လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ မိုင်းကျက်ကျေးရွာ၌ အစည်းအဝေး ခေါ်ယူကာ အုပ်ချုပ်ရေးနှင့် အနာဂတ်အစီအစဉ် မူဝါဒများ ရှင်းပြခဲ့ပြီး စစ်သင်တန်း တက်ရောက်ရန်အတွက် လူငယ်အမျိုးသား ၁၀၀ ဦး ဆင့်ခေါ်ပေးရန် အတင်းအကြပ် တောင်းဆိုခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် ဇန်နဝါရီလ ၁၉ ရက်တွင် လားရှိုးမြို့နယ် ဟိုလင်းကျေးရွာ ရွာသူကြီးမှ UWSA ဆင့်ခေါ်သည့် စစ်သင်တန်း တက်ရောက်ရန် ရွာသားများကို အစည်းအဝေးခေါ်ယူ ပြောဆိုခဲ့ပြီးနောက် ဇန်နဝါရီလ ၂၀ ရက်တွင် အသက် (၄၀) အရွယ် စိုင်းလွက် ဆိုသူမှာ အဆိပ်သောက်သုံးပြီး သေဆုံးသွားကြောင်း ဖြစ်စဉ်သိရှိသူ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တချို့လည်း အဲ့ရက်မှာ ချက်ချင်း အထုပ်ပြင်ပြီး ထွက်ပြေးကြတယ်။ တချို့လည်း ပိုက်ဆံမရှိလို့ ဘယ်ကိုပြေးလို့ ပြေးရမှန်း မသိဘူး။ အဆိပ်သောက် သေတဲ့ စိုင်းလွက် က အိမ်မှာလည်း မိသားစု စားဝတ်နေရေး တာဝန်ယူရတဲ့အပြင် စစ်သင်တန်း သွားရမယ့်ထဲ ထပ်ပါတော့ ကြံရာမရတဲ့အဆုံး အဆိပ်သောက် သေကြောင်းကြံသွားတာ” ဟု အဆိုပါ လားရှိုးဒေသခံ အမျိုးသားက ပြောသည်။

UWSA ဆင့်ခေါ်သည့် စစ်သင်တန်းတက်ရောက်ရန် ရွာသူကြီးများမှ ရပ်ရွာအတွင်း လူငယ်များကို ပြန်လည်ပြောဆိုခဲ့ခြင်းကြောင့် စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးသူများ ရှိသကဲ့သို့ ကြံစည်ရာမရဘဲ အဆိပ်သောက် သေကြောင်းကြံသည်အထိ ဖြစ်ပွားနေကြောင်း လားရှိုးဒေသခံများက ပြောသည်။

ယမန်နှစ် ၂၀၂၅ ခုနှစ်အတွင်း လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုမှ ဒေသခံများလည်း UWSA ဆင့်ခေါ်သည့် ပြည်သူ့စစ်သင်တန်းသို့ တစ်ကြိမ် တက်ရောက်ခဲ့ရပြီး အပြင်းအထန် စစ်ရေးလေ့ကျင့်ခိုင်းခြင်း၊ ဘာသာစကား နားမလည်ခြင်းများကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းပြီး အဆိုပါ စစ်သင်တန်းမှ ပြန်လာပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မိုင်းကျက်မှာ ပြည်သူ့စစ်လုပ်တဲ့ လူငယ်သိပ်မရှိဘူး၊ အများစုက စစ်သားလုပ်ရမှာ ကြောက်လို့ ထွက်ပြေးကြတာ။ အခုကျန်တာက ဘုန်းကြီးကျောင်းသွားတဲ့ သက်ကြီးအရွယ်တွေပဲ ရှိတော့တာ။ တခါတလေ ပြည်သူ့စစ်တွေက ရှော့ခ်တိုက်တဲ့စက်နဲ့ ငါးသွားရှာခိုင်းတာ၊ နောက်ပြီး ‘ဝ’စစ်သားတွေက လူကြီးတွေကိုလည်း မလေးစားတတ်ကြဘူး” ဟု အဆိုပါ လားရှိုးဒေသခံ အမျိုးသားက ဆက်ပြောသည်။

လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ လူငယ်အမျိုးသား ၁၀၀ ကျော်ကို စစ်သင်တန်းတက်ရောက်ရန် UWSA ဘက်မှ အတင်းအကြပ် ဆင့်ခေါ်နေခြင်းနှင့် ပတ်သက်၍ ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

မိုင်းကျက်ကျေးရွာအုပ်စုသည် လားရှိုးမြို့နှင့် မိုင် ၆၀ ခန့်သာ ကွာဝေးပြီး “၁၀၂၇ စစ်ဆင်ရေး” စတင်စဉ်က မိုင်းကျက်ကျေးရွာတွင် အခြေစိုက်သည့် စစ်ကော်မရှင်တပ်၏ ဗျူဟာကုန်းစခန်းကို ညီနောင်မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်မှ စတင်၍ ‘ဝ’တပ်ဖွဲ့ဘက်မှ အုပ်ချုပ်ရေးလုပ်ငန်းများ စတင်ဖော်ဆောင်လာသည်။

လားရှိုးမြို့နယ် အရှေ့မြောက်ဘက်ရှိ မိုင်းကျက်ကျေးရွာအုပ်စုသည် သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ လားရှိုး၊ သိန္နီနှင့် အရှေ့ဘက်ခြမ်းရှိ ကွမ်းလုံမြို့နယ်တို့ဆုံရာ နယ်စပ်ဖြစ်ပြီး ‘ဝ’တပ်ဖွဲ့က သံလွင်မြစ် အနောက်ခြမ်းတွင် ခြေကုပ်ရယူရန် နယ်မြေချဲ့ထွင်လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

အလားတူ ၂၀၂၅ မေလဆန်းပိုင်းမှ စတင်ပြီး ‘ဝ’တပ်ဖွဲ့ UWSA တပ်စွဲထားသည့် တန့်ယန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ရပ်ရွာလုံခြုံရေး အကြောင်းပြကာ ပြည်သူ့စစ်အဖြစ် စစ်သင်တန်းတက်ရောက်ရန် အတင်းအဓမ္မ ခေါ်ယူစုဆောင်းခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...