သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်မှ မန္တလေးမြို့သို့ သယ်ဆောင်သွားမည့် ကျပ်ငွေ ၄ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူကို ရမည်းသင်းမြို့နယ်တွင် သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် သြဂုတ် ၇ ရက် နံနက် ၆နာရီတွင် ရမည်းသင်းမြို့နယ် အင်တိုင်းကျေးရွာအုပ်စု ကင်းကျေးရွာအနီးတွင် ဘိန်းဖြူ ၄ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၇၁ ကီလိုကျော်ကို သယ်လာသည့် ကားနှစ်စီးကို တားမြစ်ပြီး စစ်ဆေးရာ ဖမ်းဆီးရမိကြောင်း CCDAC ကထုတ်ပြန်ထားသည်။
အဆိုပါ မူးယစ်ဆေးသယ်ဆောင်လာသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အပြင် နောက်ကွယ်တွင် ကြိုကိုင်သူများအပါ စုစုပေါင်း ၂၂ ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ထိုသူများကို အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR တွင် ဖော်ပြထားသည်။












Leave a Comments