PNOက စံကားဒေသခံများကို အလှည့်ကျ ကင်းစောင့်ခိုင်းနေ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNOသည် ဒေသခံများကို ဆယ်ရက်တစ်ကြိမ် အလှည့်ကျ ကင်းစောင့်ခိုင်းနေကြောင်း သတင်းရရှိသည်။


ပြီးခဲ့သည့် ဩဂုတ် ပထမ ပတ်မှစ၍ စံကားဒေသတွင် PNO တပ်ဖွဲ့က ကျေးရွာအတွင်း လာရောက်တပ်စွဲထားပြီး ဒေသခံများကို အိမ်တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းကောက်ခံပြီး ဆယ်ရက်တစ်ကြိမ် အလှည့်ကျ ကင်းစောင့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

“ဒေသခံ တွေက သေမှာကြောက်တော့ ပိုက်ဆံရှာထည့်ကြတယ်။ တစ်ခုခုဆို ပြည်သူတွေပဲ ခံရတယ်။ PNOဝတ်စုံ ဝတ်ခိုင်း လက်နက်ပေးပြီး ကင်းစောင့်ရတယ်။ တကယ် တိုက်ပွဲတွေ ဖြစ်လာရင် ရွာသား ကင်းစောင့်တဲ့ သူ အရင်သေမှာ။ ဘာသင်တန်းမှ လည်း မတက်ထားရဘူး။ သေနတ်တောင် ဘယ်လိုကိုင်ရမလဲတောင် မသိတာ။ ဒီတိုင်း ဆယ်ရက်ကင်းစောင့်ပြီး ပြန်ပေါ့။”ဟု စံကားဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် နေရပ်ပြန် စစ်ရှောင်များကို တခြားးအလုပ်ပေးမလုပ်ဘဲ ငါးဖမ်းခြင်း အလုပ်တစ်ခုသာ PNO က လုပ်ခိုင်းကြောင်းနှင့် သီးနှံစိုက်ပျိုးခြင်း ကုန်သွယ်ခြင်း လုပ်ငန်းများကို PNOက တင်းကြပ်စွာ တားမြစ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

ဆက်လက်ပြီဂ PNOမှ အင်းလေးဒေသဖြစ်သည့် လွယ်နွဲ့ကျေးရွာ၊ တောင်ပို့ကွဲ ကျေးရွာ၊ တောင်ပို့ကြီးကျေးရွာ၊ ရေပူကျေးရွာနှင့် ဘုရားတောင် ဒေသတို့တွင် တပ်စွဲထားပြီး ပြည်သူများကို ထမင်းထုတ်ပို့ ခိုင်းနေကြောင်းလည်း အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တချို့ရွာတွေကျတော့ PNO ရှိတဲ့တောထဲထိ ထမင်းထုတ်ပို့ရတယ်။ တချို့ရွာကျတော့ ရွာထဲပဲ ပို့ရတယ်။ ဘုန်းကြီးကျောင်းမှာ ထမင်းဝိုင်းချက်ပြီး ပို့ရတယ်။ ထမင်းထုတ်ပို့ရင် တောထဲတွေကို မိန်းကလေးတွေကိုတော့ မပို့ခိုင်းရဲဘူး။ သူတို့အတွက် မလုံခြုံလို့။” ဟု ၎င်းက ဆိုသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စ၍ ရေပူကျေးရွာ၊ တောင်ပို့ကွဲကျေးရွာ၊ တောင်ပို့ကြီး ကျေးရွာ၊ လွယ်နွဲ့ကျေးရွာ နှင့်ဘုရားတောင်ကျေးရွာ တွင် စစ်ကော်မရှင်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အင်းလေးဒေသ နန်းပန်မြို့ သို့ စစ်ရှောင်လာခဲ့ရပြီး ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်မှ၎င်းတို့ကျေးရွာသို့ ပြန်ခဲ့ရသည်။

“အိမ်ပြန်ရောက်တာ တစ်လကျော်ပဲ ရှိသေးတယ်။ အကုန်လုံး အစကနေ ပြန်စရတယ်။အိမ်မှာရှိသမျှဟာကလည်း အကုန်ခိုးခံရတယ်။ ရွာရောက်တော့ တခြားအလုပ်လည်း PNOက ပေးမလုပ်တော့ ရှိတာလေးနဲ့ စားပြီး နေနေရတယ်။ အိမ်တံခါးတွေပါ ဖြုတ်အခိုးခါရတော့ အိမ်အခွံပဲ ကျန်တာ။”ဟု နေရပ်ပြန် စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။

ယခုလက်ရှိ အင်းလေးတွင် ရေဘေး၊ ငလျင်ဘေးကြားမှ ဖောင်တော်ဦး ဘုရားပွဲကျင်းပနေပြီး ဘုရားကြွမည့် ဘုန်းကျောင်းမှ ကရင်နီစစ်ရှောင်များကိုလည်း တခြားနေရာသို့ ပြောင်းရွှေ့ခိုင်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် ည ၁၁ နာရီအချိန်တွင် ညောင်ရွှေမြို့နယ် မကျီးဆိပ်ကျေးရွာမှ အသက် (၄၂) အရွယ် ကိုအောင်မျိုးဝင်းသည် ပိန္နဲကုန်းကျေးရွာသို့ သွားရောက်စဉ် စစ်ကော်မရှင်လက်အောက်ခံ PNO တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံရပြီး မိသားစုဝင်များကို ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်လာရွေးခိုင်းရာ မိသားစုမှ သွားရောက်ခေါ်စဉ် ပြင်းထန်ဒဏ်ရာ ရရှိထားပြီး ဆေးရုံရောက်ချိန် သေဆုံးသွားခဲ့သည်။

ယခုလက်ရှိ အင်းလေးတွင် ငလျင်ဘေး၊ ရေဘေး နှင့် လေဘေးများ ဆက်တိုက်ကြုံတွေ့နေရပြီး ဒေသခံများ ပြန်လည်ထူထောင်ရန် ခက်ခဲသော အချိန်ကာလဖြစ်သည်။ထိုခက်ခဲသည့် ကြားမှ PNO/PNAပြည်သူ့စစ်က ငွေကောက်ယူခြင်း၊ စစ်သားစုဆောင်းခြင်းများ ပြုလုပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...