တောင်ကြီး ဗိုလ်ချုပ်ပန်းခြံကို ဆိုင်ခန်းဆောက်လုပ်မည့်ကိစ္စ မြို့ခံများကန့်ကွက်

သျှမ်းပြည် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို စစ်ကော်မရှင် လက်အောက်ခံ စည်ပင်သာယာရေးဌာနနှင့် ကုမ္ပဏီတို့ ပူးပေါင်းကာ “ပန်းခြံစည်ကားသာယာလှပေစရန်” အမည်တပ်ပြီး ဆိုင်ခန်းဆောက်လုပ်ရောင်းစားရန် စီစဉ်နေကြောင်း မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့တွင် အများပြည်သူအပန်းဖြေရန် တစ်နေရာသာကျန်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို လူနေဆိုင်ခန်းတွဲများ ဆောက်လုပ်ရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်က ဆောက်လုပ်ခွင့်ရရှိရန် ပြည်နယ်အစိုးရကို စာတင်ထားကြောင်း သိရသည်။

“ဘယ်သဘာတူပါမလဲ၊ ဗိုလ်ချုပ်ကြေးရုပ် ပျောက်သွားမှာပေါ့။ အများပြည်သူ အပန်းဖြေဖို့ ဝင်ကြေးမပေးရတာ ဆိုလို့ အဲ့တစ်ခုပဲရှိတာ။ သူတို့လုပ်နေတာ လူထုအတွက် အကျိုးမရှိဘူး၊ သူတို့လုပ်စားနေတာ” ဟု တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါပန်းခြံအတွင်း အဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းများကို စည်ပင်နှင့် ရှမ်းချယ်ရီတောင်တန်း ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် မောင်တိုးတို့က အကျိူးတူပူးပေါင်း လုပ်ဆောင်ရန်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လူနေဆိုင်ခန်းတွဲ ဆောက်လုပ်မည့် အစီအစဉ်ကို မြို့ခံပြည်သူလူထုမှသိရှိခြင်းမရှိဘဲ ခေတ်ပျက်ကာလကို အခွင့်ကောင်းယူပြီး စည်ပင်က လုပ်စားနေကြောင်း မြို့ခံများကဝေဖန်ပြောဆိုနေကြသည်။

“ချယ်ရီကွင်း မောင်းတိုးရဲ့ လက်ချက်တွေပေါ့။ အနိုင်ရပအိုဝ်းပါတီတွေကလည်း သျှမ်းပြည်နယ်ကို ပအိုဝ်းပြည်နယ်ဖြစ်ရေးဘဲ ကြိုးစားနေကြတာ၊ ဒါကို စိတ်မဝင်စားဘူး။ ကြံ့ခိုင်ရေးက ကောင်တွေကလည်း ရှုံးသွားလို့ စိတ်မဝင်စားဘူး” ဟု အထက်ပါ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပန်းခြံသည် တောင်ကြီးမြို့လယ်တွင် တည်ရှိပြီး အများပြည်သူအပန်းဖြေရန်အတွက် တစ်ခုတည်းကျန်ရှိသော နေရာဖြစ်သည်။

အဆိုပါပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ပြသထားရုံသာမက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု အထိမ်းအမှတ်အဖြစ် ၁၉၄၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သော သမိုင်းဝင်ပင်လုံ စာချုပ်ကို အထိမ်းမှတ်ပြုသည့် ပန်းချီကားကိုလည်း ပြသထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...