အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တဲ့လှုပ်ရှားမှုကို AI နဲ့ပြုလုပ်ထားတယ်လို့ စစ်လော်ဘီတွေဝါဒဖြန့်

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ No Vote လှုပ်ရှားမှုဟာ AI နဲ့ဖန်တီးထားတယ်ဆိုပြီးဖြန့်ဝေနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

ဖြန့်ဝေထားတဲ့ လင့်ခ် – https://archive.is/wip/A3wln

အချက်အလက်စိစစ်ချက်

AI နဲ့ဖန်တီးထားတယ်ဆိုပြီး စစ်လော်ဘီတွေ ဖြန့်ဝေထားတဲ့ပုံကို Google Lens နဲ့ အင်တာနက်မှာပြန်ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ Khit Thit Media၊ People’s Spring၊ မျက်မှောက်ခေတ်၊ The Voice Of Spring စတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။


ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့နဲ့ သျှမ်းသံတော်ဆင့် သတင်းဌာန က အဲ့ဒီဓာတ်ပုံ တွေကို စိစစ်ကြည့်လိုက်တဲ့အခါမှာတော့ အဲ့ဒီပုံဟာ AI အသုံးပြုပြီး ဖန်တီးထားတယ်ဆိုတာ ကိုစိစစ်တွေ့ရှိရပါတယ်။

ဘာကြောင့် ဒီပုံဟာ AI ကို အသုံးပြုပြီး ဖန်တီးထားလဲလို့ ပြောနိုင်တာလဲဆိုရင်

(၁) နောက်ခံ ဆိုင်းဘုတ်ပေါ်က စာလုံးတွေ မှားယွင်းနေတာ

(၂) လူပုံရဲ့ အရပ်အမောင်းနဲ့ အလံကိုင်ထားတဲ့ လက်တွေ သဘာဝမကျတာတွေက AI နဲ့ ပြုပြင်ထားတယ်ဆိုတာကို သိသာစေတဲ့အချက်တွေဖြစ်ပါတယ်။

ဒါ့အပြင် AI ဓာတ်ပုံတွေကို စစ်ဆေးပေးတဲ့ Image Whisperer ဝဘ်ဆိုက်ဒ်မှာ တိုက်ဆိုင်စစ်ဆေးတဲ့ အခါမှာ လည်း “ဓာတ်ပုံက အစစ်အမှန်ဖြစ်ပေမယ့် တည်းဖြတ် ပြုပြင်ထားတယ် (Real but Edit)” လို့ ဖော်ပြထားပါတယ်။

No Vote လှုပ်ရှားမှုနဲ့ပတ်သက်ပြီး စိစစ်ရာမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့လယ်ရှိ အထင်ကရလမ်းတစ်ခုဖြစ်တဲ့ ယောမင်းကြီးလမ်းမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ကနေ “NO VOTE” စာတန်း ကိုင်ဆောင်ပြီး အတုအယောင် ရွေးကောက်ပွဲ မဲမပေးရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလှုပ်ရှားခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

ဗီဒီယိုလင့်ခ် – https://bit.ly/4jfHwc5

ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)ရဲ့ ဖေ့ဘွတ််စာမျက်နှာဖြစ်တဲ့ OCTOPUS စာမျက်နှာမှာ တင်ထားတဲ့ မဲမပေးခြင်း ကဏ္ဍ ❌လို့ ခေါင်းစဉ်တပ်ထားတဲ့ ပို့စ်မှာဖော်ပြထားတဲ့ ဓာတ်ပုံဟာ ပြန်လည် Edited ပြုလုပ်ထားတာကိုတွေ့ရှိရပါတယ်။ ဒီဇင်ဘာ ၂၇ ရက် မြန်မာစံတော်ချိန် ညနေ ၆နာရီ ၃မိနစ်မှာ ပုံကိုပြန်လည်အသစ်ပြင်ဆင်ထားတာကိုစိစစ်တွေ့ရှိရပါတယ်။

OCTOPUS စာမျက်နှာ မှာတင်ထားတဲ့ ပို့စ် >>> https://bit.ly/4pSGTYn

ဒါ့အပြင် Mizzima သတင်းဌာနရဲ့ အချက်အလက်စစ်ဆေးထားချက်အရ အတုယောင်ရွေးကောက်ပွဲလှုပ်ရှား မှုဟာ အမှန်တကယ်ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ အတည်ပြုထားပါတယ်။
” OCTOPUS အဖွဲ့ကို မဇ္ဈိမ မှ မေးမြန်းရာတွင် ထိုဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး လုံခြုံရေးအခြေအနေကြောင့် မူရင်းပုံကို AI ဖြင့် ပြုပြင်ကာ ဖော်ပြခဲ့ကြောင်း ပြောသည် ” ဆိုပြီး ဖော်ပြထားပါတယ်။

Mizzima သတင်းဌာနရဲ့ သတင်း>>> https://bit.ly/4jduzQ9

သုံးသပ်ချက်

အထက်မှာဖော်ပြထားတဲ့အချက်တွေနဲ့ စိစစ်ကြည့်လိုက်မယ်ဆိုရင် စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ အကြောင်းအရာဖြစ်တဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တဲ့လှုပ်ရှားမှုကို AI နဲ့ပြုလုပ်ထားတယ်ဆို တာက တစိတ်တပိုင်း မှား ယွင်းတဲ့အကြောင်းအရာဖြစ်ပြီးတော့ No Vote လှုပ်ရှားမှုဟာ အမှန်တကယ်ပြုလုပ်ခဲ့ပြီး လုံခြုံ ရေး အခြေအနေအရ AIနဲ့ အစားထိုးပြုပြင်ထားတယ်ဆိုတာကို စ်ိစစ်တွေ့ရှိရပါတယ်။

(သျှမ်းသံတော်ဆင့်, ဟုတ်တယ် Vs မဟုတ်ဘူး, The Red Flag)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...