တောင်ကြီး ရထားသံလမ်းဘေးရှိ နေအိမ် ၁၀၀ နီးပါးကို စစ်ကောင်စီ ဖယ်ရှားခိုင်းနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရထားသံလမ်းဘေး အနီးဝန်းကျင်နေထိုင်သည့် နေအိမ် ၁၀၀ ကျော်ကို စစ်ကောင်စီမှ လာရောက် ဖယ်ရှားခိုင်းနေကြောင်း သတင်းရရှိသည်။

တောင်ကြီး-ဖာမွန်းကြားရှိ ရထားပိုင်နယ် နိမိတ်အတွင်းရှိ အဆောက်အဦးများ၊ ခြံမြေများကို ဇူလိုင်လ (၂)ရက်နေ့မှ စ၍ ဇူလိုင်လ (၁၅)ရက်အတွင်း ဖယ်ရှားပေးရန် စစ်တပ်လက်အောက်ခံ မြန်မာ့မီးရထား အင်ဂျင်နီယာမှူးက ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ ရထားသံလမ်းဘေး၌ မလွတ်သည့် နေအိမ်များမှာ အိမ်ခြေ ၁၀၀ နီးပါးရှိပြီး အချို့သော ဆိုင်ခန်းများ၊ နေအိမ်များကို ဘက်ဟိုး အသုံးပြုကာ ဖယ်ရှားနေရပြီဖြစ်ကြောင်း တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရထားလမ်းဘေးက အဆောက်အဉီးတွေ အကုန်ဖယ်ခိုင်းတာ စကိတ်ကွင်း ဘေးနား ရထားလမ်းရော ၊အိမ်တွေအကုန်ဖယ်ခိုင်းတာ၊ အခုဆိုင်တွေတောင် ဖြိုနေပြီ။ ကျနော်တို့တော့ ဖြိုပြီးပြီ ။ ဖယ်တော့ ဖယ်ပေးရမှာ။ အိမ်ခြေက ၁၀၀လောက်ရှိမယ်ထင်တယ်။ရထားလမ်းဘေးနဲ့ မလွတ်လို့ထင်တယ် ဖယ်ခိုင်းတာက။” ဟုအဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

ထို့အပြင် တောင်ကြီးတွင် နေအိမ်ဖယ်ရှားဖို့ ဖိအားမပေးသေးသော်လည်း ကလောမြို့ရှိ ရထားလမ်းဘေးနှင့် ပေ (၂၀)အကွာရှိ အဆောက်ဦးများကို ဘက်ဟိုးဖြင့် ကုတ်ကာ စစ်ကောင်စီကိုယ်တိုင် ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဆက်လက်ပြီး စစ်တပ်လက်အောက်ခံ များမှ ရထားလမ်းဘေး၌ရှိသည့် နေအိမ်များကို ပြဿနာရှာနေပြီး ဆန်းချိတ်အမိုးများကိုလည်း လိုက်လံဖြုတ်ခိုင်းနေကြောင်း အသက် ၂၅နှစ်ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“သူ့ဟာသူနေတဲ့ ဆန်းချိတ်အမိုးတွေကိုတောင် လိုက်ဖြုတ်ခိုင်းနေတာ။ အခုလည်း ရထားလမ်းဘေးတောင် ကပ်မနေတဲ့ အိမ်တွေကို ရွှေ့ခိုင်းနေတာ။ တစ်ခုမဟုတ် တစ်ခုနဲ့ ပြဿနာရှိတယ်။ရထားက ဘယ်ဆီမှန်းတောင် မသိဘူး ၊ အိမ်တွေတော့ ဖြိုနေရပီ” ဟု ဖြစ်ဉ် သိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

တောင်ကြီးမြို့ ရထားလမ်းစီမံကိန်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ပြီး ရွှေညောင်မှ အေးသာယာ၊ တောင်ကြီး အတက်လမ်း၊ ထီသိမ်မှ မြို့ကိုဖြတ်၍ တောင်ကြီး -ဟိုပုံးသွားလမ်းမှ တစ်ဆင့် မီးပုံးပျံကွင်း သွားလမ်းအတိုင်း ရထားလမ်းဖောက်လုပ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...