ကျားဖြန့်ခေါင်းဆောင် ၁၀၀ ကျော်ကို တရုတ်ဝရမ်းထုတ်ပြီးနောက် စစ်တပ်က ကျားဖြန့်တိုက်ဖျက်ရေးကော်မတီဖွဲ့

မြန်မာပြည်မြောက်ပိုင်းတွင် လုပ်ကိုင်နေသည့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၁၀၀ ကျော်ကို တရုတ်နိုင်ငံမှ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကော်မရှင်ဘက်မှ ကျားဖြန့်တိုက်ဖျက်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) ရက်စွဲဖြင့် ဖွဲ့စည်းလိုက်သည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီတွင် အဖွဲ့ဝင် (၁၆) ဦး ပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကို တာဝန်ပေးထားသည်။

အလားတူ ကျားဖြန့်တိုက်ဖျက်ရေး ဗဟိုကော်မတီ ဒုဥက္ကဋ္ဌများအဖြစ် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်တို့ကို တာဝန်ပေးထားပြီး အတွင်းရေးမှူးအဖြစ် ပြည်ထဲရေး ဒုဝန်ကြီး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ရဲချုပ်နှင့် ဒုရဲချုပ်တို့ကို ခန့်အပ်ထားသည်။

ထို့အပြင် အဖွဲ့ဝင်အဖြစ် သက်ဆိုင်ရာ ပြည်နယ်/ တိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ ဥပဒေရေးရာ၊ ပြန်ကြားရေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ပြည်ထဲရေး စသည့် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ ပါဝင်သည်။

အဆိုပါ ကျားဖြန့်တိုက်ဖျက်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များအဖြစ် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ် တိုက်ဖျက်ရေးအတွက် မူဝါဒ ချမှတ်ခြင်း၊ လိုအပ်သည့် ကော်မတီများ ဖွဲ့စည်းပြီး လုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်း၊ ကျားဖြန့်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံ ပြန်လွှဲပြောင်းနိုင်ရန် ညှိနှိုင်းခြင်း၊ ကျားဖြန့်တိုက်ဖျက်ရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် သတ်မှတ်ပေးထားသည်။

စစ်ကော်မရှင်ဘက်မှ ကျားဖြန့်တိုက်ဖျက်ရေး ဗဟိုကော်မတီ မဖွဲ့စည်းခင် တစ်ရက်အလို ဒီဇင်ဘာလ (၉) ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် လူအယောက် (၁၀၀) အမည်စာရင်းကို ဆုကြေးနှင့်တကွ ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံမှ အလိုရှိနေသည့် ကျားဖြန့်ခေါင်းဆောင်များအကြောင်း တစ်ဦးချင်း သတင်းပေးသူများကို ဆုကြေးအဖြစ် ယွမ်ငွေ ၂ သိန်းအထိ ပေးမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနယ်စပ်မှ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လာနေပြီး အဆိုပါနိုင်ငံကြီးနှစ်ခု အားပြိုင်မှုတွင် ကြားမညှပ်ရေး စစ်အုပ်စုနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ရုန်းထွက်ရန် ကြိုးစားနေကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။

စစ်ကော်မရှင်သည် ၎င်းတို့အတွက် ငွေကြေးအကျိုးအမြတ် အများအပြား ရရှိသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပြီး ကျားဖြန့်နေရာများကို အဖမ်းအဆီးပြနေခြင်းမှာ နိုင်ငံတကာ အရေးယူမှုကို ရှောင်လွှဲလို၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

မြန်မာ – တရုတ်နယ်စပ်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ကျားဖြန့်လုပ်ကိုင်သူများအား ဖမ်းဆီး၍ တရုတ်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့ကြပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ ခေါ် မိုင်းလားတပ် (NDAA) တို့သည်လည်း သက်ဆိုင်ရာ ထိန်းချုပ်နယ်မြေထဲရှိ ကျားဖြန့်လုပ်ကိုင်သူများအား ဖမ်းဆီး၍ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ ပို့ဆောင်မှုများ ရှိနေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၄) ရက်တွင် ကျားဖြန့်အမှုများဖြင့် တရုတ်နိုင်ငံ၌ တရားရင်ဆိုင်နေရသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန်နှင့် ၎င်း၏သားဖြစ်သူ ပယ်ရင်ချန် အပါအဝင် ၅ ဦးတို့ကို ကွမ်တုံပြည်နယ်ရှိ ရှင်းကျန်းမြို့တရားရုံးက သေဒဏ်ချမှတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးရောက် စစ်ရှောင်များကို စစ်တပ်က နေရပ်အတင်းပြန်ခိုင်း၊ မပြန်လျှင် မြေသိမ်းမည် ခြိမ်းခြောက်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း ကရင်နီပြည်ဘက်မှ လာရောက်စစ်ရှောင်သူများကို စစ်ကော်မရှင်တပ်က နေရပ်ပြန်ရန် အတင်းဖိအားပေးနေပြီး၊ မပြန်လာလျှင် အိမ်ခြံမြေများ သိမ်ဆည်း မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် စစ်ကော်မရှင်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး...