ဆီဆိုင်မြို့နယ် PNO ပြောင်းရွှေ့ခိုင်းထားသည့် ဒေသခံ ၆ထောင်ကျော် စိုက်ပျိုးရေးအခက်ကြုံ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စုနှစ်ခုကို PNO ပြည်သူ့စစ်မှ ပြောင်းရွှေ့ခိုင်းထားသည့် ဒေသခံ ၆ထောင်ကျော် စိုက်ပျိုးရေး အခက်ကြုံနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ (၆)ရက်နေ့မှ စ၍ ဇွန်လ (၁၅)ရက်အတွင်း ဆီဆိုင်မြို့နယ် ကျေးရွာအုပ်စု ၂စုမှ ဒေသခံ ၆ထောင်ကျော်ကို PNO ပြည်သူ့စစ်မှ ပြောင်းရွှေ့ရန် စာ ထုတ်ပြန်ခဲ့သည်။

လက်ရှိ အချိန်သည် စိုက်ပျိုးရေးအချိန်ဖြစ်သဖြင့် အချို့ဒေသခံများသည် ပြောင်းခင်းများ ပေါင်းရှင်းရန် ပြုလုပ်ရမည်ဖြစ်သောကြောင့် PNO ကိုတောင်းပန်ပြီး နေထိုင်နေရကြောင်း ဒေသခံများက ပြောသည်။

“စစ်တပ်နဲ့ PNOက ထိုးစစ်ဆင်မယ်ဆိုပြီး ဖယ်ခိုင်းထားတာ၊ တချို့ရွာတွေကျတော့ ပြောင်းခင်းတို့ ပေါင်းရှင်းဖို့လိုတော့ သူတို့ကို တောင်းပန်ပြီး နေကြရတယ်။ တချို့ကျတော့လည်း ဘုရားဖြူရွာက ဓမ္မာရုံကြီးနားကို ပြောင်းပြီး လာနေကြပြီ။ စိုက်ပျိုးရာသီမှာ ရွာခံတွေကို ဖယ်ခိုင်းတာ တော်တော်အဆင်မပြေဘူး။ ဒီသီးနှံတွေကို အားပြုပြီး လုပ်စားနေကြတာ” ဟု ဆီဆိုင်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြောင်းရွှေ့ခိုင်းသည့် ကျေးရွာများမှာ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာနှင့် တောင်ရှေ့ ကျေးရွာ အုပ်စုတွင် နောင်ထောဝ်ရွာ၊ ကလားလမ်ရွာတို့ ဖြစ်ပြီး ဒေသခံ (၄၀၀၀)ကျော်ရှိကြောင်း သိရသည်။

ထို့အပြင် PNO ပြောင်းရွှေ့ခိုင်းသည့် ကျေးရွာများကို ဘုရားဖြူကျေးရွာ ဓမ္မာရုံသို့ ပြောင်းရွှေ့ခိုင်းထားပြီး ဒေသခံ အနည်းငယ်သာ ဓမ္မာရုံတွင် ရှိကာ အချို့သော ဒေသခံများမှာ နီးစပ်ရာ ဆွေမျိုးများ အိမ်သို့ သွားရောက် နေထိုင်ကြသည်ဟု ဒေသခံ များက ပြောသည်။

“ဟိုတစ်နေ့က ဓမ္မာရုံဘက်ကို သွားကြည့်တာ လူနည်းနည်းပဲ တွေ့ခဲ့တယ်။ တချို့က ရွာကနေ မဖယ်ရသေးတာရှိတယ်၊ တချို့က အသိအိမ်တွေမှာ နေတာထင်တယ်။ သတ်မှတ်ရက်ပြည့်တော့ လေယာဉ်သံ ကြားနေရတယ်။ အသံတော့ကြားတယ် လေယာဉ်မမြင်ရဘူး၊ ကင်းထောက်လေယာဉ်လား မသိဘူး” ဟု ဆီဆိုင်မြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ ပြောင်းရွှေ့ခိုင်းထားသော ကျေးရွာမှ ကလေးအများစုနှင့် သက်ကြီးရွယ်အိုများသည် ငှက်ဖျားရောဂါ၊ အူရောင်ငန်းဖျားရောဂါနှင့် ဝမ်းပျက်ဝမ်းလျောရောဂါများ ခံစားနေရပြီး ဆေးရုံများတွင် ဆေးကုသမှု ခံယူနေကြကြောင်း စစ်ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခု အဲ့ရွာဘက်က ကလေးတွေ အများစုက ဆေးရုံမှာ ဆေးကုသနေကြရတယ်။ ပိုက်ဆံတတ်နိုင်တဲ့သူက ဆေးရုံတက်တာပေါ့၊ မရှိတဲ့ သူက ဒီတိုင်း ဆေးမြီးတိုနဲ့ ကုရတာပေါ့။ ရာသီအကူးအပြောင်းမို့လား မသိဘူး၊ ငှက်ဖျားတို့ ဝမ်းပျက်ဝမ်းလျော ရောဂါတို့ အူရောင်ငန်းဖျား တို့ ဖြစ်နေကြတယ်” ဟု အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၁၂)ရက်နှင့် (၁၃)ရက် ညနေအချိန်တွင် PNO ပြည်သူ့စစ်မှ တပူးထိုကျေးရွာကို မီးရှို့ခဲ့သောကြောင့် ဒေသခံနေအိမ် (၆)လုံး မီးလောင်သွားခဲ့ကြောင်း၊ PNO ပြည်သူ့စစ်သည် တပူးထိုကျေးရွာတွင် တပ်စွဲနေထိုင်နေသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...