ချင်းမိုင်တွင် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး ကျင်းပနေ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး (RBC) ကျင်းပလျက်ရှိပြီး စစ်ကောင်စီကိုယ်စားလှယ်များ တက်ရောက်နေကြောင်း သတင်းသိရသည်။

ဇူလိုင်လ ၂ ရက်မှ ၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သုံးရက်တာ ကျင်းပပြုလုပ်နေသည့် (၃၇) ကြိမ်မြောက် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးသို့ ထိုင်းဘုရင့်တပ်မတော် အမှတ် (၃) စစ်ဒေသကိုယ်စားလှယ်များနှင့်အတူ စစ်ကောင်စီဘက်မှ အမှတ် (၄) အထူးစစ်ဆင်ရေး အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းရွှေ ဦးဆောင်တက်ရောက်နေသည်။

အဆိုပါ ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး (RBC) တွင် နယ်စပ်လုံခြုံရေး၊ အွန်လိုင်းကျားဖြန့် ပြဿနာနှင့် နမ့်ခုတ်မြစ်၊ မယ်ဆိုင်ချောင်းတို့တွင် အဆိပ်သင့် ဓာတုပစ္စည်းများ ပျော်ဝင်နေမှု ပြဿနာတို့ကို ပူးပေါင်းအဖြေရှာရေး ဆွေးနွေးနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ပုံစာ – ချင်းမိုင်မြို့တွင် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး ကျင်းပစဉ်

မြန်မာဘက်ခြမ်းရှိ မြေရှားသတ္တုနှင့် ရွှေတူးဖော်မှုများမှ ခဲနှင့် အာဆင်းနစ် ကဲ့သို့ ဓာတုပစ္စည်းများကို နမ့်ခုတ်မြစ်နှင့် မယ်ဆိုင်ချောင်းထဲသို့ စွန့်ထုတ်နေခြင်းကြောင့် ထိုင်းဘက်ခြမ်းရှိ ချင်းမိုင်၊ ချင်းရိုင်းခရိုင်တို့တွင် ဂေဟစနစ် ပျက်ယွင်းခြင်း၊ နှစ်နိုင်ငံစလုံးမှ ဒေသခံများ ကျန်းမာရေးစိုးရိမ်မှု အန္တရာယ် ရင်ဆိုင်နေရခြင်း၊ နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်ဂိုဏ်း ဖမ်းဆီးရေးတို့ကို ထိုင်းဘုရင့်တပ်မတော် အမှတ်(၃) စစ်တိုင်းမှူး Lt. Gen. Kittipong Chaesuwan မှ အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိ ကျင်းပနေသည့် ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးသည် လုံခြုံရေးနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးပါသည့် ယန္တရားတစ်ခုဖြစ်ပြီး ထိုင်းဘက်မှ အဆိုပြုတင်ပြချက်များကို ထည့်သွင်းစဉ်းစားပြီး အကောင်အထည် ဖော်နိုင်ရန် မြန်မာဘက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပြန်လည်တင်ပြမည်ဖြစ်ကြောင်း ဆိုသည်။

ပုံစာ – ချင်းမိုင်မြို့တွင် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး ကျင်းပစဉ်

ပြီးခဲ့သည့် ဇွန်လ (၅) ရက်တွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် နမ့်ခုတ်မြစ်အနီး ထိုင်းဒေသခံ ထောင်နှင့်ချီ စုစည်း၍ မြေရှားသတ္တုနှင့် ရွှေတူးဖော်မှုကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်သည့် ကိစ္စကို ထိုင်းအစိုးရမှ အမြန်ဆုံး ညှိနှိုင်းဖြေရှင်းပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို့အပြင် သျှမ်းပြည်အရှေ့ပိုင်းရှိ စစ်ကောင်စီနှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့ ပူးပေါင်းထိန်းချုပ် ဒေသတွင် မြေရှားသတ္တုနှင့် ရွှေတူးဖော်မှုများကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်သည့် ကိစ္စကို ဖြေရှင်းပေးရန် တောင်းဆိုချက်များကို ထိုင်းနိုင်ငံရှိ တရုတ်နှင့် မြန်မာသံရုံးများသို့ တင်ပြထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

နယ်စပ်ပဋိပက္ခနှင့် လက်နက်မှောင်ခိုမှု တိုက်ဖျက်ရေး ထိုင်း-မြန်မာ စစ်ဘက်ခေါင်းဆောင်များ ဆွေးနွေး

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် (၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (HLC) တွင် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လက်နက်ကိုင်ပဋိပက္ခများ လျှော့ချရေးနှင့် လက်နက်ခဲယမ်းမှောင်ခို ရောင်းဝယ်မှုများကို အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံစစ်ဘက်ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။ ယမန်နေ့ (ဩဂုတ်လ ၁၉ ရက်) တွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ပထမဆုံး...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...