ရွာငံတွင် စစ်ကော်မရှင် စစ်ကြောင်း PNO ပြည်သူ့စစ်များ ပါဝင်လာ

သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် တွင် စစ်ကော်မရှင်က ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်ရာတွင် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ ပါဝင်လာကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အစပိုင်းတွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာ အနီးတောတောင်နှင့် မြစေတီကျေးရွာ၊ မြသိန်းတန်ကျေးရွာ အပါအဝင် တပင်ပျော်ကျေးရွာ အုပ်စု ဘက်သို့ အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။

ထိုစစ်ကြောင်းတွင် ပအိုဝ်းပြည်သူ့စစ် ( PNO) စစ်ဝတ်စုံဖြင့်ဝတ်ဆင်ထားသော တပ်သားများလညး် စစ်ကြောင်းနှင့်အတူ ပါလာကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ရွာထဲကို ဝင်လာပြီဆို စစ်ကော်မရှင်တပ်သားက သူတို့ယူနီဖောင်းနဲ့၊ PNO က သူ့ယူနီဖောင်းအစိမ်းရောင်း ပအိုဝ်းတံဆိပ်နဲ့ သိသာတယ်။” ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် ကို PNO ၏ အထူးဒေသ (၇)ထဲတွင် ထည့်သွင်းထားသည်ဟု ဒေသခံများပြောပြချက်အရသိရသည်။

သို့သော်လည်း စစ်ကော်မရှင်၏ သတ်မှတ်ချက်တွင် PNOနယ်မြေသည် ရွာငံနှင့် ပင်းတယ ကို ထည့်သွင်းထားခြင်းမရှိပေ။

“ အခု ရွာငံမြို့အဝင်၊အထွက်ဆိုရင် စစ်ကော်မရှင်ဂိတ်တွေမှာ PNO တပ်သားတွေကင်းစောင့်နေတယ်။ သူတို့တွေကလည်း စစ်တပ်နဲ့ပေါင်းပြီး ဒေသခံတွေဆီ ငွေတွေ မတရားတောင်းနေတယ်” ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

ထို့အပြင် ရွာငံမြို့နယ်အတွင်း စစ်ကော်မရှင်နှင့် PNO တပ်တို့စစ်ကြောင်းထိုးလာတိုင်း အမျိုးသား သာမက အမျိုးသမီးများကိုပါ ဖမ်ဆီးခြင်း၊ ရိုက်နှက်ခြင်းနှင့် အမျိုးသားများကို လူသားဒိုင်းအဖြစ် အချိန်မရွေးခေါ်ဆောင် ခြင်းတို့ ပြုလုပ်နေသည်။

ထိုကဲ့သို့ ပြုလုပ်ရာတွင် စစ်ကော်မရှင် က PNO တပ်သားများကိုပါ ထည့်လာခြင်းသည် တိုင်းရင်းသားအချင်းချင်းကြားမလိုလားအပ်သည့် လူမျိုးရေးပဋိပက္ခဖြစ်လာအောင် ဖန်တီးနေခြင်း ဖြစ်ကြောင်း ဓနုပြည်နယ် အမျိုးသား လွတ်မြောက်ရေးတပ်ဦး DSNDA မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောသည်။

“စကစနဲ့ပေါင်းပြီး ပြည်သူတွေကို ဒုက္ခလိုက်ပေးနေတဲ့ကောင်တွေဆိုတော့ ကျနော်တို့ ကတော့မောင်းထုတ်ရမှာပေါ့နော်၊ အရိုးရှင်းဆုံးပြောရရင် PNO လည်း ကျနော်တို့ရဲ့ ဘုံရန်သူပဲပေါ့။ ပြဿနာတွေကတော့ ဒီထက်မကကြီးမားလာနိုင်ပါတယ်။ လူမျိုးရေးအရ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာလည်း စိုးရိမ်မိပါတယ်။”ဟု အဆိုပါ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ဆက်လက်ပြီး ဆောင်ရာသီ ကူးပြောင်းသည့်အချိန်ကာလဖြစ်သည့်အတွက် ရွာငံမြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အနွေးထည်၊စောင်များနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများထံသိရသည်။

လက်ရှိ စစ်ကော်မရှင်တပ်နှင့် PNo စစ်ကြောင်းထိုးနေသည့် ကျေးရွာများသည် ရွာငံမြို့ပေါ်နှင့် (၆) မိုင်ခန့်သာ ကွာဝေးသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုးလာပြီး အမျိုးသမီးနှစ်ဉီးနှင့် အမျိုးသား (၈)ဉီးတို့ကို ဖမ်းဆီးခဲ့ပြီး၊ စက်တင်ဘာ ၂၁ ရက်တွင်လည်း တပင်ပျော်ကျေးရွာအုပ်စုထဲသို့ ထပ်မံစစ်ကြောင်းထိုးကာ ဒေသခံ(၁၀)ဦးကို ဖမ်းဆီးခဲ့သည်။

လာမည့် ဒီဇင်ဘာလတွင် စစ်ကော်မရှင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း ၁ ထဲတွင် ရွာငံမြို့နယ် မပါဝင်သော်လည်း စစ်ကော်မရှင်တပ်က နယ်မြေရှင်းလင်းရေး နေ့စဉ်နီးပါး ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...