မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ယနေ့ ဇူလိုင် ၃ ရက်တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) (ငြိမ်းချမ်းရေးကောင်စီ) ဒုတိယဥက္ကဋ္ဌ နော်ကပေါ်ထူးနှင့် ပညာရေးဝန်ကြီးဌာန ပါမောက္ခ/ ဌာနမှူး (ငြိမ်း) ဒေါက်တာဒေါ်ပိုတို့ကို စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဝဏ္ဏကျော်ထင်ဘွဲ့ရသူ သုံးဦးအပါအဝင် ပြည်သူ့စစ်ခေါ် ပျူစောထီး အမျိုးသမီးခေါင်းဆောင် ဒေါ်သီတာယုမွန်နှင့် အမျိုးသမီး ၁၅၀ ကျော်ကိုလည်း စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များ ချီးမြှင်ခဲ့ကြောင်း သိရသည်။
ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် (ALP) ပါတီသည် ငြိမ်းချမ်းရေးယူထားသော ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ တက်ရောက်ခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်း၌ ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် ငြိမ်းချမ်းရေးဖိုရမ်တွင်လည်း ဒေါ်စောမြရာဇလင်း တက်ရောက်ခဲ့သည်။












Leave a Comments