ကျောက်မဲမြို့ တစ်ရက်ထဲ အရပ်သားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိ ပွဲချင်းပြီးသေဆုံး

သျှမ်းပြည် ကျောက်မဲမြို့တွင် တစ်ရက်အတွင်း အမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၂၉ ရက်) နံနက် ၁၀ နာရီဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ အေးချမ်းသာသုဿာန်တွင် သင်္ချိုင်းတာဝန်ခံ အမျိုးသားတစ်ဦး အရိုးပြာ သွားသွန်နေစဉ် မြေမြှုပ်မိုင်း နင်းမိကာ ပွဲခြင်းပြီး သေဆုံးခဲ့သည်။

စက်တင်ဘာလ ၂၉ တစ်ရက်တည်း၌ ညနေ ၄ နာရီခွဲခန့်တွင်လည်း အဆိုပါ အေးချမ်းသာ သုဿာန်အနီး နွားကျောင်းနေသည့် လူငယ်တစ်ဦးလည်း မြေမြှုပ်မိုင်း နင်းမိ၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း နမ့်ခုံးရှမ်းများ ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တစ်ရက်ထဲ နှစ်ကြိမ် ဖြစ်သွားတာပါ။ ပထမဆုံး မိုင်းနင်းမိတဲ့လူက သင်္ချိုင်းမြေထဲ လာရောက် ကူညီနေတဲ့လူပါ၊ သူက ပြာတွေကို ရှင်းရင်းနဲ့ နင်းမိပြီး ပွဲချင်းပြီး ဆုံးသွားပါတယ်။ ဒုတိယတစ်ယောက်လည်း အဲ့နားတဝိုက်ပဲ ဖြစ်သွား၊ ကလေးတစ်ယောက်က နွားကျောင်းပြီး အပြန်မှာ မြေမြှုပ်မိုင်း နင်းမိပြီး ချက်ချင်းဆုံးသွားတာပါ” ဟု ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောက်မဲ နွားကျောင်းသားတစ်ဉီး သင်္ချိုင်းအနီး မိုင်းနင်းမိသေဆုံးပုံ

ထိုမိုင်းနင်းမိဖြစ်စဉ် နံနက်ပိုင်းတွင် သေဆုံးသွားသူမှာ အသက် ၅၅ ဝန်းကျင် ကိုဦး ဖြစ်ပြီး ညနေပိုင်းတွင် မိုင်းနင်းမိ၍ သေဆုံးသွားသူမှာ အသက် ၁၄ နှစ်အရွယ် မောင်အိုက်လော့ ဖြစ်ကြောင်း သိရသည်။

မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့သည့် နေရာသည် ကျောက်မဲမြို့ အေးချမ်းသာသုဿာန် သင်္ချိုင်းမြေ အတွင်း ရှိနေခြင်းကြောင့် ဂရုစိုက်သွားလာကြရန် လိုအပ်ကြောင်းလည်း ၎င်းအမျိုးသားက ပြောသည်။

အလားတူ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် ဉာဏ်တောကျေးရွာအုပ်စုရှိ နောင်လင်ကျေးရွာတွင် ဒေသခံ အမျိုးသား ၄ ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်သောကြောင့် ဆေးကုသနိုင်ရန် အခက်အခဲ ဖြစ်နေကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO မှ ယမန်နေ့ (စက်တင်ဘာ ၂၈ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် နောင်ချိုမြို့နယ်အတွင်းရှိ တောင်ရှည်ကျေးရွာအုပ်စု နားရှိးရွာဒေသခံ ကလေးငယ်တစ်ဦးနှင့် ကျောက်ကြမ်းရွာခံ အမျိုးသားတစ်ဦးတို့လည်း မြေမြှုပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာ ပြင်းထန်ခြင်းကြောင့် ပြင်ဦးလွင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း TWO ထုတ်ပြန်ချက်အရ သိရသည်။

ပဋိပက္ခဖြစ်ပွားနေတဲ့နေရာမှာ မြေမြှုပ်မိုင်းနဲ့ လေကြောင်းဗုံးကြဲမှု သတိရှိရန်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

လမ်းပန်းခက်ခဲမှုနှင့် စစ်တပ်ပိတ်ပင်မှုကြောင့် ဖယ်ခုံစစ်ရှောင်ထံ ဆေးဝါးမရောက်

0
သျှမ်းပြည် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်‌ဘေး တိမ်းရှောင်နေထိုင်သည့် စစ်ရှောင်များ လက်ရှိ မိုးရာသီကာလအတွင်း ဖျားနာမှုများ ဖြစ်ပွားလာနေသော်လည်း စစ်တပ်ဘက် ဆေးဝါး သယ်ယူမှု ပိတ်ပင်ထားမှုကြောင့် ကျန်းမာရေး အခက်အခဲကြုံနေရကြောင်း သတင်းရရှသည်။​ အဆိုပါ စစ်ဘေးရှောင်များသည် ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ၊...

နိုင်ငံတကာပိတ်ဆို့မှုကြောင့် စီးပွားရေးကျဆင်းဟု စစ်ခေါင်းဆောင် ပြော

0
မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေမှုမှာ နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် ဖြစ်သည်ဟု အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ ဩဂုတ် ၂၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ၎င်း၏ ထိုင်း၊ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်ရလဒ်များကို တင်ပြရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး စီးပွားရေးမြှင့်တင်မည်ဟု...

၁၉၉၀ ပြည့်နှစ်ထုတ် ရှားပါး ထိုင်း ၁၀ ဘတ်တန် ဘတ် ၂.၅၄ သန်းဖြင့် စံချိန်တင် လေလံအောင်

0
၁၉၉၀ ပြည့်လွန်နှစ်များက လက်ဝယ်သုံးစွဲခဲ့သည့် ရှားပါး ထိုင်း ၁၀ ဘတ်တန် အကြွေစေ့တစ်စေ့သည် အွန်လိုင်း လေလံပွဲတစ်ခုတွင် ထိုင်းဘတ်ငွေ ၂.၅၄ သန်း (မြန်မာကျပ် သိန်း ၃,၂၀၀ ကျော်) အထိ စံချိန်တင် ဈေးနှုန်းဖြင့် လေလံအောင်မြင်သွားခဲ့ပြီး နိုင်ငံ၏ တန်ဖိုးအရှိဆုံး စုဆောင်းပစ္စည်းများအနက်...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...