ညီနောင်မဟာမိတ်ဆန့်ကျင်ကြောင်း စစ်ကော်မရှင်ဆန္ဒပြခိုင်းမှု တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေဟု RCSS ပြော

သျှမ်းပြည်တောင်ပိုင်း ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း RCSS/SSA ဘက်က ပြောဆိုလိုက်သည်။

ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းရှိ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တို့မှ ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများမှ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA နှင့် MNDAA တို့ကို ဆန့်ကျင်ကြောင်း မြို့ပေါ်တွင် စီတန်းလှည့်လည်ကာ ဆန္ဒပြခိုင်းခဲ့သည်။

ထိုသို့ စစ်ကော်မရှင်လက်အောက်ခံများက ဒေသခံများကို အတင်းအကြပ် ခေါ်ယူကာ ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် RCSS နှင့်လည်း သက်ဆိုင်မှု မရှိဘဲ သျှမ်းပြည်အတွင်း အတူနေ တိုင်းရင်းသားအချင်းချင်း အမြင်မှားအောင်၊ ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဟု ယူဆကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) အတွင်းရေးမှူး(၂)ဖြစ်သူ ဗိုလ်မှူးစိုင်းခမ်းစံက ပြောဆိုသည်။

“အဓိကတော့ သူတို့ဆန္ဒပြတာ သျှမ်းဝတ်စုံ ဝတ်ခိုင်းတယ်။ နောက် သျှမ်းအလံတွေ ထောင်ခိုင်းတယ်ဆိုတာ အဲ့ဒါပြောမယ်ဆိုရင် တိုင်းရင်းသားအချင်းချင်း အမြင်မှားအောင်၊ ပဋိပက္ခဖြစ်အောင် ဖန်တီးတယ်လို့ ကျနော်တို့ ယူဆတယ်လေ။ နောက်တစ်ခုက နိုင်ငံရေး အမြတ်ထုတ်တာပေါ့၊ ပြောမယ်ဆိုရင် ဒီတောင်ပိုင်းဒေသမှာ ဆန္ဒပြဖို့လည်း ဘာမှ မလိုဘူးလေ”ဟု RCSS ပြောရေးဆိုခွင့်လည်းဖြစ်သူ ဗိုလ်မှူးစိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်တောင်ပိုင်းရှိ စစ်ကော်မရှင် လက်အောက်ခံများက RCSS/SSA ထိန်းချုပ်လှုပ်ရှားနေသည့် မြို့နယ်များမှ ကျေးရွာဒေသခံများကို အစည်းအဝေးဟုဆိုကာ ဖိအားပေးခေါ်ယူခဲ့ပြီး မြို့ထဲရောက်မှ ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆိုင်းဘုတ်ဝေကာ ဆန္ဒပြခိုင်းခဲ့သည်ဟု ဆိုသည်။

ပုံစာ – မိုးနဲမြို့တွင် ညီနောင်မဟာမိတ်တပ်ဆန့်ကျင်ကြောင်း ဆန္ဒပြနေစဉ် (ဓာတ်ပုံ-ဒေသခံ)

အလားတူ မြို့ပေါ်ရှိ စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး USDP ပါတီဝင်များလည်း စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့ပြီး စစ်ကောင်စီလက်အောက် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးရယူပေးခဲ့ကြောင်း သိရသည်။

