Wednesday, January 28, 2026

ဆီဆိုင်မြို့မဈေး ပြန်ဖွင့်သော်လည်း စည်ပင်နှင့်အဆင်ပြေသည့် ဈေးသည်များသာ ဆိုင်ခန်းကျယ်ရရှိ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကောင်စီ ပြန်တည်ဆောက်ထားသည့် မြို့မဈေး ပြန်ဖွင့်နေသော်လည်း စည်ပင်နှင့် အဆင်ပြေသည့် ဈေးသည်များသာလျှင် ဆိုင်ခန်းကျယ် ရရှိကြသည်ဟု စုံစမ်းသိရှိရသည်။

ဆီဆိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနမှ မြို့မဈေးရှိ တိုက်ပွဲအတွင်း မီးလောင်ပျက်စီးသွားသော ဈေးဆိုင်ခန်းများကို ပြန်လည်တည်ဆောက် နေရာချထားခဲ့ပြီး ပြီးခဲ့သည့် မတ်လ (၃၀)ရက်နေ့မှစ၍ ဆီဆိုင်မြို့မဈေးကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ဈေးဆိုင်ခန်းများကို စည်ပင်မှ နေရာချထားပေးသော်လည်း ၎င်းတို့နှင့် အဆင်ပြေ၊ ပိုက်ဆံပေးနိုင်သည့် ဈေးဆိုင်ပိုင်ရှင်များသာလျှင် အခန်းကောင်း ရရှိပြီး ပျံကျဈေးရောင်းသည့် ဈေးသည်များကို စည်ပင်မှ ဆူပူကြိမ်းမောင်းမှုများ လုပ်နေသည်ဟု ဒေသခံဈေးသည်များထံမှ သိရသည်။

“ဈေးကတော့ စည်တယ်၊ အရင်မီးလောင်ပြီး မပျက်ခင်ကတည်းက ရှိနေတဲ့ ဈေးဆိုင်ခန်း ပိုင်ရှင်တွေက သူတို့နေရာကို သူတို့ပြန်မရဘူး။ စည်ပင်က စီစဉ်ပေးတဲ့ နေရာပဲ ရတော့တာ။ တစ်ချို့က စည်ပင်ကို ပိုက်ဆံတွေနဲ့ မျက်နှာယူထားတော့ အခန်းနှစ်ခန်းတွေ ရတယ်၊ နေရာကောင်းလည်း ရတယ်။ ပျံကျဈေးသည်တွေကိုဆို စည်ပင်က လိုက်ပြီးဆူတာ၊ ဈေးရောင်းလာတဲ့ အဖွားဆို ငိုပါငိုသွားတယ်” ဟု ဈေးရောင်းနေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ဈေးသည်တစ်ဦးလျှင် တစ်နေ့ကို ငွေကျပ်(၁၀၀၀)မှ ကျပ်(၁၅၀၀)အထိ နေ့စဉ် ဈေးကောက်အခွန် ပေးဆောင်နေရကြောင်း ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

စစ်ကောင်စီတပ်သားများသည် အဆိုပါ ဆီဆိုင်မြို့မဈေးအတွင်း အဓိက ဈေးဝယ်ယူနေကြပြီး ဆီဆိုင်အနီးအနား ကျေးရွာများလည်း အဆိုပါဈေးကို အားထားအသုံးပြုနေကြရသည်ဟု ဈေးသည် အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“ဈေးက တစ်နေ့ကုန် ဖွင့်ရတာ၊ ဈေးမှာတော့ စစ်သားတွေ ဈေးလာသုံးတယ်။ အနီးနားက ရွာတွေကလည်း ဒီဈေးပဲ လာသုံးကြတာ။ ဈေးရောင်းလို့က အရင်လို မကောင်းဘူး၊ အမြတ်က နည်းတယ်။ ဈေးဆိုင်စောစောလည်း မပိတ်ရဲဘူး၊ သူခိုးတွေကို ကြောက်လို့။ သူခိုးတွေကလည်း တန်ဖိုးနည်းတာဆို မခိုးဘူး။ စားလို့ရတာတွေတော့ အကုန်ခိုးတာ” ဟု အဆိုပါ အသက်(၃၀)ဝန်းကျင် ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက် နေ့မှစပြီး ဆီဆိုင်မြို့တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဆီဆိုင်မြို့မ ဈေးအပါအဝင် ဌာနဆိုင်ရာ ရုံးများ မီးလောင်ပျက်စီးသွားခဲ့သည်။

