ဆီဆိုင်တွင် ဆိုင်ကယ်ခိုးသူများလာ၊ ဆေးရုံအဆောက်အအုံထဲ ဆိုင်ကယ်ထည့်ထားရ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် ခိုးဆိုးလုယက်သူ များပြားလာခြင်းကြောင့် ဆေးရုံလူနာလာရောက်စောင့်သူများသည် ဆိုင်ကယ်များကို အဆောက်အအုံထဲထားပြီး အိပ်နေရသည့်အဆင့်ရောက်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ပထမပတ်မှ စပြီး ဆီဆိုင်မြို့ ၊ဆီဆိုင်ဈေး ၊ ဆေးရုံ နှင့် ဈေးဆိုင်များတွင် ဆိုင်ကယ်ပျောက်ဆုံးမှု ပိုများပြားလာ၍ ဆေးရုံတွင်လည်း လုံခြုံရေးအစောင့်မရှိသောကြောင့် ဆိုင်ကယ်များကို လူနာကုတင်နားအထိ ထားကာ စောင့်အိပ်နေရကြောင်း ဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ခုက ခေတ်ကလည်း မကောင်းတော့ ခိုးဆိုးလုယက်တဲ့သူ များလာတာပေါ့။ ဆေးရုံမှာလည်း ဆိုင်ကယ် ခဏခဏပျောက်လို့ အခန်းထဲ ကုတင်ခြေရင်းမှာ ဆိုင်ကယ်ထားအိပ်ရတာ။ လူနာရော ဆိုင်ကယ်ရော ရောပြီးစောင့်ရတာပေါ့။ ဒီတစ်လအတွင်းမှာတင် ဆိုင်ကယ်ပျောက်တာ ကြားရတာ ၉ စီးကျော်ပြီထင်တယ်။”ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ဆီဆိုင်မြို့မ ဈေးထဲတွင်လည်း စက်တင်ဘာလ အတွင်း ဆိုင်ကယ် ၃စီးထက်မနည်း ပျောက်ဆုံးခဲ့ပြီး တခြားသော လမ်းဘေးဈေးဆိုင်များတွင် ဆိုင်ကယ်ရပ်ထားစဉ် ပျောက်ဆုံးသွားသည်မှာ ၄စီး ကျော်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ဆိုင်ကယ် ပျောက်ဆုံးမှုများ မကြာခဏဖြစ်လာသောကြောင့် ပြည်သူများကို လမ်းသွားလမ်းလာ တစ်ယောက်တည်း ဆိုင်ကယ် မစီးသင့်ကြောင်းနှင့် ဆိုင်ကယ်ကို မိမိမြင်နိုင်သည့် အနီးဆုံးနေရာတွင်သာ ထားကြရန် ၎င်းအမျိုးသမီးက ထပ်လောင်း ပြောသည်။

အလားတူ တောင်ကြီး အဝေးသင်တက္ကသိုလ်နားရှိ အရှေ့ဖက်လမ်းတွင် ယမန်နေ့ (စက်တင်ဘာလ ၂၁) ရက်နေ့ ညနေ ၄ နာရီခွဲတွင် တက္ကသိုလ်လာတက်သည့် ကျောင်းသားနှစ်ဦးဆီမှ ဖုန်းအလုခံရကြောင်း ဒေသခံများထံမှ သိရသည်။

“အဲတက္ကသိုလ်နားမှာ လုယက်တာတို့က မကြာခဏ ဖြစ်နေတယ်။ ဖုန်းအလုခံခဲ့ရတဲ့ လူငယ်တွေက ဒီနှစ်မှ အဝေးသင် လာတက်တဲ့ ကလေးတွေ လုတဲ့သူကလည်း သေချာစောင့်ကြည့်ပြီး လိုက်လုတာ။ လူငယ်နှစ်ယောက်က ဆိုင်ကယ်စီးရင်း ဖုန်းပြောနေတာကို နောက်ကနေ ဆိုင်ကယ် တစ်စီးက လိုက်လာပြီး လုပြီး ထွက်ပြေးသွားတာ။”ဟု တောင်ကြီး ဒေသခံ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် တောင်ကြီးတန်ဆောင်တိုင် ပွဲရက်နီးလာသည်နှင့် ခိုးဆိုးလုယက်မှုများလည်း မကြာခဏ ကြားသိလာရကြောင်းနှင့် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်တွင်လည်း ဆိုင်ကယ်ခိုးမည့်သူများ ပိုများလာနိုင်သောကြောင့် ဂရုစိုက်စေလိုကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၉)ရက်တွင်လည်း တောင်ကြီးမြို့ ကံကြီးဘက်တွင် ဆိုက်ကယ်စီးနေသည့် အမျိုးသမီးနှစ်ယောက်နောက်မှ အမျိုးသားနှစ်ဦး ထပ်ကြပ်မခွာ လိုက်နေပြီး လုယက်မှုများကြုံတွေ့ခဲ့ရကြောင်း သိရသည်။

တောင်ကြီးမြို့သည် စစ်တပ်အာဏာမသိမ်းခင်က လွတ်လပ်စွာ လှုပ်ရှားသွားလာလို့ ရသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံရေးအခြေနေ မတည်ငြိမ်မှုများကို အခွင့်ကောင်းယူ၍ ခိုးဆိုးလုယက်သူ များပြားလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

သိန္နီမြို့တွင် ဆိုင်ကယ်၊ မီးကြိုးခိုးသူနှင့် မူးယစ်ဆေးရောင်းဝယ်သူများကို လူထုရှေ့ ပြစ်ဒဏ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖမ်းဆီးရမိထားသည့် ရာဇဝတ်မှုကျူးလွန်သူ ၅ ဦးကို လူထုရှေ့တွင် လှည့်လည်လမ်းလျှောက်ခိုင်းကာ ပြသခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ၉ ရက် နံနက် ၈ နာရီဝန်းကျင်တွင် MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့၌ ခိုးမှုနှင့် မူးယစ်ဆေးရောင်းဝယ်မှု...