Wednesday, January 28, 2026

မန္တလေး ငလျင်ထပ်မံလှုပ်ခတ်

ယနေ့ ( ဇူလိုင်လ ၃ ရက် ) မနက် ၇ နာရီခွဲဝန်းကျင်တွင် မန္တလေးတိုင်း မြင်းခြံမြို့အနီး ဗဟိုပြု၍ အင်အားမဂ္ဂနီကျူ ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

အင်အားမဂ္ဂနီကျူ ၄,၉ ငလျင်လှုပ်ခတ်မှုကြောင့် မြင်းခြံမြို့အပြင် မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ ကျောက်ဆည် စသည့်မြို့များတွင် သိသိသာသာလှုပ်ခတ်ခဲ့ကြောင်း မန္တလေးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ (ဇူလိုင် ၃ ရက်) မနက် စောစောစီးစီး လှုပ်သွားတဲ့ဟာက ခါတိုင်းလှုပ်နေကျထက်ပြင်းတယ်။ ငလျင်လှုပ်တာလည်း အရင်ထပ်အချိန်ကြာတယ်။ မန္တလေးဘက်မှာ လှုပ်သွားတော့ ပြင်ဦးလွင်ဘက်ပါ လှုပ်တယ်။”ဟု မန္တလေးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့တွင် ထိခိုက်ပျက်စီးမှုများခဲ့ပြီး လက်ရှိ ၃လ ကြာသည်အထိ အပျက်အစီးများကို ရှင်းလင်း၍ မပြီးသေးကြောင်း သိရသည်။

ပြီးခဲ့တဲ့ ၃ လအတွင်း သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ မြို့တော်တော်များများတွင် နောက်ဆက်တွဲ အင်အားအတော်အသင့်ရှိငလျင်များ မကြာခဏလှုပ်ခတ်လေ့ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မန္တလေး-မိုးကုတ်လမ်းပိုင်းရှိ စစ်ကော်မရှင်ဂိတ်များတွင် စစ်ဆေးမှုတင်းကြပ်ပြီး ငွေညှစ်တောင်း

0
မန္တလေး-မိုးကုတ် လမ်းပိုင်းရှိ စစ်ကော်မရှင် စစ်ဆေးရေဂိတ်များတွင် စစ်ဆေးတင်းကြပ်ပြီး ခရီးသွားများထံ ငွေညှစ်တောင်းခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ပြီး မန္တလေး- မိုးကုတ် လမ်းပိုင်းရှိ ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီး စစ်ကော်မရှင် စစ်ဆေးရေးဂိတ်နှင့် မန္တလေးမြို့အဝင် (၁၆) မိုင်ဂိတ်တို့တွင် စစ်ဆေးမှုများ တင်းကြပ်နေကြောင်း မန္တလေး-မိုးကုတ်...

ကလောမြို့နယ်မှ မန္တလေးသို့ သယ်ဆောင်မည့် ကျပ်ငွေ ၄ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ သိမ်းဆည်းရမိ

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်မှ မန္တလေးမြို့သို့ သယ်ဆောင်သွားမည့် ကျပ်ငွေ ၄ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူကို ရမည်းသင်းမြို့နယ်တွင် သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ် ၇ ရက် နံနက် ၆နာရီတွင် ရမည်းသင်းမြို့နယ် အင်တိုင်းကျေးရွာအုပ်စု ကင်းကျေးရွာအနီးတွင် ဘိန်းဖြူ ၄ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၇၁...

မန္တလေး၊ အင်းလေး ငလျင်ထပ်မံလှုပ်

0
ယနေ့ (ဇူလိုင်လ ၈ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်မြောင်းအနီးတွင် ဗဟိုပြု၍ မဂ္ဂနီကျု ၅.၄ အဆင့်အားပြင်းသည့် ငလျင်ထပ်မံလှုပ်ခတ်ခဲ့ကြောင်းသိရသည်။ ထိုမြေငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသ မိုးကုတ်မြို့နယ် သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသ၊ တောင်ကြီးမြို့နယ် နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မြို့နယ် ထိသိသိသာသာ ငလျင်လှုပ်ခတ်ခဲ့ကြောင်း...

မန္တလေး၊ စစ်ကိုင်းမြို့သို့ သွားရောက်ကူညီတဲ့ သျှမ်းမြောက်က ပရဟိတ ဘာတွေကြုံတွေ့နေရလဲ

0
မတ်လ (၂၈) ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်သွားခဲ့သည့် ၇ ဒဿမ ၇ ရစ်ချ်တာစကေး အဆင့်ရှိ အင်အားပြင်း ငလျင်ကြောင့် မန္တလေး၊ တံတားဦးနှင့် စစ်ကိုင်းမြို့တို့တွင် အိုးအိမ်တိုက်တာများ အကြီးအကျယ် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး သေဆုံးသူ (၄၃၀၀) ကျော်အထိ ရှိလာကြောင်း DVB မှ...

မန္တလေးနှင့် အမရပူရ ငလျင်ဘေးသင့်ပြည်သူများ အမိုးအကာနှင့်ဆေးဝါး အရေးပေါ်လိုအပ်

0
ငလျင်ဒဏ် ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ရသည့် မန္တလေးမြို့နှင့် အမရပူရမြို့အတွင်း ယခုရက်ပိုင်း မိုးရွာသွန်းမှုကြောင့် ငလျင်ဘေးသင့် ပြည်သူများအတွက် အမိုးအကာနှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် မန္တလေးမြို့နှင့် အမရပူမြို့အတွင်း ငလျင်ဘေးသင့် ပြည်သူများသည် ယာယီတဲများ ထိုး၍ နေထိုင်နေရကြောင်း၊ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှု လေပြင်းတိုက်ခိုက်မှုကြောင့်...