မိုင်းရယ် LGBT တစ်ဦး ဓားခုတ်ဒဏ်ရာဖြင့် အသတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့တွင် LGBT တစ်ဉီး ဓားခုတ်ဒဏ်ရာဖြင့် အသတ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မိုင်းရယ်မြို့ အမှတ် ၁ ရပ်ကွက်၌ နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် အောင်ခေး (ခေါ်) အေးတိုင်း သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့တွင် ဝမ်မော်ကျေးရွာဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့် ဟင်းသီး ဟင်းရွက်များ သွားရောက် ပို့ဆောင်စဉ် ဟိုနားလမ်းခွဲတွင် လုယက်ခံရကာ အသတ်ခံထားရကြောင်း ၎င်းနီးစပ်သူတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အောင်ခေး၏ ရုပ် အလောင်းကိုဩဂုတ်လ ၁၈ ရက်နေ့မှ တွေ့ရှိကြောင်း သိရသည်။

“သူပျောက်လို့ဆိုပြီး ရှာကြတာ။ ဟိုနားလမ်းခွဲနားက ကြံခင်းထဲမှာ အသတ်ခံထားရတာတွေ့တယ်။ ကျောမှာက ဓားခုတ်ခံထားရတာ၊ လက်မှာက တစ်ချက်၊ ခေါင်းမှာကော အခုတ်ခံထားရတာ။ သူ့မှာပါသွားတဲ့ ဆိုင်ကယ်ရော ဖုန်းရော ပိုက်ဆံရော မတွေ့တော့ဘူး။ သူ့ဟင်းသီး ဟင်းရွက်တွေလည်း ပေပွ ပြန့်ကြဲနေတာပဲ။”ဟု ဖြစ်စဉ် သိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

အောင်ခေးသည် အသက် ၂၀အရွယ်ရှိပြီး ဝမ်မော်ကျေးရွာမှ မိုင်းရယ်မြို့ သို့ ပြောင်းရွှေ့နေထိုင်သူဖြစ်ပြီး၊ ၎င်းမောင်းသွားသည့် ဆိုင်ကယ်၊ ဖုန်းနှင့် ငွေသားကျပ် (၃)သိန်း ပါသွားကြောင်း သိရသည်။

အောင်ခေး သတ်ခံရသည့် နေရာသည် ကြံခင်းအနီး တွင်ဖြစ်ပြီး ၎င်းကြံခင်းတွင် အညာဘက်မှ လာရောက်လုပ်ကိုင်သည့် မိသားစုနေထိုင်သည်။
ထိုအေးတိုင်း သတ်ခံရပြီးနောက်ပိုင်း ၎င်းမိသားစုကိုလည်း မတွေ့ရှိရတော့ပေ။

“အောင်ခေး အသတ်ခံထားရတဲ့ ကြံခင်းနားမှာ အညာကမိသားစု နေတဲ့ တဲလေးရှိတယ်။ အဲဒီမိသားစုက ကြံခင်းရဲ့ အလုပ်သမားတွေ။ မောင်းထုတ်တာလဲ မပြန်ဘူး။ အောင်ခေး အသတ်ခံရပြီး သူတို့လည်း မတွေ့တော့ဘူး။ သူ့သမီးလည်း ကျောင်းမတက်တာ နှစ်ရက်ရှိပြီ။ သူတို့နေတဲ့ တဲနားမှာ ဟင်းရွက်တွေ ပြန့်ကြဲနေတာ။ မြင်တဲ့သူတွေတော့ သူတို့မိသားစု ငါးယောက် ဆိုင်ကယ်တစ်စီးထဲ အတူစီးပြီး သွားတာ မြင်တယ်။” ဟု ဒေသခံအမျိုးသားတစ်ဉီး ကပြောသည်။

အဆိုပါ အသတ်ခံရသည့် ဖြစ်စဉ်ကို မိုင်းရယ် ရဲစခန်းသို့ သွားရောက်အကြောင်းကြားရာတွင် လူကြီးခရီးစဉ်ရှိသောကြောင့် နောက်နေ့မှ လာခဲ့ရန် ပြောသဖြင့် ဒေသခံများက SSPP ကိုသွားရောက်အကြောင်းကြားခဲ့ပြီး SSPP မှ ကူညီဆောင်ရွက်ပေးခဲ့သည်။

မိုင်းရယ်တွင် ခိုးဆိုးလုယက်မှုများ ပေါများလာပြီး ယခုကဲ့သို့ ဖြစ်စဉ်မျိုး မကြာခဏ ဖြစ်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် အချို့မြို့နယ် စက်သုံးဆီ စတင်ပြတ်လပ်

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရယ်မြို့နယ်တို့တွင် စက်သုံးဆီ စတင်ပြတ်လပ်လာပြီး အချို့ဆိုင်များအကန့်သတ်ဖြင့်ရောင်းကာ ဓာတ်ဆီတစ်လီတာလျှင် ၅၀၀၀ ကျပ် အထိရှိနေကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၄ ရက်) မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ် နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

0
မိုင်းရယ်မြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်ကော်မရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်ကျင်းပမည့် စစ်ကော်မရှင်ဦးဆောင်သော ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ်လည်း ပါဝင်သည်။ ယနေ့ (ဇန်နဝါရီလ ၉ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင်...

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...