Tuesday, January 27, 2026

လေပြင်းတိုက်ခတ်မှုကြောင့် သျှမ်းပြည်အတွင်း ပြည်သူနေအိမ်နှင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီး

သျှမ်းပြည်တဝှမ်း လေပြင်းတိုက်ခတ်မှုကြောင့် ပြည်သူနေအိမ်နှင့် ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၂၇ ရက်) ည ၇ နာရီခန့်တွင် တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲရှိ မိုင်းလင်းကျေးရွာအုပ်စု၌ လေပြင်းတိုက်ခတ်ခဲ့ရာ ဝမ်ဟကျေးရွာ ဘုန်းကြီးကျောင်း၏ ခေါင်မိုးများ ထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“မိုင်းလင်းဘက် ဝမ်ဟ ဘုန်းကြီးကျောင်းမှာ ဖြစ်သွားတာ၊ လေဆင်နှာမောင်းလို့ ပြောရမလား။ ကျောင်းပေါ်က ထီးတော်ကနေစပြီး သွပ်မိုးတွေ လန်သွားပြီး ပြုတ်ကျလာတယ်။ လေတိုက်တာ ပြင်းတော့ ပြတင်းတံခါးလည်း မှန်တွေ ကွဲကုန်တယ်။ အကုန်လုံး အသစ်ပြန်ပြင်ရမယ်၊ လက်သမားတွေ လာတွက်ပေးတာ ဘတ် (၆) သိန်းလောက် ကုန်မယ်ပြောတယ်”ဟု ဝမ်ဟ ဘုန်းကြီးကျောင်းမှ ခူးဝါးနွဲ့ ဆရာတော်က သျှမ်းသံတော်ဆင့်ကို မိန့်ကြားသည်။

အလားတူ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် ပြည်သူနေအိမ် (၁၀) လုံးကျော် ထိခိုက်ပျက်စီးပြီး လူထိခိုက်မှု မရှိသော်လည်း နေအိမ်ပြိုကျမှုကြောင့် ကျွဲနွားများ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ကလောမြို့နယ် အောင်ပန်းမြို့အနီးတွင်လည်း မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် နေအိမ်ခေါင်မိုးလန်ကာ ခရမ်းချဉ်နှင့် မုန်လာစိုက်ခင်းများလည်း ဧကများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက လူမှုကွန်ယက်တွင် မျှဝေထားသည်။

ဧပြီလ ၂၈ ရက်မှ မေလ ၃ ရက်နေ့အတွင်း အချိန်အခါမဟုတ်ဘဲ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့ (ဧပြီလ ၂၇ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။

သျှမ်းပြည်တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရပြီး အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းများ ဖြစ်နိုင်ကြောင်း ကြိုတင်သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

အင်းလေးတွင် လေပြင်းတိုက်ခတ် နေအိမ်များ ခေါင်မိုးလန် ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လေပြင်းတိုက်ခတ်သဖြင့် နေအိမ် ခေါင်မိုးများလန်ပြီး ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ယနေ့ (သြဂုတ် ၂၆)ရက် မွန်းလွဲပိုင်းတွင် အင်းလေးဒေသ ကန်ခေါင်းကျေးရွာနှင့် စန်ခမ့်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ခေါင်မိုးလန်ကာ ပျက်စီးမှုရှိကြောင်း ဒေသခံများထံသိရသည်။ “ဒီညနေကမှ ဖြစ်တာ အိမ်တွေက ဘယ်နလုံးလဲ သေချာမသိရသေးဘူး၊ ၂၀...