Monday, January 26, 2026

အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တဲ့လှုပ်ရှားမှုကို AI နဲ့ပြုလုပ်ထားတယ်လို့ စစ်လော်ဘီတွေဝါဒဖြန့်

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ No Vote လှုပ်ရှားမှုဟာ AI နဲ့ဖန်တီးထားတယ်ဆိုပြီးဖြန့်ဝေနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

ဖြန့်ဝေထားတဲ့ လင့်ခ် – https://archive.is/wip/A3wln

အချက်အလက်စိစစ်ချက်

AI နဲ့ဖန်တီးထားတယ်ဆိုပြီး စစ်လော်ဘီတွေ ဖြန့်ဝေထားတဲ့ပုံကို Google Lens နဲ့ အင်တာနက်မှာပြန်ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ Khit Thit Media၊ People’s Spring၊ မျက်မှောက်ခေတ်၊ The Voice Of Spring စတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။


ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့နဲ့ သျှမ်းသံတော်ဆင့် သတင်းဌာန က အဲ့ဒီဓာတ်ပုံ တွေကို စိစစ်ကြည့်လိုက်တဲ့အခါမှာတော့ အဲ့ဒီပုံဟာ AI အသုံးပြုပြီး ဖန်တီးထားတယ်ဆိုတာ ကိုစိစစ်တွေ့ရှိရပါတယ်။

ဘာကြောင့် ဒီပုံဟာ AI ကို အသုံးပြုပြီး ဖန်တီးထားလဲလို့ ပြောနိုင်တာလဲဆိုရင်

(၁) နောက်ခံ ဆိုင်းဘုတ်ပေါ်က စာလုံးတွေ မှားယွင်းနေတာ

(၂) လူပုံရဲ့ အရပ်အမောင်းနဲ့ အလံကိုင်ထားတဲ့ လက်တွေ သဘာဝမကျတာတွေက AI နဲ့ ပြုပြင်ထားတယ်ဆိုတာကို သိသာစေတဲ့အချက်တွေဖြစ်ပါတယ်။

ဒါ့အပြင် AI ဓာတ်ပုံတွေကို စစ်ဆေးပေးတဲ့ Image Whisperer ဝဘ်ဆိုက်ဒ်မှာ တိုက်ဆိုင်စစ်ဆေးတဲ့ အခါမှာ လည်း “ဓာတ်ပုံက အစစ်အမှန်ဖြစ်ပေမယ့် တည်းဖြတ် ပြုပြင်ထားတယ် (Real but Edit)” လို့ ဖော်ပြထားပါတယ်။

No Vote လှုပ်ရှားမှုနဲ့ပတ်သက်ပြီး စိစစ်ရာမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့လယ်ရှိ အထင်ကရလမ်းတစ်ခုဖြစ်တဲ့ ယောမင်းကြီးလမ်းမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ကနေ “NO VOTE” စာတန်း ကိုင်ဆောင်ပြီး အတုအယောင် ရွေးကောက်ပွဲ မဲမပေးရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလှုပ်ရှားခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

ဗီဒီယိုလင့်ခ် – https://bit.ly/4jfHwc5

ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)ရဲ့ ဖေ့ဘွတ််စာမျက်နှာဖြစ်တဲ့ OCTOPUS စာမျက်နှာမှာ တင်ထားတဲ့ မဲမပေးခြင်း ကဏ္ဍ ❌လို့ ခေါင်းစဉ်တပ်ထားတဲ့ ပို့စ်မှာဖော်ပြထားတဲ့ ဓာတ်ပုံဟာ ပြန်လည် Edited ပြုလုပ်ထားတာကိုတွေ့ရှိရပါတယ်။ ဒီဇင်ဘာ ၂၇ ရက် မြန်မာစံတော်ချိန် ညနေ ၆နာရီ ၃မိနစ်မှာ ပုံကိုပြန်လည်အသစ်ပြင်ဆင်ထားတာကိုစိစစ်တွေ့ရှိရပါတယ်။

OCTOPUS စာမျက်နှာ မှာတင်ထားတဲ့ ပို့စ် >>> https://bit.ly/4pSGTYn

ဒါ့အပြင် Mizzima သတင်းဌာနရဲ့ အချက်အလက်စစ်ဆေးထားချက်အရ အတုယောင်ရွေးကောက်ပွဲလှုပ်ရှား မှုဟာ အမှန်တကယ်ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ အတည်ပြုထားပါတယ်။
” OCTOPUS အဖွဲ့ကို မဇ္ဈိမ မှ မေးမြန်းရာတွင် ထိုဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး လုံခြုံရေးအခြေအနေကြောင့် မူရင်းပုံကို AI ဖြင့် ပြုပြင်ကာ ဖော်ပြခဲ့ကြောင်း ပြောသည် ” ဆိုပြီး ဖော်ပြထားပါတယ်။

Mizzima သတင်းဌာနရဲ့ သတင်း>>> https://bit.ly/4jduzQ9

သုံးသပ်ချက်

အထက်မှာဖော်ပြထားတဲ့အချက်တွေနဲ့ စိစစ်ကြည့်လိုက်မယ်ဆိုရင် စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ အကြောင်းအရာဖြစ်တဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တဲ့လှုပ်ရှားမှုကို AI နဲ့ပြုလုပ်ထားတယ်ဆို တာက တစိတ်တပိုင်း မှား ယွင်းတဲ့အကြောင်းအရာဖြစ်ပြီးတော့ No Vote လှုပ်ရှားမှုဟာ အမှန်တကယ်ပြုလုပ်ခဲ့ပြီး လုံခြုံ ရေး အခြေအနေအရ AIနဲ့ အစားထိုးပြုပြင်ထားတယ်ဆိုတာကို စ်ိစစ်တွေ့ရှိရပါတယ်။

(သျှမ်းသံတော်ဆင့်, ဟုတ်တယ် Vs မဟုတ်ဘူး, The Red Flag)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသူ နည်းပါးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ကျေးသီးမြို့နယ်မှ ဆန္ဒမဲပေးသူ နည်းပါးခြင်းကြောင့် ရပ်ကွက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆန္ဒမဲထည့်ရန် လိုက်လံဆော်သြခဲ့ရကြောင်း ကျေးသီးမြို့နယ်...