော်တောင် ကို အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

တတိယအကြိမ် အမျိုးသားလွှတ်တော်၏ ပထမပုံမှန် အစည်းအဝေးကို စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ပြည်နယ်/တိုင်း ကိုယ်စားပြု ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များ စုစုပေါင်း ၂၁၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ပုံမှန်အားဖြင့် အမျိုးသားလွှတ်တော်ကို ပြည်နယ်နှင့်တိုင်းများမှ ကိုယ်စားလှယ် ၁၂ ဦးကျစီ ရွေးချယ်တင်မြှောက်သော်လည်း ပြီးခဲ့သည့် စစ်ကော်မရှင် ရွေးကောက်ပွဲတွင် သျှမ်းပြည်အတွင်းရှိ ပလောင်နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဲဆန္ဒနယ် (၂) ခုတွင် အမျိုးသားလွှတ်တော်အတွက် ရွေးကောက်ပွဲ မကျင်းပခဲ့ခြင်းကြောင့် လက်ရှိတွင် သျှမ်းပြည်မှ စုစုပေါင်း (၁၀) ဦးသာ ကိုယ်စားပြု တက်ရောက်နေသည်။

ထိုထဲတွင် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) တစ်ဦး၊ ပအိုဝ်းအမျိုးသားများအဖွဲ့ချုပ်ပါတီ PNO (၂) ဦး၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ DNDP (၁) ဦး၊ ‘ဝ’အမျိုးသားပါတီ WNP တစ်ဦးနှင့် ကျန် ၅ ဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ကိုယ်စားလှယ်များ ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိကြောင်း စွပ်စွဲချက်ဖြင့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်တွင် လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပရန် ပြင်ဆင်နေစဉ် စစ်တပ်မှ အရပ်သားအစိုးရထံ အာဏာသိမ်းယူခဲ့သည်။

ယမန်နှစ် ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက်အထိ အပိုင်း(၃) ပိုင်းခွဲ၍ စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် မတ်လ တတိယပတ် အတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း လွှတ်တော်အသီးသီးကို ခေါ်ယူကျင်းပနေသည်။

မတ်လ (၁၆) ရက်တွင် ခေါ်ယူကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ပါတီဥက္ကဋ္ဌဖြစ်သူ ဦးခင်ရီ ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် စစ်ကော်မရှင် ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဦးမောင်မောင်အုန်း ကို ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...

နှစ်လအတွင်း ရွာငံဒေသခံ (၄၀)ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...