တောင်ကြီး ရွှေ့ပြောင်းခံရမည့် တိုက်ခန်းနေ ပင်စင်စားများ ပြည်နယ်အစိုးရနှင့် ထပ်မံညှိနှိုင်းလို

သျှမ်းပြည် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ဘေးပတ်ပတ်လည်တွင် ဆောက်လုပ်ထားသည့် တိုက်ခန်းနေ ပင်စင်စားများကို ရွှေ့ပြောင်းခိုင်းလျက်ရှိရာ ၎င်းတို့မှ သျှမ်းပြည်နယ်အစိုးရနှင့် ထပ်မံညှိနှိုင်းလိုကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် စစ်တပ်လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ဘေးပတ်ပတ်လည်ရှိ တိုက်ခန်းများ၊ ဆိုင်ခန်းများတွင် နေထိုင်သူများကို အစည်းအဝေး ခေါ်ယူခဲ့ပြီး ဖေဖော်ဝါရီလ (၂၈) ရက် နောက်ဆုံးထား နေရာရွှေ့ပြောင်းပေးရန် ပြောဆိုကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ဆိုင်ခန်းနေသူများကို တောင်ကြီးမြို့ မီးပုံးပျံကွင်းဘေးရှိ တိုက်ခန်းသို့ ရွှေ့ပြောင်းခိုင်းသော်လည်း ပင်စင်စားများကို အေးသာယာရှိ လူသူမနေသည့် မင်းကျန်စစ် အိမ်ယာဘက်သို့ ရွှေ့ပြောင်းခိုင်းပြီး အမည်ပေါက်စာရင်းနှင့် လွှဲပြောင်းငှားရမ်းခွင့်များ မရရှိခြင်းကြောင့် သျှမ်းပြည်နယ်အစိုးရ တာဝန်ရှိသူများနှင့် ထပ်မံညှိနှိုင်းလိုကြောင်း တိုက်ခန်းနေ ပြည်သူများက ပြောသည်။

“မနက်ဖြန် နောက်ဆုံးရွှေ့ရက်ပါ၊ ပြည်နယ်အစိုးရ ထပ်ခေါ်ညှိဖို့ စာတွေတင်ထားကြတယ် ပြောတယ်။ ပင်စင်စားတွေက ဝန်ထမ်းလစာနဲ့ ဝယ်ထားပြီး ဒီမှာနေတာ နှစ် ၂၀ ကျော်နေပြီ။ အေးသာယာကနေ တောင်ကြီးကို ပင်စင် ဘယ်လိုလာထုတ်မလဲ၊ ဝေးလို့ လိုင်းကားလည်း မစီးနိုင် ဖြစ်မှာ။ အစားပေးတဲ့မြေ ဒါမှမဟုတ် မင်းကျန်စစ်အိမ်ယာက အဝေးကြီး၊ ကာလတန်ဖိုးပဲ ပြန်ရချင်တာ” ဟု အဆိုပါ တိုက်ခန်းတွင် နေထိုင်သည့် ပင်စင်စား အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့ သစ်တောရပ်ကွက်တွင် ဆောက်လုပ်ထားသည့် အား/ကာ လူနေအိမ်ယာ တိုက် (၅) လုံးကို လွန်ခဲ့သည့် နှစ် (၂၀) ကျော်က ရတနာထွန်း ကုမ္ပဏီထံမှ တိုက်ခန်း အရောင်းအဝယ် စာချုပ်များဖြင့် ဝယ်ယူကာ လက်ရှိအချိန်ထိ နေထိုင်ခြင်းဖြစ်ကြောင်း ပင်စင်စားများထံမှ သိရသည်။

သို့သော် ဖေဖော်ဝါရီလ (၂) ရက်တွင် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တိုက်ခန်းနှင့် ဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းရန်ကိစ္စဟု ခေါင်းစဉ်တပ်ကာ နေထိုင်သူများထံ အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း)အက်ဥပဒေအရ ဖယ်ရှားဆောင်ရွက်မည်ဟု ထပ်မံအသိပေးခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၉ ရက်က ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင်လည်း တိုက်ခန်းပြန်အပ်ရန် ခံဝန်ကတိလွှာ၌ လက်မှတ်ရေးထိုးခိုင်းခဲ့ရာ အများစုမှာ လက်မှတ်ထိုးခဲ့သော်လည်း သျှမ်းပြည်နယ်အစိုးရနှင့် ရှာကြံ၍ ထပ်မံညှိနှိုင်းလိုသူများမှာ နေပြည်တော်အထိ စာပို့ထားကြောင်း တိုက်ခန်းနေပြည်သူများထံမှ သိရသည်။

“မြေညီထပ်မှာ အငှားဆိုင်ခန်းဖွင့်တဲ့ စီးပွားရေးသမားပဲ ပြောင်းတာ၊ တကယ်နေတဲ့လူတွေ မပြောင်းကြဘူး။ ရာသက်ပန် ပိုင်တယ်လို့ ရတနာထွန်း ကုမ္ပဏီ ပြောရောင်းခဲ့တာ၊ အေးသာယာ ကျီးဖြူကန်နား မင်းကျန်စစ်အိမ်ယာ မဟုတ်ရင် အဲ့နားက မြေတစ်ကွက်ဆိုတော့ မညီမျှဘူးလေ။ အထက်လူကြီးတွေ သိအောင် အချိန်မီ စီမံပေးနိုင်အောင် ပြည်ထောင်စုဝန်ကြီးကို အဓိက လိပ်မူတာလို့ သိရတယ်” ဟု ဖြစ်စဉ်သိရှိသူ တောင်ကြီးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဈေးဆိုင်ခန်း၊ တိုက်ခန်းများ နေရာတွင် နိုင်ငံတကာ အဆင့်မီ အားကစားကွင်း၊ အားကစားရုံနှင့် ရေကူးကန်၊ လူငယ်ရေးရာ စင်တာများ တည်ဆောက်သွားမည်ဟု အကြောင်းပြပြီး တိုက်ခန်းနေ ပင်စင်စားများကို အတင်းအဓမ္မ ဖယ်ရှားခိုင်းနေပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စက်ယန္တရား အသုံးပြုပြီး အင်အားသုံး ဖြိုချတော့မည်ဟု သိရသော်လည်း ထပ်မံစောင့်ကြည့်ရမည်ဟု ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...