ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ နှစ် (၈၀) ပြည့် ရင်ပြင်နီချီတက်ပွဲ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရပ်ဘက်ကောင်စီအဖွဲ့ဝင် ၃ ဦးနှင့် ဗိုလ်ချုပ်ကြီး ၃ ဦးကိုပါ ခေါ်သွားခဲ့ကြောင်း သိရသည်။
ရုရှားစံတော်ချိန် မေလ ၇ ရက်နေ့ ညနေ ၄ နာရီတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အဖွဲ့များသည် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိခဲ့သည်။
ရုရှာခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဖြစ်သူ ဒေါ်ကြူကြူလှတို့နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်းကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့် ခွန်စံလွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး စသည့်ဖြင့် တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း သိရသည်။
အဆိုပါ နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားသို့ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဘရာဇီးလ်၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ လာအို၊ ဆာဘီးယား၊ ကျူးဘား၊ အီဂျစ်၊ အီသီယိုပီးယား၊ ကွန်ဂိုစသည့် နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် စစ်ခေါင်းဆောင်က သီးခြားတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု စစ်ကောင်စီထုတ် သတင်းစာ၌ ဖော်ပြထားသ












Leave a Comments