“RCSS နဲ့လည်း ဘာမှလည်း မပတ်သက်ဘူး။ အများအားဖြင့် တွေ့တဲ့ဆန္ဒပြတဲ့ လူတွေကျတော့လည်း သူတို့(စစ်ကော်မရှင်)ရဲ့ ဝန်ထမ်းတွေ၊ သူတို့ရဲ့ ပါတီဝင်တွေ အဲ့လိုလူတွေ သွားတာ။ တချို့တွေကလည်း ရွာကလူတွေ သွားပြီးတော့ ဘာမှမသိရဘူး၊ အစည်းအဝေး တက်မယ်ဆိုပြီးတော့ ရောက်တဲ့အချိန်ကျမှ သူတို့က ဆိုင်းဘုတ်ဝေပြီး စီတန်းလှည့်လည်ခိုင်းတာ အဲ့လိုမျိုးဖြစ်နေတာ”ဟု ဗိုလ်မှူးစိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းအခြေစိုက် TNLA နှင့် MNDAA တပ်ဖွဲ့များကို ၎င်းတို့လှုပ်ရှားခြင်း မရှိသည့် သျှမ်းပြည်တောင်ပိုင်းမှ မိုးနဲ၊ မိုင်းပန်နှင့် ကွန်ဟိန်းမြို့များ၌ ယနေ့နံနက်ပိုင်းက စစ်ကော်မရှင်လက်အောက်ခံများ ဦးဆောင်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် “ရှမ်းပြည်သူလူထု အေးချမ်းစွာ နေနိုင်ရေး TNLA ၊ MNDAA ရှမ်းဒေသမှ အမြန်ဆုံး ထွက်ခွာပေး”၊ “MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အကြမ်းဖက်မှု ချက်ချင်းရပ်”၊ “TNLA အကြမ်းဖက်သမားများ ထွက်ခွာပေး ပြည်သူလူထုငြိမ်းချမ်းရေး” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ခိုင်းကာ မြို့ပေါ်စီတန်းလှည့်လည်ခဲ့ခြင်းဖြစ်သည်။

ပုံစာ – မိုးနဲမြို့တွင် ညီနောင်မဟာမိတ်တပ်ဆန့်ကျင်ကြောင်း ဆန္ဒပြနေစဉ် (ဓာတ်ပုံ-ဒေသခံ)

“မနေ့က စစ်တပ်က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ပြောလာတာ အစည်းအဝေး ရှိလို့ လာကြဖို့ ပြောခိုင်းတာ။ ဒီနေ့မနက်သွားတော့ အဲ့ဆိုင်းဘုတ်တွေ ကိုင်ခိုင်းပြီး မြို့ပတ်ခိုင်းတာ။ မိုးနဲက အင်အား ၃၀၀ ကျော် ရှိမယ်၊ ဘေးရွာက လူတွေကော လာရတယ်။ မြို့ပေါ်ကလူတွေတော့ မပါဘူး”ဟု မိုးနဲဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မကြာသေးခင် နှစ်များအတွင်းက RCSS တပ်ဖွဲ့ကို မြောက်ပိုင်းမဟာမိတ်များဖြစ်သည့် SSPP တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့များ ပူးပေါင်းကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ချိန်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးကို ရှေ့ရှု၍ သျှမ်းပြည်တွင်း အတူနေတိုင်းရင်းသားများကို အမုန်းတရား သွေးထိုးလှုံ့ဆော်ခြင်း မပြုလုပ်ခဲ့ကြောင်း သျှမ်းဘာသာဖြင့် RCSS ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ထို့အပြင် သျှမ်းပြည်သူများအနေဖြင့် နိုင်ငံရေး အသိတရားရှိပြီး သတိထားရန်၊ အခိုင်းခံဘဝ မရောက်ရှိရန် နိုင်ငံရေးနိုးကြားဖို့လိုကြောင်း ဗိုလ်မှူးစိုင်းခမ်းစံက တိုက်တွန်းထားသည်။

ထို့အပြင် သြဂုတ် ၁၉ ရက်တွင်လည်း သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့၊ လဲချားမြို့နှင့် သြဂုတ်၂၀ ရက်တွင် သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့၊ နမ့်လန်မြို့တို့တွင် စစ်ကော်မရှင် လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဒေသခံများကို ဆန္ဒပြခိုင်းထားကြောင်း သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို ဆက်လက်ကိုင်စွဲထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ 7 EAO Alliance တွင် အဖွဲ့ခေါင်းဆောင်အဖြစ် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က တာဝန်ယူထားပြီး ဖေဖော်ဝါရီလအတွင်းက မိုင်းပန်မြို့နယ် နားဆာလေးကျေးရွာတွင် NCA အထိမ်းအမှတ် ငြိမ်းချမ်းရေးကျောက်တိုင်ကို ဖွင့်လှစ်ခဲ့သည်။

ပုံစာ – မိုးနဲမြို့တွင် ညီနောင်မဟာမိတ်တပ်ဆန့်ကျင်ကြောင်း ဆန္ဒပြနေစဉ် (ဓာတ်ပုံ-ဒေသခံ)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...