တောင်ကြီးတွင် အင်္ဂလိပ်စာဖြင့် ရေးထားသည့် ဆိုင်းဘုတ်များကို မြန်မာစာဖြင့်ပြောင်းခိုင်း

သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့တွင် အင်္ဂလိပ်စာဖြင့် ရေးထားသည့် ဆိုင်းဘုတ်များကို မြန်မာစာဖြင့် ပြောင်းလဲ ရေးသားတပ်ဆင်ရန် စည်ပင်မှ ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

ဈေးဆိုင်များ ကုန်တိုက်များနှင့် လုပ်ငန်းဆိုင်းဘုတ်များကို မြန်မာဘာသာဖြင့် ပြောင်းလဲ ရေးသား တပ်ဆင်ခိုင်းသဖြင့် လက်ရှိတွင် ဈေးဆိုင်များမှ ဆိုင်းဘုတ်များကို အသစ်ပြန်လည် ပြုလုပ်နေရကြောင်း ဒေသခံများကပြောသည်။

“စည်ပင်ရော ရပ်ကွက်လူကြီးတွေ ရောက မြန်မာဘာသာနဲ့ ဆိုင်းဘုတ်လုပ်ဖို့ လိုက်ပြောတာ။ ဘာလို့ ပြောင်းခိုင်းလဲတော့ မသိဘူး။ ခုဆို တော်တော်များများ ပြောင်းကုန်ပြီ။တချို့ဆိုင်ဆိုရင် မြန်မာလိုပြောင်းရင် ရယ်ချင်စရာကြီးလေ။ ပြောင်းခိုင်းတဲ့ သူက အင်္ဂလိပ်စာ မဖတ်တတ်လိုနေမယ်။” ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့ ပြောင်းလဲ တပ်ဆင်ခိုင်းသည်မှာ အဆင်မပြေကြောင်းနှင့် ဆိုင်းဘုတ်အားလုံးကို မြန်မာဘာသာဖြင့် အဓိပ္ပာယ် ဖော်ဆောင်ရာတွင် လွှဲမှားနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

တောင်ကြီး တစ်မြို့လုံးရှိ ဈေးဆိုင်၊ ဆိုင်ခန်းများ ကုန်တိုက်များကို အချိန် (၁၅)ရက်ပေးထားကြောင်း နှင့် ပြောင်းလဲ တပ်ဆင်ခြင်းမရှိသည့် ဆိုင်များကို အထက်လူကြီးများမှ အရေးယူ
ဆောင်ရွယ်နိုင်ဖွယ် ရှိသည်ဟု တောင်ကြီး တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“အချိန် (၁၅)ရက်အတွင်း ပြောင်းရမယ်တဲ့။ အိုးရှင်းဆိုရင် သမုဒ္ဒရာ လို့ပြောင်းရမှာလားမသိဘူး။ ကြောင်တောင်တောင် နိုင်တာပဲ။ တစ်ချို့ ဆိုင်းဘုတ်တွေဆို ရှိသေးတယ် မြန်မာလို ပြန်ရင် အဓိပ္ပါယ်က တစ်မျိုးနဲ့ ။ မြန်မာဘာသာနဲ့ မတပ်ဆင်ဘူးဆိုရင် အထက်က အရေးယူမယ်လို့တော့ ကြားတယ်။ ဘာတွေ ပြောင်းလဲ အုံးမလဲ မသိဘူး။တောင်ကြီးက ကြာလေ စိတ်ပျက်စရာလေ ဖြစ်လာပြီ။” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ယခုလက်ရှိတောင်ကြီးမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းနေပြီး အချို့သော ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...