ယခုအချိန်တွင် စစ်ကောင်စီသည် ပအိုဝ်းပြည်သူ့စစ်(PNO)နှင့်အတူ ဆီဆိုင်မြို့ကို ထိန်းချုပ်ထားပြီး ဒေသတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ကာ ထွေအုပ်ရုံးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ စီးပွားရေးဘဏ်ဝန်ထမ်း၊ သစ်တောဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း အစရှိသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပြီးခဲ့သည့် မတ်လကုန်မှ စ၍ ပြန်လည်တာဝန် ထမ်းဆောင်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ဆင်ဖြူနယ်စပ်ဂိတ်တွင် ကုန်ကားဝင်ထွက်ခွင့်ရရန် စည်ပင်နှင့် ကညနထံ တုံကင်ဝယ်ရ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ဆင်ဖြူနယ်စပ်ဂိတ်တွင် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်တင် ကုန်ကားများ ဝင်ထွက်ခွင့်ရရန် စစ်ကောင်စီလက်အောက်ခံ စည်ပင်နှင့် ကညန ထံသို့ တုံကင်ဝယ်ယူနေရကြောင်း စုံစမ်းသိရသည်။ မေလ ပထမပတ်အတွင်း မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူနယ်စပ်ဂိတ်တွင် စစ်ကောင်စီလက်အောက်ခံ အကောက်ခွန်ဝန်ထမ်းများ အပြောင်းအလဲ ပြုလုပ်ခြင်းကြောင့် မေလ ၁...

တောင်ကြီးစည်ပင်မှ ခေါင်းစဉ်အမျိုးမျိုးဖြင့် ဈေးသည်များထံအခွန်ကောက်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ မြို့မဈေးရှိ ညဈေးမှ ဈေးသည်များထံ ခေါင်းစဉ်အမျိုးမျိုးတပ်ကာ အခွန်ကောက်ခံမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။ ၂၀၂၃ ခုနှစ် မေလမှစတင်၍ အသစ်ပြောင်းရွှေ့လာသော စည်ပင်လူကြီးရောက်ရှိပြီးနောက်ပိုင်း တောင်ကြီးမြို့ မြို့မဈေးဘေးမှ ညဈေးရောင်းသည့် ဈေးသည်များအား ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ငွေကောက်ခံမှုများ ရှိလာကြောင်း မြို့ခံများထံမှသိရသည်။ “ဈေးမထွက်တဲ့နေ့တောင် တနေ့ ကျပ် ၁၅၀၀ ပေးရတယ်၊...

တောင်ကြီး ဘုရားဖြူကန်ဘောင်ဘေးရှိ ဈေးသည်များကို စည်ပင်မှ ဖျက်သိမ်းခိုင်းနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ရေကန်ဟောင်းနားတစ်ဝိုက် ဈေးသည်များကို စည်ပင်မှ တဲဆောက်လုပ်ပြီး ရောင်းချခွင့်မပြုတော့ဘဲ ဖျက်သိမ်းခိုင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်များတွင်လည်း တောင်ကြီးမြို့ ဘုရားဖြူ ကန်ဘောင်ဈေးကို လမ်းပိတ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဖျက်သိမ်းရန် အသိပေးခဲ့ပြီး ယခု ဩဂုတ်လ ၂၈ ရက်တွင်လည်း မြို့နယ်စည်ပင်ရုံးမှ ဘုရားဖြူကန်ဘောင်နံဘေးတွင်...

ဆီဆိုင်မြို့မဈေးထဲရှိ ပစ္စည်းများကို စစ်ကောင်စီက လေလံတင်ရောင်းချ၊ ၎င်းအုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ရန် ကြိုးပမ်းနေ

0
စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် မီးလောင်ပြာကျသွားသည့် ဆီဆိုင်မြို့ဈေးထဲရှိ ပစ္စည်းများကို စစ်ကောင်စီက ကျပ်သိန်း (၇၀) ဖြင့်လေလံတင်ရောင်းချခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လက်နက်ကြီးများကြောင့် မီးလောင်ပျက်စီးသွားသည့် ဆီဆိုင်မြို့မဈေးကို အသစ်ပြန်လည် တည်ဆောက်ရန်အတွက် လက်ကျန်သံတိုသံစများ၊ သွပ်များကို ကျပ်သိန်း ၇၀ ဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီက...

ကျောက်မဲ ရပ်ကွက်အုပ်ချုပ်ရေးရုံး ဗုံးပေါက်ကွဲမှုဖြစ် စည်ပင်အရာရှိ အပါအဝင် (၂) ဦး သေဆုံး

0
သျှမ်းပြည် ကျောက်မဲမြို့ရှိ မြို့တော်ခန်းမ အနီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး စည်ပင်အရာရှိအပါအဝင် သေဆုံးသူ (၂) ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရှိရသည်။ . ယနေ့ (သြဂုတ် ၆) ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ ရပ်ကွက် (၁)...