ထိုင်းနိုင်ငံအတွင်း ခိုးသွင်းခဲ့သည့် စိတ်ကြွဆေးပြားအများအပြား ချင်းတောင်း၌ ဖမ်းမိ

ထိုင်းနိုင်ငံ ချင်းတောင်း (Chiang Dao) ခရိုင် Ban Mae Cha Nuea ရှိ တောလမ်းတွင် ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ အမှတ် ၃၃၅ မှ စိတ်ကြွဆေးပြား ၂,၃၀၀,၀၀၀ ပြားကို သိမ်းဆည်းရမိကြောင်း မယ်ဆိုင်သတင်းက ဖော်ပြသည်။

ယမန်နေ့ မေလ ၂၇ ရက် ညနေ့ပိုင်းတွင် Ban Mae Cha Nuea ရှိ တောင်ကုန်းတစ်ခုပေါ်တွင် လူတစ်စု၏ ခြေရာများကို တွေ့ရှိသဖြင့် အနီးပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် တပ်ဖွဲ့ဝင်များ ဖွဲ့စည်းခဲ့ပြီး စောင့်ဖမ်းရာမှ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိကြောင်း သိရသည်။

ယမန်နေ့ ည ၉ နာရီခန့်တွင် လူ ၁၀ ဦးခန့် တောင်ကုန်းအမြင့်တစ်နေရာမှ ဆင်းလာကာ လှုပ်ရှားသွားလာနေသည်ကို တွေ့ရှိရသဖြင့် ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရန်ကြိုးစားနေချိန်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး စိတ်ကြွဆေးပြားများအား သိမ်းဆည်းရမိကြောင်း မယ်ဆိုင်သတင်း၌ ဖော်ပြသည်။

သိမ်းဆည်းရမိသည့် စိတ်ကြွဆေးပြားသည် စာလာအိတ် ၁၅ အိတ်ရှိပြီး စိတ်ကြွဆေးပြား စုစုပေါင်း ၂,၃၀၀,၀၀၀ ပြားရှိကြောင်း သိရသည်။

ယမန်နေ့ မေလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ချုပ် (ONCB) တွင် ပြုလုပ်သည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အစီအမံများနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်မှ လက်ရှိ မူးယစ်ဆေးဝါး ထုတ်လုပ်သူ အများစုသည် ‘ဝ’တပ်ဖွဲ့ UWSA လက်အောက်တွင် လုပ်ငန်းလည်ပတ်နေကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေသည့် ‘ဝ’တပ်ဖွဲ့ UWSA နှင့် ဆက်နွှယ်နေသော မူးယစ်ဂိုဏ်းများကို နှိမ်နှင်းရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်မှ တိုက်တွန်းတောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နယ်စပ်ပဋိပက္ခနှင့် လက်နက်မှောင်ခိုမှု တိုက်ဖျက်ရေး ထိုင်း-မြန်မာ စစ်ဘက်ခေါင်းဆောင်များ ဆွေးနွေး

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် (၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (HLC) တွင် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လက်နက်ကိုင်ပဋိပက္ခများ လျှော့ချရေးနှင့် လက်နက်ခဲယမ်းမှောင်ခို ရောင်းဝယ်မှုများကို အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံစစ်ဘက်ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။ ယမန်နေ့ (ဩဂုတ်လ ၁၉ ရက်) တွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ပထမဆုံး...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...